Oakkar7's Blog

May 1, 2010

ဆယ်လူလာ ဆက်သွယ်ရေး (Cellular Concept)

GSM, CDMA စတဲ့နည်းပညာတွေဟာ့ ဆယ်လူလာ ဆက်သွယ်ရေး နည်းပညာကို အခြေခံကြပါတယ်၊ မြန်မာပြည်မှာ ဆယ်လူလာလို့ အလွယ်ခေါ်နေကြတဲ့ ဖုံးတွေဟာ တကယ်တော့ D-AMPS ဖုံးတွေပါ၊ ဆယ်လူလာဆိုတာ အဓိကကတော့ တနေရာနဲ့တနေရာ သွားလေရာ ယူဆောင်သွားပြီး ဆက်သွယ်နိုင်တဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်ကို ခြုံငုံပြီးခေါ်တဲ့ Technology term ပါ၊ ခေတ်ဦးက မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေမှာ လက်ကိုင်ဖုံးကနေ Base station ကို ချိတ်ဆက်ပြီး ဆက်သွယ်နိုင်တာခြင်းတော့ တူကြပါတယ်၊ အဓိကအခက်အခဲက Base Station ရဲ့ ဆက်သွယ်မှုဧရိယာ (Coverage Area) အပြင်ကိုရောက်သွားရင်ပဲဖြစ်ဖြစ် အခြားဆားဗစ်ပေးသူရဲ့ ဧရိယာထဲကိုပဲဖြစ်ဖြစ် ရောက်သွားခဲ့ရင် ဆက်သွယ်မှု မရနိုင်တော့တာပါပဲ၊ ဒီပြသာနာတွေကို ဖြေရှင်းဖို့ Bell Research ကနေ “Bell System Technical Journal” မှာ Cellular ရဲ့ ပထမဆုံး concept ဖြစ်တဲ့ AMPS (Advanced Mobile Phone System) ကို စတင်ဖေါ်ပြခဲ့ပါတယ်။

Cellular Phone ဆိုတာကတော့ ဆက်သွယ်ရေးဧရိယာ (Cell) တွေကို Base Station တစ်ခုစီကနေ ပိုင်းခြားထားပြီးဆက်သွယ်တဲ့ စံနစ်ပါ၊ ဒီ cells တွေအားလုံးကိုလဲ တစ်ခု ထက်ပိုတဲ့ ထိမ်းချူပ်ရေးဌာန (Control Center) တွေစီကနေ လိုအပ်သလို ထိမ်းသိမ်းနိုင်ပါတယ်၊ အားသာချက်ကတော့ သုံးစွဲသူဟာ cell area တစ်ခုကနေတစ်ခုကို ဆက်သွယ်မှု မပြတ်စေပဲ ပြောင်းလဲဆက်သွယ်နိုင်လာပါတယ်၊ သုံးစွဲသူဟာ ဘယ် Base Station နဲ့ သူချိတ်ဆက်နေသလဲဆိုတာ သူကိုယ်တိုင်သိစရာမလိုတော့ပဲ အလိုအလျောက် ပြောင်းလဲချိတ်ဆက်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် ဒီ cells တွေဟာ base station ကနေ 60 degree ကို ဧရိယာခွဲပြီး ခြောက်ထောင့်ပုံ (Hexagonal) ရှိပါတယ်၊ ရံဖန်ရံခါ ၃ ပိုင်းသာပိုင်းပြီး 3-Cells (120 degree) လဲ လိုအပ်ရင် ထားတပ်ပါတယ်၊ ဒီလိုခွဲလိုက်တဲ့အခါ ဆက်သွယ်ရေး ဧရိယာတစ်ခုလုံးဟာ ခြောက်ထောင့်ကွက်တွေဆက်ထားတဲ့ ပျားအုံပုံ ဖြစ်လာပါတယ်၊ ဆက်သွယ်မှုပြုတဲ့နည်းလမ်း (Access Technology), သုံးစွဲသူကိုထိမ်းချုပ်တဲ့နည်းလမ်း (User Management/Control), ဆဲလ်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းမှု (Hand-Off Technology) စတာတွေ ကွာခြားလို့သာ CDMA, GSM စသည်ဖြင့် နည်းပညာတွေကွာခြားသွားပါတယ်၊ DAMPS, CDMA, GSM, ဘယ်မိုဘိုင်းဆကိသွယ်ရေးစနစ်မဆို ဒီ cell ဒီဇိုင်း ဒီပုံစံကိုပဲ ယနေ့တိုင် စံပြုသုံးစွဲနေကြဆဲပါပဲ။

ဥပမာ သုံးစွဲသူတစ်ယောက်ဟာ Cell-A ကနေ Cell-B ကို သွားနေရင်း ဆက်သွယ်မှုပြုလာရင် အစမှာတော့ သူနဲ့အနီးဆုံး ဖြစ်တဲ့ Cell-A နဲ့ချိတ်ဆက်နေမှာပါ၊ သွားရင်း cell နှစ်ခုရဲ့ အစပ်ကိုရောက်လာရင် ထိမ်းချူပ်ရေးစခန်းကနေ သုံးစွဲသူရဲ့ ဟင်းဆက်ကနေ base Station တွေရဲ့ရေဒီယိုဆက်သွယ်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်ပါတယ်၊ အဓိကကတော့ ချိတ်ဆက်နေတဲ့ ရေဒီယိုလှိုင်းရဲ့ ဆက်သွယ်မှုပါဝါ (Receiving Power Level) ကိုကြည့်ပါတယ်၊ တကယ်လို့ Station-B ကနေ သုံးစွဲသူကို ချိတ်ဆက်နိုင်တဲ့ အခြေအနေဟာ Station-A ထက် ကောင်းနေတယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းဟာ Station-B ဆီကို ဆက်သွယ်မှု မပြတ်တောက်စေပဲ ပြောင်းလဲချိတ်ဆက်သွားပါတယ်၊ ဒီလို ပြောင်းလဲချိတ်ဆက်တာကို “Cell Switching” လို့ခေါ်ပြီး Station-A နဲ့ သုံးစွဲသူ ဆက်သွယ်မှုကို Station-B ကနေလွှဲပြောင်းယူတာကို “Hand-Off” လုပ်တယ်လို့ သုံးနှုံးပါတယ်။

