Oakkar7's Blog

January 14, 2010

Hybrid FTTH Network

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 4:09 pm
Tags:

FTTH ကို development လုပ်ရာမှာ သီးခြား system design လုပ်တာနဲ့စာရင် Hybrid Network အနေနဲ့ တည်ဆောက်တာက ပိုပြီးသင့်တော်ပါတယ်၊ Service network infrastructure တွေတိုင်းမှာ copper, twisted telephone cable, coaxial cable, fiber စသည်ဖြင့် ရှိကြပါတယ်၊ သုံးစွဲသူတိုင်းအတွက် သင့်တော်တဲ့ speed/plan ရနိုင်အောင် FTTH ကို xDSL, Cable Modem, home PNA, Ethernet စသည့် နည်းပညာများဖြင့် ပေါင်းစပ်ပြီး FTTH, FTTC, FTTP အားလုံးရောစပ်ပြီးတည်ဆောက်လာကြပါတယ်၊ FTTH ကိုပဲ Uplink အနေနဲ့သုံးပြီး campus တစ်ခုအတွင်းမှာ Ethernet LAN, VDSL စည်တို့ဖြင့် share လုပ်သုံးစွဲတာမျိုးလဲ ရှိပါတယ်။

FTTH - Hybrid Network

PON Standards

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 4:06 pm
Tags:

FTTH Council Logo

FTTH system တွေကို standard, rule, regulation တွေထိမ်းသိမ်းညှိနှိုင်းတာ၊ အဖွဲ့အစည်းတွေကို စုစည်းတာ တွေကို FTTH Coulcil (http://www.ftthcouncil.org/) ကနေ ဆောင်ရွက်ပါတယ်၊ FTTH Council ဟာ Fiber technology developper, supplier, service provider, manufacturer တွေစုစည်းထားတဲ့ Non-profits Organization တစ်ခုပါပဲ။

ITU Logo

TU (International Telecom Union) ဟာ ဆက်သွယ်ရေးနဲ့ ပါတ်သက်တဲ့ standards တွေကို ချမှတ်ရာမှာ အလွန်သြဇာ ကြီးပါတယ်၊ ITU-T Recommendation လို့ခေါ်တဲ့ Standard sets တွေဟာ A ကနေ Z အထိ ရှိပါတယ်၊ ဆက်သွယ်ရေး နည်းပညာတွေ ကို သူ့ အုပ်စုနဲ့သူ ခွဲထားတာပါ၊ ဥပမာ Transmission systems and media, digital systems and networks နဲ့ပါတ်သက်တာတွေဟာ G နဲ့ စပါတယ်၊ G.992, G.989  စသည်ဖြင့်ပါ။

IEEE Logo

“I Tripple E” လို့သိကြတဲ့ IEEE (Institute of Electrical and Electronics Engineers) အဖွဲ့ကြီးရဲ့ အခွဲတစ်ခုဖြစ်တဲ့ Institute of Electrical and Electronics Engineers Standards Association (IEEE-SA) ကလဲ communications, industry, power စတဲ့ နယ်ပယ်တွေမှာ Standard တွေကို ကိုင်တွယ်ကြီးကြပ်ပါတယ်၊ ဒီ Standard တွေကို IEEE Standard လို့ လူသိများပါတယ်၊ ဥပမာ နက်ဝပ်မှာ အလွန်အသုံးများတဲ့ Ethernet ဟာ IEEE 802.3 standard ဖြစ်ပြီး Wireless networking technology တစ်ခုဖြစ်တဲ့ WiFi ကတော့ IEEE 802.11 standard ဖြစ်ပါတယ်။