Cellular Technology Concept

နောက်တစ်ခုကတော့ GSM သုံးစွဲသူတစ်ယောက်ဟာ ဆားဗစ်ဧရိယာ တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းသုံးစွဲနိုင်တာ (Roaming) ပါပဲ၊ မြန်မာပြည်မှာ Service Provider က MPT တစ်ခုသာရှိလို့ ဒီကိစ္စဟာ မသိသာလှပေမယ့် Service Provider တစ်ဦးထက်သာ ပိုခဲ့ရင် အရေးကြီးလာပါပြီ၊ ဥပမာ GSM သုံးစွဲသူတစ်ယောက်ဟာ Service Provider-A ကနေသုံးစွဲမှုကိုယူထားတယ် ဆိုပါစို့၊ သူက သွားရင်းလာရင်းနဲ့ Service Provider-B ရဲ့နက်ဝပ်ထဲကို ရောက်သွားတယ် ဆိုကြပါစို့၊ Service Provider-A နဲ့ Service Provider-B တို့ဟာ အရင်ထဲက သဘာတူညီမှု ရှိထားရင် သုံးစွဲသူဟာ Service Provider-B ရဲ့ နက်ဝပ်ဧရိယာထဲမှာ ဆက်လက်သုံးစွဲ နိုင်ပါတယ်၊ GSM မှာ ဒီ Roaming ဆားဗစ်ဟာ တော်တော်အရေးပါသလို GSM ကို World Wide လူသုံးအများဆုံးဖြစ်အောင် အောင်မြင်စေခဲ့တဲ့ အကြောင်းရင်းလဲ ဖြစ်လာပါတယ်။

Roaming from One Service Area to Another

ဂျီအက်စ်အမ် နည်းပညာမိတ်ဆက် (GSM Technology Introduction)

ဒီနေ့ခေတ်မှာ GSM ဆိုရင် ကလေးလူကြီးသိကြပြီးသားပါ၊ GSM ရဲ့အရှည်ကတော့ Global System for Mobile ဖြစ်ပါတယ်၊ တကယ်တန်းတော့ GSM ဟာ Digital Cellular Communication System ရဲ့ မျိုးဆက်သစ် တစ်ခု ဖြစ်ပါတယ်၊ မြန်မာပြည်မှာ အစောဆုံးပေးခဲ့တဲ့ လက်ကိုင်ဖုံး (Mobile Phone) တွေကို ဆယ်လူလာဖုံးလို့ ခေါ်ခဲ့ကြရာက နောက်ပိုင်းမှာ ဆယ်လူလာဟာ ဂျီအက်စ်အမ်လောက် မကောင်းဖူးဆိုတဲ့ အယူအဆ ပြောဆိုမှုတွေ ပေါ်လာရတာဖြစ်ပါတယ်၊ တကယ်တော့ Cellular ဆိုတာဟာ ခြုံငုံပြီးခေါ်တဲ့ နည်းပညာအခေါ် (General Term) သာ ဖြစ်ပါတယ်။

သွားလေရာ ဆောင်ယူဆက်သွယ်နိုင်တဲ့ Cellular communications ရဲ့ အစကို Bell laboratory ရဲ့ Research တစ်ခုကနေစတင်ခဲ့ပါတယ်၊ အစဦးမိုဘိုင်းစံနစ်ကို AMPS (Advanced Mobile Phone System) လို့ အသိများပါတယ်၊ 1980 လောက်မှာ စတင်ခဲ့တဲ့ ဒီ AMPS စံနစ်ဟာ Analog စံနစ်ပါ၊ နောက်ပိုင်း Digital system တွေ အားကောင်းလာတဲ့အခါ AMPS ဟာ ပြောက်ကွယ်သွားပါတယ်၊ Analog AMPS ကို မွန်းမံထားတဲ့ Digital-AMPS (D-AMPS) ဟာ နောက်ပိုင်းမှာ ပေါ်ပေါက်လာပါတယ်၊ ဒီ D-AMPS ဟာလဲ ခေတ်ရဲ့ လိုအပ်ချက်ဆားဗစ် (data, internet) စတာတွေကို မဖြည့်ဆည်းနိုင်တဲ့အတွက် နိုင်ငံတကာမှာ ထပ်မံတိုးချဲ့ခြင်း မရှိတော့ပါဘူး၊ (မြန်မာနိုင်ငံမှာ ဆယ်လူလာလို့ အသိများတဲ့ ဖုံးတွေဟာ ဒီ D-AMPS စံနစ်တွေပါ)၊

GSM ရဲ့ အစကို 1982 မှာ ”ဥရောပ စာတိုက်နဲ့ဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့” (European Conference of Postal and Telecommunications Administrations) ကြီးကနေ စတင်ခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးကွဲပြားနေတဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေကို စံတစ်ခုအဖြစ်သတ်မှတ်ပြီး ဥရောပတစ်ခုလုံးမှာ ဆက်သွယ် အလုပ်လုပ်နိုင်ဖို့ပါပဲ၊ ကနဦး GSM ရဲ့အမည်ဟာ “Groupe Special Mobile” ဖြစ်ပါတယ်၊ 1989 မှာတော့ GSM နဲ့ပါတ်သက်တဲ့ ကိစ္စအဝဝကို ETSI (European Telecommunications Standards Institute) ကနေလွှဲပြောင်းယူခဲ့ ပြီး ဒီနေ့အမည်ဖြစ်တဲ့ Global System for Mobile ဖြစ်လာပါတယ်၊ GSMA လို့ခေါ်တဲ့ “GSM Association” ကို 1995 မှာ ဖွဲ့စည်းခဲ့ပါတယ်၊ ETSI ဟာ နည်းပညာ စံသတ်မှတ်ချက်တွေကို ကိုင်တွယ်ပြီး GSMA ကတော့ ကြီးကြပ်မှု၊ စည်းမျဉ်း၊ စည်းကမ်း၊ လိုင်စင်၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို ဆောင်ရွက်ပါတယ်၊ 2000 နောက်ပိုင်းမှာတော့ GSM ဟာ အင်အား အကောင်းဆုံး မိုဘိုင်းဆက်သွယ်ရေးစံနစ်တစ်ခု ဖြစ်လာပါတယ်။

January 31, 2010

CDMA သမိုင်းကြောင်း

ဒီနည်းပညာ ဘယ်လိုပေါ်ပေါက်လာခဲ့ပါသလဲ၊ ဒီမေးခွန်းနောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတစ်ခု ရှိနေပါတယ်။