ပြသာနာက Standardization အဖွဲ့က နှစ်ခု ဖြစ်နေတဲ့အခါ နည်းပညာတစ်ခု ပေါ်လာတိုင်း Standard set တွေဟာ နှစ်ခုစီဖြစ်နေပါတယ်၊ (ITU ဟာ telecommunications နဲ့ပါတ်သက်တဲ့ standard တွေမှာ သြဇာကြီးပြီး IEEE ကတော့ IT/Networking technology တွေမှာ ပိုပြီး သက်ရောက်တယ်လို့ ထင်ပါတယ်) အခြား သူ့အုပ်စုနဲ့သူ သတ်မှတ်ကြတဲ့ standard တွေဟာလဲ မနဲပါဘူး၊ တချို့ standard တွေက compatible ဖြစ်ပေမယ် တချို့ဟာတွေက မတူပါဘူး၊ တချိုကဟာတွေက လုံးလုံးမှ မတူပါဘူး၊( တချိုကနေရာတွေမှာ သေချာ မတူအောင် လုပ်ထားတယ်လို့တောင် ထင်မိပါတယ်) Service provider, developer, professional တွေအတွက်တောင် တော်တော်ကြီး Confused ဖြစ်ရပါတယ်။
FTTH မှာလဲ စကထဲက Standard နှစ်ခု ဖြစ်နေပါတယ်။ အဓိကကျတဲ့ PON standard တွေကို ရေးပါမယ်။

1. APON (TDM PON)
အရင်တုံးက telecommunication infrastructure တွေရဲ့ အဓိက Fiber backbones တွေဟာ SONET (Synchronous Optical Network)/SDH (Synchronous Digital Hierarchy), ဒါမှမဟုတ် ATM (Asynchronous Transfer Mode) backbone တွေပဲများပါတယ်၊ SONET/SDH ဟာ TDM (Time Division Multiplexing) ကိုသုံးပါတယ်၊ SDH မှာ အခြေခံအကျဆုံး STM-1 လို့ခေါ်တဲ့ backbone link တစ်ခုဟာ 155Mbps သယ်ဆောင်နိုင်ပြီး STM-4 link တစ်ခုကတော့ 622Mbps data rate နဲ့ သွားနိုင်ပါတယ်၊ ဒါကြောင့်လဲ အစောပိုင်းက FTTH တွေဟာ ဒီTDM link တွေကို အခြေခံပါတယ်၊ ဒီနည်းပညာကို APON(ATM PON), ဒါမှမဟုတ် TDM PON လို့ သိကြပါတယ်၊ SDH/ATM ကို အခြေခံတဲ့ အတွက် ရနိုင်မယ့် speed ဟာလဲ 155/622 Mbps သာရနိုင်ပါတယ်။

2. BPON (Broadband PON)
ITU-T standard, G.983 ဖြစ်တဲ့ ဒီ PON ဟာ အပေါ်က APON ကိုပဲ WDM နဲ့ ပေါင်းစပ်ထားတာပါ၊ ATM/SONET, Ethernet သုံးခုလုံးကို support လုပ်ပါတယ်၊ ဒါပေမယ့် data rate ကတော့ FTTH ရဲ့ standard rate လို့ပြောကြတဲ့ 1 Gbps speed ကို မရောက်သေးပါဘူး။

3. GEPON (Ethernet PON)
Ethernet PON လို့ခေါ်ကြတဲ့ ဒီနည်းပညာကတော့ ပထမဆုံး Ethernet technology ကို အခြေခံတဲ့ နည်းပညာဖြစ်ပါတယ်၊ IEEE ရဲ့ standard ဖြစ်ပြီး 802.3ah ဟာ 1Gbps speed ကို support လုပ်ပြီး 2006 မှာထပ်ပြီး ဖြည့်တဲ့ 802.3av standard ကတော့ 10Gbps speed ကို support ပေးနိုင်ပါတယ်။

4. GPON (Gigabit PON)
IEEE ကနေ 1/10 Gbps speed standard တွေကို လုပ်တဲ့အခါ ITU ကနေ 1/10 Gbps ကို support ပေးမယ့် ITU-T G.984 standard ကို ထပ်ပြီး ထုတ်ပြန်ပါတယ်၊ ထူးခြားတာက Mixed mode protocol, SONET/ATM/Ethernet သုံးခုလုံးကို support ပေးနိုင်တာပါ၊ အရင် ရှိပြီးသား SONET/ATM network တွေကနေ migrate လုပ်ချင်သူတွေအတွက်လဲ မျက်စိကျချင်စရာပါပဲ။

FTTH System Devices and Equipments

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 3:24 pm
Tags:

FTTH system တစ်ခုမှာ အဓိက equipments ၃ ပိုင်းရှိပါတယ်၊ ISP/Exchange ဖက်မှာထားမဲ့ OLT(Optical Line Terminal), ကြားထဲက Cabinet,Curb,Premise Point မှာထားရမဲ့ Splitter/Eth-Switch တွေနဲ့ customers နေရာမှာ တပ်ဆင်ရမယ့် ONT/ONU (Optical Network Terminal/Unit) ဖြစ်ပါတယ်။

FTTH System, Main Equipments

OLT တွေမှာ  WDM Coupler, Internet Access , Voice Gateway, VoIP Soft-switch Interface, Video Access စတဲ့ ဖန်ရှင်တွေပါရှိပါတယ်။

Optical Line Terminal Device

ပုံမှာ 1/32 Splitter တစ်ခုကို ဖေါ်ပြထားပါတယ်၊ အောက်ကတော့ Splitter တွေတပ်ဆင်တဲ့ Outdoor Cabinet တစ်ခုပါ။

1/32 PON Splitter

FTTH PON Splitter Cabinet

ONT/U မှာ Indoor CPE နဲ့ Outdoor CPE နှစ်မျိုးရှိပါတယ်၊ CPE ဆိုတာကတော့ Customer Premise Equipment ပါ၊ တနည်းအားဖြင့် Customer က responsibility ရှိတဲ့ သုံးစွဲသူနေရာမှာ ထားတဲ့ equipment ကိုခေါ်ပါတယ်၊ အပေါ်ပုံက Indoor type OLT ပါ၊ နောက်တစ်ပုံကတော့ Outdoor OLT ပါ၊ Outdoor မှာ အပြင် enclosure, ဘက်ကပ်ပါဝါအတွက် Battery, Eth/Gigabit Eth port, Telephone ports တွေပါဝင်တာ တွေ့ရမှာပါ။

Optical Network Terminal (Indoor CPE)

Optical Network Terminal (Outdoor CPE)

PON Splitter Basic

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 2:32 pm
Tags:

Optical Splitters တွေရဲ့ လုပ်ဆောင်ချက်ကတော့ Fiber 1 core ကို အနည်းဆုံး 4 cores ကနေ 128 cores ထိအောင် ခွဲထုတ် အသုံးပြူနိုင်ပါတယ်၊ သူ့ရဲ့အခြေခံကလဲ အရှုတ်ထွေးကြီး မဟုတ်ပါဘူး၊ Fused Biconic Taper Optical splitter တစ်ခုကို နမူနာပြထားပါတယ်၊ FBT ဆိုတာကတော့ Optical Fiber နှစ်ပင်ကို ပူးကပ် (Fusion) လိုက်တာပါပဲ။ ပူး တဲ့နေရာမှာ wavelength အလိုက် အချိုးကျတွက်ချက်ပြီး ဘယ်နှစ်ပင်ပွားယူမယ်ဆိုတာကို (Splitting ratio) အရ တွက်ချက်ယူနိုင်ပါတယ်၊ Optical splitter တွေဟာ ရိုးရှင်းယုံသာမက အရွယ်အစားသေးငယ်ပြီး တပ်ဆင်ရတာလဲ လွယ်ကူပါတယ်၊ ပုံမှာ splitter နဲ့ outdoor မှာ တပ်ဆင်ထားပုံကို ပြထားပါတယ်၊ အခြား splitting နည်းပညာတွေလဲ ရှိပါသေးတယ်၊ PLC (Planar Lightwave Circuit) ဆိုတာကတော့ ဒီ Optical Splitter တွေကို semiconductor နည်းပညာနဲ့ ဖန်တီးထားတာပါပဲ၊ Micron အဆင့်ထိ သေးငယ်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထုတ်လုပ်ရာမှာ semiconductor နည်းပညာဟာ အောင်မြင်ပြီးသားပါ၊ PLC ဆိုတာကတော့ semiconductor wafer တွေကြားထဲမှာ သေးငယ်တဲ့ optical fusion tapper လေးတွေကို တည်ဆောက်ထားတဲ့ splitter တွေပါပဲ။
PON Splitter တွေမှာ Splitting ratio များလာတာနဲ့ အတူ losses ကလဲ များလာပါတယ်၊ ဒါကြောငိ့ သုံးနိုင်တဲ့ maximum distance ဟာ 20km ပဲရနိုင်ပါတယ်၊ ဒါပေမယ့် 20km ဆိုတာဟာ ဒီနေ့ Metropolitan Network တွေမှာ လုံလောက်တဲ့ အကွာအဝေးပါ၊ ဒါကြောင့်လဲ PON FTTH ဟာ ဒီနေ့ service provider တွေရဲ့ အသုံးအများဆုံး နည်းပညာ တစ်ခုဖြစ်လာပါတယ်။