ပုံထဲက အမျိုးသမီးက Hedy Lamarr ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကြီးဝန်းကျင်က အလွန်နံမည်ကျော်ကြားတဲ့ ဟောလိဝုဒ် မင်းသမီးတစ်ဦးပါ၊ နောက် အမျိုးသားတစ်ယောက်က George Antheil ဖြစ်ပြီး စစ်ကြိုခေတ်က ဂီတနဲ့ပါတ်သက်လို့ instrumental, mechnical ပိုင်းဆိုင်ရာတွေမှာ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီချောမောလှပတဲ့ မင်းသမီးတစ်ယောက်နဲ့ ဂီတဆိုင်ရာတီထွင်သူ တစ်ဦးတို့ ပူးပေါင်းပြီး CDMA နည်းပညာရဲ့ Basic Concept ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စတင်ခဲ့တယ်လို့ပြောရင် ယုံနိုင်စရာ မရှိပါဘူး၊ ဒါပေမယ့် ဒီပုံပြင်ဟာ တကယ့်ကို ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ဒီပုံပြင်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ ငယ်ရွယ်လှပပြီး ညဏ်ပညာထက်မြက်တဲ့ အမျိုးသမီးငယ်လေးတစ်ဦးဆီမှာ အစပြုပါတယ်၊ သူမဟာ ၂၁ ရာစုမှာ ထိတ်တန်းရောက်လာမဲ့ နည်းပညာတစ်ခုရဲ့ လမ်းစကို ဘယ်လိုဖေါ်ဆောင်ခဲ့ပါသလဲ?။

၁) ဟောလိဝုဒ်သို့သွားရာလမ်း.. Lamarr

ဒီနေ့ Lamarr ဟာ Florida ရဲ့ဆိတ်ငြိမ်တဲ့နေရာမှာ နေထိုင်နေဆဲပါပဲ၊

သူမကို ၁၉၁၃ မှာ Vienna မှာ မွေးဖွားခဲ့ပါတယ်၊ စစ်ကြီးမတိုင်ခင်လေးမှာပဲ Louis B. Mayer နဲ့ Otto Preminger တို့ရဲ့ဖိတ်ခေါ်မှုနဲ့ MGM ကုပ္မဏီမှာ အလုပ်လုပ်ဖို့ ဟောလိဝုဒ်ကိုရောက်လာခဲ့ပါတယ်၊ စစ်ကြီးအတွင်းက သူမဟာ အောင်မြင်တဲ့ မင်းသမီးတစ်ဦး ဖြစ်ပြီး “The most beautiful girl in the world” လို့ကျော်ကြားထင်ရှား ခဲ့ပါတယ်၊ ထူးခြားတဲ့ကိုယ်ရည်သွေးရှိသူတစ်ဦး ဖြစ်ပြီး သရုပ်ဆောင် အလုပ်သာမက Abstract Painting, ဒီဇိုင်းပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှု စတာတွေကိုပါ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်၊ သူမကို ချောမောလှပသူတစ်ဦး ဖြစ်တဲ့အတွက် ညဏ်ပညာရှိမှာ မဟုတ်ဖူးလို့ အများက ထင်ကြပါတယ်၊ ဒါပေမယ့် တကယ်တန်းတော့ Lamarr ဟာ ညဏ်ပညာထက်မြက်သူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုကိုယ်လဲ ထိမ်းချူပ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်၊ ဘဝတသက်တာမှာ ၆ ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ပြီး တကယ်တန်းတော့ သူမရဲ့ ငွေရောင်ပိတ်ကားပြင် နောက်ကဘဝဟာ သူမရဲ့ ရုပ်ရှင်တွေထက်တောင် ပိုပြီးဆန်းပြားလို့နေပါတယ်။

၂) နည်းပညာနှင့်စစ်

စစ်ကြီးမတိုင်ခင်က Fritz Mandl ဟာ ဥရောပရဲ့ အကြီးဆုံးလက်နတ်ထုတ်လုပ်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်၊ ပထမတော့ သူဟာ သြစတေလျ စစ်တပ်အတွက် အဓိကစစ်လက်နတ်ပန့်ပိုးသူပါပဲ၊ နောက်တော့ ဟန်ဂေရီကို လက်နတ်ရောင်းတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး သြစတေလျနဲ့ မကျေမလယ်ဖြစ်ကာ နှုတ်ထွက်ခဲ့ရပါတယ်၊ နောက်ပိုင်းမှာတော့ ဟစ်တလာနဲ့ဆက်သွယ်ပြီး နာဇီတွေအတွက် စစ်လက်နတ်နဲ့နည်းပညာရောင်းချသူ ဖြစ်လာပါတော့တယ်။

Mandl ဟာ Lamarr နဲ့ ၁၉၃၃ မှာလက်ထပ်ခဲ့ပါတယ်၊ ဒါပေမယ့်ပျော်ရွှင်စရာ အိမ်ထောင်ရေးတော့ ဖြစ်မလာခဲ့ပါဘူး၊ Mandl ဟာ ဆတ်ဆတ်ထိမခံသူတစ်ဦးဖြစ်ပြီး Lamarr ကို ကျွန်တစ်ယောက်သာသာပဲ သဘောထားခဲ့ပါတယ်၊ အများအမြင်မှာ Lamarr ကို သြစတေလျ ရေပေါ်ဆီအသိုင်းအဝိုင်းမှာ အလှပြစရာ အရုပ်လေးလိုပဲ ဆက်ဆံခဲ့ပါတယ်။

ဒီအချိန်မှာပဲ နာဇီတို့ဟာ အင်အားကြီးထွားလာခဲ့ပါပြီ၊ Mandl ဟာ လက်နက်ကို ထိမ်းချုပ်နိုင်တဲ့နည်းပညာတစ်ခုကို သုတေသန လုပ်နေခဲ့ပါတယ်၊ ရေငုတ်သင်္ဘောတွေမှာ သုံးတဲ့ တော်ပီဒိုတွေကို အဝေးကနေ လိုသလိုဆက်သွယ်ထိမ်းချုပ်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ၊  တော်ပီဒိုတွေကို ပစ်ခတ်တဲ့အခါ ရေငုတ်သင်္ဘော ကနေ ထိမ်းချုပ်ရာမှာ အစကသုံးခဲ့တဲ့ ဝါယာနဲ့ဆက်သွယ်တာထက် ဝါယာလက်စ်နည်းပညာက ပိုကောင်းမယ်လို့ ယူဆပြီး စတင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ရေဒီယိုဝေ့ဗ် တွေရဲ့အဓိကအားနည်းချက်က လုံခြုံမှုမရှိတာပါပဲ၊ ကြားဖြတ်ဖမ်းယူ (Interception) လုပ်နိုင်သလို နှောက်ယှက် (Jamming) နိုင်ပါတယ်၊ ဒီပြသာနာကို ဖြေရှင်းဖို့နည်းလမ်းကတော့ ပို့မဲ့သတင်းအချက်အလက်ကို Transmitter နဲ့ Receiver တွေကြား Frequencies အမျိုးမျိုးနဲ့ random ပြောင်းပြီးပို့ဖို့ပါပဲ၊ Frequency channel တစ်ခုမှာပေးပို့တဲ့ အချိန်ကလဲ အလွန်တိုတောင်းတာကြောင့် ကြားဖြတ်ဖမ်းယူခဲ့ရင်လဲ အလွန်တိုတောင်းတဲ့ မပြည့်စုံတဲ့အချက်အလက် ကိုပဲရရှိမှာ ဖြစ်ပါတယ်။

Lamarr ဟာ Mandl ရဲ့ ပွဲတက်ဇနီးတစ်ယောက် အနေနဲ့ သူ့ရဲ့ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ရပါတယ်၊ သူမဟာ နည်းပညာပိုင်းတွေကို နားမလည်ပေမယ့် သူမကြားသိခဲ့တာတွေကိုတော့ အတိအကျ မှတ်သားနိုင်စွမ်းရှိခဲ့ပါတယ်။

၁၉၃၇ မှာတော့ Lamarr ဟာ သူမရဲ့ခင်ပွန်းကို ဆေးခပ်ပြီး Hollywood ကိုထွက်ပြေးရောက်ရှိလာတယ်လို့ ဆိုကြပါတယ်၊ တခဏချင်းမှာပဲ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာပါတယ်။

၃) Player Piano သို့မဟုတ် Gorge Antheil

Gorge Antheil ဟာ ၁၉၂၀ ဝန်းကျင်မှာ တေးရေးသူ၊ ဂီတနဲ့ပါတ်သက်ပြီး တီထွင်ဖန်တီးမှုတွေ ပြုလုပ်ပြီး နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပါတယ်၊ သူဟာ Mechnical Music လို့ခေါ်တဲ့ စက်ပစ္စည်းတွေနဲ့ ဂီတဖန်တီးရာမှာ စွန့်ဦးတီထွင်သူတွေအထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်၊ သူရဲ့တီထွင်မှုတစ်ခုကတော့ Player Piano ဖြစ်ပြီး စန္ဒရားတစ်လုံးကို သတ်မှတ်ထားတဲ့ တေးဂီတနုတ်စ်တွေ အလိုအလျောက်တီးနိုင်အောင် ဖန်တီးထားတဲ့ စက်တစ်လုံးဖြစ်ပါတယ်၊ သူရဲ့သွင်ပြင်ဟာ ဖေါ်ရွေနှစ်လိုဖွယ်ကောင်းပြီး အမျိုးသမီးများကို စွဲဆောင်နိုင်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၃၀ လောက်မှာ Antheil ဟာ ဥရောပမှာ ရောက်ရှိနေခဲ့ပြီး သူ့ရဲ့တီထွင်မှုများကြောင့် ထင်ရှားသူတစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်၊ ဥရောပမှာ စစ်မီးကြီးလောင်မြှိုက်လာတဲ့အခါ ဟစ်တာလာရဲ့ ဥရောပအနုပညာပစ္စည်းတွေပေါ်မှာ ထာားတဲ့သဘောထားကို မကြိုက်နှစ်သက်တဲ့အတွက် U.S ကို ပြောင်းရွှေ့ခဲ့ပါတယ်။

၎) The Birth of CDMA

Lamarr နဲ့ Antheil တို့ဟာ Hollywood ရဲ့ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့ပြီး မိတ်ဆွေများဖြစ်လာခဲ့ပါတယ်၊ ဒီနာဇီ ဆန့်ကျင်လိုသူနှစ်ဦးရဲ့တွေ့ဆုံမှုဟာ ၂၁ ရာစုရဲ့ အောင်မြင်တဲ့နည်းပညာတစ်ခုကို မွေးဖွားစေခဲ့ပါတယ်၊ Lamarr ဟာ Anethil ကို နာဇီတွေရဲ့ တော်ပီဒိုထိမ်းကျောင်းမှုမှာ အသုံးပြုတဲ့ ကြားဖြတ်ဖမ်းယူလို့ မရနိုင်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးနည်းပညာ အကြောင်းကို ပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်၊ ဒီနည်းပညာရဲ့ အဓိက ပြသာနာကတော့ Frequency Band အများကို ပြောင်းလဲပေးပို့တဲ့အခါ Transmitter , Receiver ကြားမှာ တူညီတဲ့ frequency ကို အမြဲတမ်း ပြောင်းလဲပြီး ဖမ်းယူနိုင်အောင် ဘယ်လိုချိန်ကိုက် (Synchronize) လုပ်မလဲ ဆိုတာပါပဲ။

Antheil ဟာ Sound Frequency တွေကို Synchronization လုပ်တဲ့နေရာမှာ အတွေ့အကြုံရှိပြီး ဖြစ်ပါတယ်၊ သူရဲ့ Piano Player စက်မှာ Paper Rool တစ်ခုကို အသုံးပြုပြီး တေးသွားတွေကို တီးခတ်စေခဲ့တာပါ၊ Paper Roll , Paper Tape ဆိုတာကတော့ စက္ကူလိပ်တစ်ခုကို အပေါက်လေးတွေဖေါက်ပြီး စာသား၊ သင်္ကေတတွေကို မှတ်သားထားတာပါပဲ၊ ဖေါက်စက် (Punch Machine) နဲ့ အချက်အလက်သွင်းယူပြီး (Coding) ဖတ်တဲ့စက်နဲ့ မူရင်းအချက်အလက်ကို ပြန်ဖတ်ယူ (Decoding) လုပ်ယူနိုင်ပါတယ်၊ (ဒီ paper tape မှာ data အသွင်းအထုတ်လုပ်တဲ့နည်းကို နောက်ပိုင်းမှာ ကွန်ပျူတာတွေမှာ Program ရေးသားခြင်း Program ကို run ခြင်းတွေအတွက်လဲ သုံးခဲ့ကြပါသေးတယ်၊ သိမှီခဲ့သူတွေရှိမှာပါ)။ တူညီတဲ့ code pattern တွေ ဖေါက်ထားတဲ့ paper roll နှစ်ခုကို တပြိုင်ထဲ စက်နှစ်လုံးမှာ လည်ပါတ်စေပြီး Transmitter, Receiver တစ်လုံးစီနဲ့ ချိတ်ဆက်ကာ မတူညီတဲ့ frequency အမျိုးမျိုးကို ချိန်ကိုက်ပြောင်းလဲ ဆက်သွယ်နိုင်အောင် ဒီဇိုင်းလုပ်ယူနိုင်ကြပါတယ်၊ ဒါဟာ ဒီနေ့ခေတ် FH-CDMA လို့ခေါ်တဲ့ Frequency Hopping CDMA ရဲ့ အခြေခံ ပါပဲ၊ တီထွင်သူနှစ်ဦးဟာ စန္ဒယားမှာပါတဲ့ ခလုတ်တွေအတိုင်း 8 x 8 keys matrix နဲ့ Frequency အမျိုးမျိုးကို ပြောင်းလဲနိုင်အောင် တီထွင်ခဲ့ကြပါတယ်။