င်္Fused Biconic Taper အခြေခံ

WDM Coupler and Optical Filter Basic

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 2:26 pm
Tags:

WDM concept ဟာ 1970, ဖိုင်ဘာနည်းပညာနဲ့ မရှေးမနှောင်းမှာပဲ ပေါ်လာခဲ့ပါတယ်၊ WDM Coupler နဲ့ Optical Filter တွေဟာ Fiber Communication ရဲ့အသက်လို့တောင်ပြောလို့ရပါတယ်၊ ပုံမှန် Fiber Single core ကို အနည်းဆုံး Signal paths, ၃ ခုကနေ ၁၆ ခုထိအောင်တောင် ပေါင်းပေးနိုင်ပါတယ်၊ Signal carrier များလာရင် ရမယ့် Bandwidth ဟာလဲ အချိုးညီ တိုးလာပါတယ်၊ ဒါဟာလဲ ဈေးနှုံးကြီးမြင့်လှတဲ့ Fiber cable တွေကို အကျိုးရှိရှိ အသုံးချနိုင်မယ့် အားသာချက်ပါပဲ၊ ပုံမှန် DWM တွေဟာ Signal Carrier path ၁၆ ခုထိအောင် ပေါင်းပေးနိုင်ပြီးတော့ DWDM လို့ခေါ်တဲ့ Dense WDM ကတော့ ချယ်နယ်စပေ့ကို ပိုကပ်အောင်လုပ်ထားပြီး ၁၆၀ signal paths ထိအောင် ပေါင်းပေးနိုင်ပါတယ်။ FTTH မှာ WDM ကိုပဲ အသုံးများပါတယ်၊ DWDM ကို သုံးထားတဲ့ FTTH system design တွေရှိပေမယ့်လဲ standard ဖြစ်မလာသေးသလို ကုန်ကျစရိတ်ကလဲ ရိုးရိုး WDM ထက်ကြီးပါတယ်၊ တကယ်လို့များ DWDM+FTTH သာ ဒီထက်အောင်မြင်ပြီး reliable ဖြစ်လာခဲ့ရင် Land line cable communication မှာ FTTH ရဲ့ တစ်ခေတ် အသေအချာကြီးကို ဖြစ်လာပါလိမ့်မယ်။

WDM Coupler တွေအလုပ်လုပ်ပုံက သိပ်အရှုပ်အထွေးကြီး မဟုတ်ပါဘူး၊ အလင်းတန်းတစ်ခုဟာ ဖန်သားပြင်တစ်ခုကို ရိုက်ခတ်တဲ့အခါ ရောင်စဉ်တွေရဲ့ အလင်းပြန်မှုဟာ လှိုင်းအလျား(wavelength) ပေါ်မူတည်ပြီး ရိုက်ထောင့် (Reflected Angle) မတူပါဘူး၊ အဖြူရောင်အလင်းတန်း သုံးမြှောင့်ဖန်တုံးကို ဖြတ်သွားတဲ့အခါ ရောင်စဉ်တွေကွဲထွက်သွားတာ သိကြပြီးသားပါ၊ WDM Coupler မှာလဲဒီသဘောတရား အတိုင်းပါပဲ၊ Bulk Diffraction Grating Coupler တစ်ခုမှာ wavelength မတူတဲ့ laser rays တွေဟာ reflected diffraction grating plane တစ်ခုကို မှန်ကန်တိကျတဲ့ ရိုက်ထောင့်တွေကနေ သွင်းလိုက်တဲ့အခါ spectrum တစ်ခုထဲအဖြစ် ပေါင်းသွားပါတယ်၊ တခြား Optical Coupler နည်းပညာတွေလဲ ရှိပါသေးတယ်။ နမူနာအနေနဲ့ Bulk Diffraction Grating Coupler တစ်ခုကို ဖေါ်ပြထားပါတယ်။