Paper Tape and Code

A paper Roll with punched marked codes

Paper Tape တွင် Coding ပြုလုပ်သည့် Punch machine

ကွန်ပျူတာသုံး Paper Tape Key Punch Machine

သူတို့နှစ်ဦးဟာ စစ်ကြီးအတွက် တစ်ခုခု အထောက်အကူပေးဖို့ ရည်ရွယ်ခဲ့ကြပါတယ်၊ သူတို့ရဲ့တီထွင်မှုကို National Inventors Council ကိုပေးပို့ခဲ့ကြပါတယ်၊ Council ရဲ့ Director လဲဖြစ်ပြီး General Motor ရဲ့ Director တစ်ဦးလဲဖြစ်သူက တိုက်တွန်းမှုကြောင့် သူတို့ရဲ့ တီထွင်မှုကို မှတ်ပုံတင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊ ၁၉၄၁ သြဂုတ်လ ၁၁ ရက်မှာ Lamarr နဲ့ Antheil ဟာ သူတို့ရဲ့ တီထွင်မှုဖြစ်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးစံနစ် (Secrect Communication System ) အတွက် မူပိုင်ခွင့်အမှတ် 2,292,387 နဲ့ အသိမှတ်ပြု ရရှိခဲ့ပါတယ်။ သူတို့ဟာ မူပိုင်ခွင့်ကို အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ဖို့ထက် အစိုးရကိုသာ တိုးတက်အောင်ဆောင်ရွက်ဖို့ အပ်နှံခဲ့ပါတယ်၊ (တကယ်တန်းတော့ Antheil ဟာ အဲဒီအချိန်မှာ တခြားလူတွေလိုပဲ ခေတ်ကာလအရ ငွေရေးကြေးရေးအခက်အခဲနဲ့ ရုံးကန်နေရသူ တစ်ဦးပါ)။

Lamarr နှင့် Antheil တို့၏ မူပိုင်ခွင့်မှတ်တမ်း

ဒါပေမယ့် ကံမကောင်းစွာပဲ ရေတပ်ဟာ ဘာကြောင့်မှန်းမသိ ဒီဆက်သွယ်ရေးစံနစ်ကို အသုံးချ စမ်းသပ်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့ပါတော့တယ်၊နည်းပညာ ဆန်းစစ်သူတွေဟာ ဒီ paper roll ဟာ တကယ်ခံနိုင်ရည်ရှိမရှိ၊ paper ကှိုဆွဲတဲ့မော်တာတွေဟာ တိတိကျကျ လည်ပါတ်နိုင်၊ မနိုင် တကယ်စက်ပစ္စည်းမှာ တပ်ဆင်လို့ရအောင် လုပ်နိုင်၊မလုပ်နိုင် စတဲ့မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ပါတယ်၊ အချူပ်ပြောရရင် ဒီစံစနစ်ဟာ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ တကြိမ်တစ်ခါမှ အသုံးချခြင်းမခံရပဲ ချောင်ထိုးထားခံခဲ့ရပါတယ်။

စစ်ကြီးပြီးသွားပြီးနောက်အတော်ကြာထိလဲ သူတို့ရဲ့တီထွင်မှုကို မထုတ်ဖေါ်နိုင်ခဲ့ပါဖူး၊ Antheil ဟာ ၅၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ့နည်းပညာရဲ့ အကျိုးဆက်တွေကို မြင်မသွားရရှာခဲ့ပါဖူး၊ ဒီအချိန်မှာ Electronics Technology ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်းမခံခဲ့ရတဲ့ ဒီနည်းပညာဟာ မေ့လျော့ခြင်းတော့ မခံခဲ့ရပါဘူး၊ ၁၉၅၀ မှာ Sylvania Electronic Systems Division က အင်ဂျင်နီယာတွေဟာ ဒီမူပိုင်ခွင့်က အချက်အလက်တွေကို ပြန်လည်လေ့လာပြီး ပိုဆန်းသစ်ကောင်းမွန်တဲ့ နည်းပညာကို ဖေါ်ထုတ်ခဲ့ပါတယ်၊ မူရင်းစံနစ်က paper roll အစား digital စံနစ်ကို အသုံးပြုခဲ့ပါတယ်၊ ၁၉၆၂ ကျူးဘားအရေးအခင်းမှာ ဒီ Secure Communication System ကို စစ်တပ်လုံခြုံရေးဆက်သွယ်မှုများအတွက် အသုံးပြုခဲ့ပါတယ်။

ဒီအချိန်ကစပြီး CDMA ဟာ စစ်သုံးဆက်သွယ်ရေး စံနစ်တစ်ခု ဖြစ်လာပါတယ်၊ ၁၉၈၀ မှာ US အစိုးရဟာ CDMA ကို ကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီး အများပြည်သူသုံးအတွက် စတင်ခွင့်ပြုခဲ့ပါတယ်၊ ဒီအချိန်ကစပြီး CDMA ဟာ ခေတ်သစ် ဆက်သွယ်ရေးနည်းပညာမှာ ခေတ်တစ်ခေတ်ကို ဖြစ်စေခဲ့ပါတယ်၊  Lamarr ဟာ သူရဲ့တီထွင်မှုဟာ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။

အနှစ် ၇၀ ကြာပြီးနောက် ဒါဟာ ရွှေရောင်ပိတ်ကားပြင်ထက်က စူပါစတားတစ်ဦးနဲ့ ဆန်းသစ်တီထွင်တဲ့ တေးရေးဆရာတစ်ဦးတို့ဟာ ဒီနေ့ ဆက်သွယ်ရေးစံနစ်ရဲ့မျက်နှာစာက နည်းပညာ တစ်ခုကို ဘယ်လိုတီထွင်ခဲ့ကြတယ်ဆိုတဲ့ ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ် ဖြစ်ပါတယ်။

References:-

“How “The Bad Boy Of Music” And “The Most Beautiful  Girl In The World” Catalyzed A Wireless Revolution–In 1941” By Anna Couey <http://people.seas.harvard.edu/~jones/cscie129/nu_lectures/lecture7/hedy/lemarr.htm>

http://www.inventions.org/culture/female/lamarr.html

http://en.wikipedia.org/wiki/George_Antheil

http://www.antheil.org/

CDMA နည်းပညာမိတ်ဆက် (CDMA Technology Introduction)

မိုဘိုင်းဖုံးတွေကို မြန်မာပြည်မှာ မိတ်ဆက်လာခဲ့တာ ဆယ်စုနှစ် တစ်စုစာတောင် ကျော်ခဲ့ပါပြီ၊ ဒီအထဲမှာ CDMA နည်းပညာဟာ တစ်ခု အပါအဝင်ပါ၊ ဟင်းဖုံးလို့ ဆိုရရင် GSM/CDMA တစ်ခုခု ဖြစ်မယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး၊ မြန်မာနိုင်ငံဟာ CDMA ကို အစောဆုံးမိတ်ဆက်ခဲ့တဲ့ တိုင်းပြည်တွေထဲမှာ ပါပါတယ်၊ CDMA နက်ဝပ်ဟာ တပြည်လုံးဖြန့်ကျက်လာပြီး CDMA450, CDMA800, W-CDMA စတဲ့နည်းပညာတွေ လဲ သုံးစွဲသူတွေအကြားမှာ ရေပန်းစားလာပါတယ်။

CDMA ရဲ့ အရှည်ကတော့ Code Division Multiplexing Access ပါ၊ Multiplexing လုပ်တယ်ဆိုတာကတော့ Communication media တစ်ခုထဲပေါ်မှာ Data Channel အများကို shareလုပ်ခြင်း၊ ပေါင်းထဲ့ခြင်းကို ဆိုလိုတာပါ၊ Radio Communication မှာ ဆက်သွယ်မှုလုပ်မယ်ဆိုရင် အရင်ဆုံး frequency band တစ်ခုနဲ့ Technology တစ်ခုတော့ ရှိရပါတယ်၊ system တစ်ခုရဲ့ performance ဘယ်လောက်ကောင်းသလဲဆိုတာ ဒီ band ကို multiple users တွေမျှဝေသုံးစွဲတဲ့နေရာမှာ ဘယ်လောက် efficient ဖြစ်အောင်သုံးနိုင်လဲဆိုတဲ့ နည်းပညာပေါ် မူတည်ပါတယ်၊ ဒီလို Frequency band တစ်ခုထဲကို user အများကြီးသုံးစွဲနိုင်အောင် လုပ်ပေးတာကို Multiplexing လုပ်တယ်လို့ခေါ်ပါတယ်၊ မျှဝေသုံးစွဲနိုင်အောင် လုပ်ပေးတာက Multiple Access လို့သုံးနှုံးပါတယ်၊ ဥပမာ 40MHz ရေဒီယို bandwidth မှာ သုံးစွဲသူ ၁၀၀ မျှဝေသုံးစွဲနိုင်တာထက် ၂၀၀ သုံးနိုင်တဲ့ နည်းပညာက ပိုပြီးအားသာပါတယ်၊ CDMA ကတော့ Code Division ဆိုတဲ့အတိုင်း သုံးစွဲသူအများစုဟာ တူညီတဲ့ frequency bandwidth တစ်ခုကို မတူညီတဲ့ coding တွေသုံးပြီး မျှဝေသုံးစွဲနိုင်ကြပါတယ်၊ သုံးစွဲသူဖုံးနဲ့ ရေဒီယိုစတေရှင် (Base Station) တို့ဆက်သွယ်ရာမှာ ဒီနည်းပညာကို သုံးတဲ့ဖုံးတွေကို CDMA ဖုံးလို့ လွယ်လွယ်ပဲ သုံးနှုံးခေါ်ဝေါကြပါတယ်။

CDMA နည်းပညာကို hand phone တွေမှာတင် သုံးစွဲတာ မဟုတ်ပါဘူး၊ Satellite, GPS စတဲ့ဆက်သွယ်ရေးစံနစ်တွေတင်မက စစ်သုံး ဆက်သွယ်ရေးစံနစ်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

(CDMA နည်းပညာနဲ့ပါတ်သက်လို့ အကြမ်းဖျင်း ရေးဖို့စဉ်းစားပါတယ်၊ အခက်အခဲကတော့ ဒီနည်းပညာရဲ့ နောက်ခံ သမိုင်းကြောင်း အသုံးချပုံ အားသာချက် စတာတွေကို လူတိုင်းနားလည်အောင် ရေးသားဖို့ တချို့အကြောင်းအရာတွေမှာ မလွယ်လှတာပါပဲ)

January 26, 2010

GSM Encryption was cracked

(နောက် ပို့စ်တွေမှာ GSM နဲ့ပါတ်သက်ပြီး ရေးဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် အရင်လတွေက သတင်းတစ်ပုဒ်ကို စိတ်ဝင်စားမိလို့ ဒီကြားဖြတ် article ကို ရေးဖြစ်ပါတယ်။)
ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ် ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊ ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့ သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher) လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက် ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့ ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင် ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့် researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999 မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့ အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့ Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51 ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့ အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။

2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊ research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000 အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး 128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊ ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊ Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့ ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010 နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။

GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊ GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။

http://hackaday.com/2009/12/30/gsm-cracked/

http://www.engadget.com/2009/12/29/gsm-call-encryption-code-cracked-published-for-the-whole-world/

http://www.engadget.com/2010/01/15/3g-gsm-encryption-cracked-in-less-than-two-hours/

http://reflextor.com/trac/a51

http://en.wikipedia.org/wiki/A5/1

January 15, 2010

FTTH Conclusion

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 6:11 am
Tags:

FTTH နဲ့ နီးစပ်ရာ Fiber technology တွေကို လူတိုင်းနားလည်နိုင်အောင် မိတ်ဆက်အနေနဲ့ ရေးခဲ့ပြီးပါပြီ၊
ဒီလောက်နဲ့ပဲ ဒီ FTTH မိတ်ဆက်ကို နိဂုံးချူပ်ပါရစေ၊ အလျင်းသင့်ရင် Fiber အကြောင်း Engineering/Technology detailed အတွက် ထပ်မံရေးသားပါဦးမယ်။
အောက်မှာ ဒီစာစုအတွက် ကိုးကားခဲ့တဲ့ web/paper/articles တွေကို ပြထားပါတယ်၊ အလျင်းသင့်သလိုထုတ်နှုတ် ရေးသားထာ ဖြစ်တဲ့အတွက် တစ်ခုခြင်း reference မလုပ်တော့ပါ။