Bulk Diffraction Grating Coupler အခြေခံ

Optical Filter တွေအလုပ်လုပ်ပုံက ရေဒီယိုလှိုင်း filter တွေအလုပ်လုပ်ပုံနဲ့ တသဘောထဲပါပဲ၊ ရေဒီယို Filter တွေဟာ frequency တွေအများကြီးထဲက လိုချင်တဲ့ frequency တစ်မျိုးထဲကိုသာ ရွေးစစ်ထုတ်နိုင်ပါတယ်၊ Optical Filter တွေကလဲ ပေါင်းစပ်ထားတဲ့ multi wavelength Laser spectrum ထဲကနေ လိုချင်တဲ့ wavelength ကို ရွေးစစ်ထုတ်နိုင်ပါတယ်၊ TFF(Thin Film Filter) တွေဟာ optical communication မှာ main component တွေပါပဲ၊  ဒီ TFF တွေကို optical နဲ့ Semiconductor နည်းပညာ ပေါင်းစပ်ပြီးပြုလုပ်ထားတာ ဖြစ်ပါတယ်၊ TFF တွေရဲ့ အခြေခံကတော့ အလင်းလှိုင်းတစ်ခုဟာ မတူတဲ့ media နှစ်ခုကို ဖြတ်သွားတဲ့အခါ အလင်းယိုင်သွားတာကို သိကြမှာပါ၊ ဒီလို အလင်းယိုင်တာကို ဖေါ်ပြတဲ့ ညွှန်းကိန်းကို အလင်းယိုင်ကိန်း(Reflected index) လို့ခေါ်ပါတယ်၊ Optical ray တွေရဲ့ reflected index ဟာ wavelength အပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု မတူကြပါဘူး၊ ဒီလို အလင်းတန်းတစ်ခုဟာ မီဒီယာ တစ်ခုကို ဖြတ်တဲ့အခါမှာ သူရဲ့ အလင်းပြန်မဲ့ direction ဟာ သူ့ရဲ့ Reflected index ထက်ကြီးနေမယ်ဆိုရင် အလင်းဟာ ဒီမီဒီယာကို မဖြတ်နိုင်တော့ပါဘူး၊ ဒီအချက်ကို အခြေခံပြီး TFF တွေဟာ လိုချင်တဲ့ wavelength ကိုသာ ဖြတ်သွားအောင် ဒီဇိုင်းပြုလုပ်ကြပါတယ်၊ TFF ဟာ လိုချင်တဲ့ wavelength ကိုအသေပဲ စစ်ထုတ်နိုင်ပါတယ်၊ တနည်းအားဖြင့် ချိန်ညိလို့ မရပါဘူး၊ တခြား optical filter နည်းပညာတွေလဲ ရှိပါသေးတယ်၊ တချို့ technology တွေဟာ လိုအပ်တဲ့ wavelength ကို ကြိုက်သလို ချိန်ညှိ(Tunable) လုပ်နိုင်သလို တချို့ဟာတွေက ကြိုက်သလို ပေါင်းနိုင်ခွဲထုတ်နိုင် (Add-drop) စေပါတယ်။

Thin Film Filter အခြေခံ

PON Main Components

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 2:15 pm
Tags:

PON မှာအဓိကအရေးကြီးတဲ့ အစိတ်အပိုင်း (၂) ခုရှိပါတယ်။ Fiber တစ်ချောင်းမှာ Optical rays ၃ ခုကို ပေါင်းတည့်ပေးနိုင်တဲ့ WDM Coupler နဲ့ fiber တစ်ပင်ကို 16,32 စသည်ဖြင့် ပွားပေးနိုင်တဲ့ Optical Splitter တွေပါ။