Fiber Technology in Myanmar

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 6:04 am
Tags:

မြန်မာနိုင်ငံမှာ 2000 နောက်ပိုင်း Fiber backbone တွေ အနှံ့အပြားဖြန်ကျက်ခဲ့ပါတယ်၊  မြို့ကြီးတော်တော်များများ မှာ  Fiber backbone တွေရှိနေပါပြီ၊ ရှိတဲ့ အဓိကနည်းပညာကတော့ SONET/SDH ကိုသုံးပါတယ်၊ ဒါဟာ TDM ကို အခြေခံတဲ့ နည်းပညာပါ။ SDH မှာ အခြေခံအကျဆုံး backbone speed ကတော့ STM-1 ဖြစ်ပြီး 155Mbps အမြန်နှုံးရှိပါတယ်၊ Main backbone တွေမှာ STM-4 (622Mbps), STM-16(2.4Gbps), STM-64(10Gbps) တွေ ဖြစ်ပါတယ်။ ဒီ optical link တွေရဲ့ အခြေခံအကျဆုံး interface ကတော့ T1 နဲ့ E1 ဖြစ်ပါတယ်၊ T1 link တစ်ခုဟာ 1.544Mbps အမြန်နှုံးရှိပါတယ်၊ T-1 ဟာ Bell Labs ကနေ T-Carrier ဆိုတဲ့ standard ကနေဆင်းသက်လာပြီး T1 လိုင်းတွေကို North America, Japan နဲ့ Korea စတဲ့တိုင်းပြည်တွေမှာ အသုံးများပါတယ်။ E1 ကတော့ European Conference of Postal and Telecommunications Administrations (CEPT) ရဲ့ E-Carrier standard ကနေ ITU-T ရဲ့ standard တစ်ခုဖြစ်လာပြီး worldwide အသုံးများပါတယ်၊ E1 လိုင်းတစ်ခုဟာ 2.048Mbps အမြန်နှုံးရှိပါတယ်၊ (မြန်မာနိုင်ငံမှာ E1 ကို standard interface အနေနဲ့သုံးပါတယ်)၊ တကယ်တန်း T1/E1, STM-1 ဆိုတာတွေက Multiplexing Technology Term တွေပါ၊ STM-1 link တစ်ခုဟာ E1 လိုင်း 63 လိုင်း ကိုပေါင်းယူ (multiplexing) လုပ်ထားတာပါပဲ၊ 2.048Mbps speed, E1 63 လိုင်းကို main data channel တစ်ခုထဲဖြစ်အာင် Synchronous Multiplexing လုပ်လိုက်တဲ့အခါ (2.048Mbps x 63)+ Frame Overhead Byets = 155Mbps ဖြစ်လာပါတယ်။ATM ဟာ နိုင်ငံတကာမှာ အသုံးများတဲ့ နည်းပညာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ IP Backbone နဲ့ Infrastructure အရင်က နဲပါးခဲ့တာတာကြောင့် အသုံးမရှိသလောက်နဲပါတယ်။
SONET/SDH ဟာ လက်ရှိအချိန်ထိတော့ WAN အဆင့်မှာ အကောင်းဆုံးဖြစ်နေသေးတဲ့ နည်းပညာပါ၊ မြို့ကြီးတွေမှာ Fiber Network တွေဖြစ်လာဖို့ Metro-Fiber Mesh Network တွေဖြစ်လာဖို့တော့ လိုနေပါဦးမယ်၊ ကျွန်တော့် အမြင်တော့ fully FTTH ကိုသွားတာနဲ့စာရင် MAN အဆင့် customer access network တွေမှာ FTTH PON နဲ့ xDSL စတာတွေ ပေါင်းပြီး FTTC, FTTN, FTTP အဖြစ် စတင်သုံးနိုင်ခဲ့ရင် အကောင်းဆုံးဖြစ်မှာပါ၊ နောက်ပိုင်း Hybrid Fiber network ကနေ full FTTH အဆင့်တိုးမြှင့်ဖို့ လိုလာခဲ့ရင်လဲ အဆင်ပြေပြေ migrate လုပ်နိုင်ပါလိမ့်မယ်။ သတင်းတွေမှာတော့ ဒီနှစ်ပိုင်း အတွင်း ရန်ကုန်၊ မန္တလေးနဲ့ ရတနာပုံ မှာ FTTH ဆားဗစ်တွေပေးမယ်လို့ ပါရှိပါတယ်။ တကယ်ကျယ်ကျယ်ပြန့်ပြန့်ရလာခဲ့ရင် သုံးစွဲသူတွေအနေနဲ့ Speed/Reliability/Cost သုံးခုလုံး balance ဖြစ်မဲ့နည်းပညာ ဖြစ်လာဦးမှာ မလွဲပါပဲ။

January 14, 2010

FTTH Worldwide

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 4:29 pm
Tags:

IDATE ဆိုတဲ့ အဖွဲ့အစည်း တစ်ခုက လုပ်ခဲ့တဲ့ survey တစ်ခုက worldwide, FTTH status ပါ၊  Survey ရဲ့ အချက်တွေကတော့ စုစုပေါင်း FTTx user အရေအတွက်ဟာ 54 million ရှိနေပါပြီ၊ ပြီးခဲ့တဲ့ ၆လ အတွင်း FTTx user တိုးတက်နှုံးဟာ 17% ရှိခဲ့ပါတယ်၊ စိတ်ဝင်စားစရာ နောက်တစ်ချက်က FTTx သုံးစွဲသူတွေရဲ့ 80% လောက်ဟာ Asia ကဖြစ်နေပါတယ်၊ (အဓိကကတော့ Japan, Korea, china) ပါ၊ Singapore ကတော့ အိမ်တိုင်းကို ၂၀၁၂ မှာ 1Gbps access link ရအောင်ဆောင်ရွက်မယ်လို့ ဆိုနေပါတယ်။

၂၀၀၉ ဇွန်လက data ပါ။ နောက်ပိုင်း update တွေ့ရင် ထပ်တင်ပါ့မယ်။

Source: idate.org & FTTH Council

FTTH Limmitations

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 4:24 pm
Tags:

နည်းပညာတိုင်းမှာ ကောင်းကွက်ရှိရင် အားနည်းချက်လဲ မလွှဲမသွေ ရှိပါတယ်။

Overall Cost – System တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကို တွက်ရင် မလွှဲမသွေ ကျန်တဲ့ နည်းပညာတွေထက် ပိုနေပါတယ်၊ အမြန်နှုံးအနေနဲ့ ပြောစရာမလိုပေမယ့် ဖိုင်ဘာဟာ ကျန်တဲ့ ADSL, Cable Modem တွေလောက် ဈေးမသက်သာနိုင်ပါဘူး၊ ခန့်မှန်းချက်တွေအရ နောက်ပိုင်းလဲ သက်သာဖို့တော်တော် ခဲယဉ်းပါဦးမယ်။

Field Technicians Requirement – ဖိုင်ဘာကေဘယ်တွေကို ကိုင်တွယ်တပ်ဆင်ရာမှာ ကျွန်းကျင်တဲ့ လက်မှတ်ရ Certified Fiber Technician တွေလိုအပ်ပါတယ်၊ လက်ရှိအခြေအနေအရ ကျွမ်းကျင်အဆင့် professional အရေအတွက်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် နဲပါးနေပါသေးတယ်၊ (အရင်က Fiber cable Guys, Fiber Professional တွေဟာ ISP တွေမှာ အရေအတွက်နည်းနည်းစီပဲ ရှိပါတယ်၊ Backbone link အနည်းငယ်လောက်ကိုပဲ ကိုင်တွယ်ရတာမို့လဲ အများကြီးမလိုပါဘူး၊ နောက်တစ်ခုက ဒီ Fiber Certification Cost တွေဟာ တော်တော်ကြီးကို ဈေးကြီးပေးပြီး တက်ရတာပါ၊) လာမဲ့နှစ်အနည်းငယ်အတွင်း FTTH သာ booming ဖြစ်လာခဲ့ရင် ကျွမ်းကျင်သူ အများအပြား လိုလာမယ်လို့ ဆိုပါတယ်။

Mobility – သေချာထာကတော့ Fixed line technology ဟာ mobility မရနိုင်ပါဘူး၊ 3G/4G ကို ပိုပြီး crazy ဖြစ်ကြသူတွေလဲ ရှိပါတယ်၊ သွားရင်လာရင်း high speed data access ရချင်တာမျိုးဆိုရင်တော့ FTTH ကရွေးချယ်စရာဖြစ်မှာ မဟုတ်ပါဘူး။

Security – လုံခြုံရေးနဲ့ ပါတ်သက်လို့ ကျွမ်းကျင်သူတွေဟာ FTTH ကို သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတုံးပါပဲ၊ Eavesdropping, Tapping ရှနိုင်မလားဆိုတာကို သေချာသိချင်နေကြပါတယ်၊ FTTH ဟာ AES Encryption ကို Support လုပ်ပါတယ်၊ လက်ရှိအရတော့ ဒါဟာ တော်တော်ကြီး ကို လုံခြုံတယ်လို့ ပြောလို့ရနေသေးတဲ့ data security နည်းပညာပါ။

FTTH and Other Cable Technology

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 4:19 pm
Tags:

Fiber ကို ယှဉ်ပြိုင်နိုင်မဲ့ cable technology တွေကိုကြည့်ရင် VDSL (Very High Speed Digital Subscriber Line) နဲ့ Cable Modem နဲ့ပဲ ရှိပါတယ်၊ အမြန်နှုံးအနေနဲ့ကတော့ Fiber ဟာ လက်ရှိ communication နည်းပညာတွေထဲမှာတော့ အမြင့်ဆုံးပါပဲ၊ ကုန်ကျစရိတ် အနေနဲ့လဲ အကြီးဆုံးပါပဲ၊ ဒါပေမယ့် စဉ်းစားစရာတစ်ချက်ကတော့ Bandwidth/Price အချိုးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Fiber ဟာ တခြားနည်းပညာတွေထက် သက်သာပါတယ်၊ ဥပမာ 1kbps အတွက် ကုန်ကျမယ် price ကိုတွက်ကြည့်ရင် Fiber ဟာ အသက်သာဆုံး ဖြစ်ပါတယ်၊ နောက်စိတ်ဝင်စားစရာက Access Network လို့ခေါ်တဲ့ customers တွေ ချိတ်ဆက်တဲ့နည်းပညာသုံးနက်ဝပ်တွေမှာ Overall System price ကိုတွက်ကြည့်ရင်လဲ Fiber Network တွေက အသက်သာဆုံးဖြစ်နေပါတယ်၊  နောက်ဆုံးတစ်ချက်က system maintenance price မှာလဲ Fiber Network တွေက အသက်သာဆုံးပါပဲ၊ ဒါပေမယ့် သုံးစွဲသူ အနည်းငယ်သာ ရှိတဲ့ နက်ဝပ်မျိုးနဲ့ Access speed, bandwidth နည်းနည်းပဲလိုတဲ့ နေရာမျိုးမှာ FTTH ဟာ မသင့်တော်ပါဘူး၊ ကနဦးတပ်ဆင်ခ ကြီးသလို တပ်ဆင်ရာမှာလဲ WAN, MAN အဆင့်မျိုးမှာသာ သင့်တော်ပါမယ်။(တနည်းအားဖြင့် ပေးရတာနဲ့ တန်အောင်သုံးနိုင်မှသာ ကိုက်ပါမယ်၊ တရက် ၁၅မိနစ်လောက် email စစ်ဖို့အတွက်တော့ FTTH လိုမှာမဟုတ်ပါဘူး၊ ကျောင်းတွေ တက္ကသိုလ်တွေမှာတပ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။)

Technology

Max

Bandwidth

Media

CO line Distance

Cost

Maintenance

Requirement

Setup/ installation

FTTx

1G/10Gbps

Dedicated

20 km

High

low

Expert

Level

VDSL

250Mbps

Dedicated

1 km

Low

Medium

Technician/

Self Install

Cable Modem

160Mbps

Shared

10 km

Medium

Medium

Technician/

Self Install

Technology

Max

Bandwidth

Media

CO line Distance

Cost

Maintenance

Requirement

Setup/ installation

FTTx

1G/10Gbps

Dedicated

20 km

High

low

Expert

Level

VDSL

250Mbps

Dedicated

1 km

Low

Medium

Technician/

Self Install

Cable Modem

160Mbps

Shared

10 km

Medium

Medium

Technician/

Self Install

Next Page »

Theme: Rubric. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.