WDM Coupler and Optical Splitter

WDM Coupler တွေကတော့ အရင်ထဲက ရှိပြီးသားနည်းပညာပါ၊ WDM ဆိုတာကတော့ Wavelength Division Multiplexing ပါ၊ Multiplexing လုပ်တယ်ဆိုတာကတော့ Communication media တစ်ခုထဲပေါ်မှာ Data Channel အများကို shareလုပ်ခြင်း၊ ပေါင်းထဲ့ခြင်းကို ဆိုလိုတာပါ၊ ဥပမာ cable တစ်ချောင်းထဲမှာ တယ်လီဖုံးပြောဆိုမှုလိုင်း (telephone voice channels) ၃၀ လောက်ပေါင်းပြီးသွားတာ၊ ရေဒီယိုဖရီကွင်စီ (radio band) တစ်ခုထဲမှာ ဆက်သွယ်မှုချယ်နယ် အများအပြား သွားတာတွေ ဟာ Multiplexing နည်းပညာ ပါပဲ၊ ဒီလိုပဲ Wavelength မတူတဲ့ laser rays တွေကို Fiber တစ်ချောင်းထဲပေါ်မှာ သွားအောင် WDM Coupler က ပြုလုပ်ပေးပါတယ်၊ Transmit data အတွက် 1310nm wavelength ရှိတဲ့ laser ray ကိုသုံးပြီး receive data အတွက်ကတော့ 1490nm wavelength ကိုသုံးပါတယ်၊ FTTH ဟာ tripple play (Voice+Video+Internet) ဆိုတဲ့အတိုင်း On demand video, video broadcast, IPTV စတဲ့ ဖျော်ဖြေမှုဆိုင်ရာ ရုပ်သံထုတ်လွှင့်မှုများအတွက်လဲ တပါထဲ ပေါင်းထဲ့နိုင်အောင် 1550nm wavelenght နဲ့ receiving/broadcast data ကိုလဲ သုံးထားဖြစ်ပါတယ်၊ Customer ဖက်ခြမ်းမှာ Optical Splitter ကို တပ်ဆင်လိုက်ခြင်းအားဖြင့် ဒီ Multiplexing data stream တွေဟာ သုံးစွဲသူအများဆီကို မျှဝေခွဲထုတ်နိုင်ပါတယ်။

PON System Design

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 2:12 pm
Tags:

Passive optical network တွေမှာ ISP ကနေ သုံးစွဲသူနဲ့ အနီးဆုံး cabinet(or)curb, PoP ထိ Fiber backbone uplink ကို ဆွဲလာတာကတော့ AON နဲ့တူပါတယ်၊ အဓိက ထူးခြားချက်ကတော့ Fiber Core တစ်ပင်ကို 16 cores, 32 cores စသည်ဖြင့် ပွားယူခွဲထုတ်နိုင်တဲ့ Optical Splitters တွေကို အသုံးပြုထားတာပါပဲ။ ဒါတင်မကပဲ aggrigate side (ISP) မှာ WDM(Wavelength Division Multiplexing) ကို အသုံးပြုပြီး transmit, receive နဲ့ broadcast data တွေကို ခွဲထုတ်နိုင်တာပါပဲ။ WDM ကိုသုံးခြင်းအားဖြင့် TX, RX data တွေသာမကပဲ video broadcast တွေကိုပါ Fiber တစ်ချောင်းထဲကို အသုံးပြုပြီး ဆက်သွယ်စေနိုင်ပါတယ်၊ Optical Splitter တွေကို အသုံးပြုခြင်းအားဖြင့် Fiber 1 core ကို အနည်းဆုံး 4 cores ကနေ 128 cores ထိအောင် ခွဲထုတ် အသုံးပြူနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ splitter တွေဟာ passive ဆိုတဲ့အတိုင်း ပါဝါပေးစရာ မလိုပါဘူး။

PON (Passive Optical Network)

ပုံမှာ ပြထားတဲ့အတိုင်း Fiber ၁ ပင်ထဲမှာ wavelength ၃ ခုနဲ့ တပြိုင်ထဲ ပို့နိုင်ပါတယ်၊ Customer area ရောက်မှ Splitter ကို အသုံးပြုပြီး ဖိုင်ဘာ တချောင်းဆီနဲ့ ခွဲထုတ်သွားနိုင်ပါတယ်၊ Per cable cost, installation cost, complex, time တွေကို တပြိုင်ထဲ ခြွေတာနိုင်စေပါတယ်။

AON System Design

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 2:04 pm
Tags:

Active optical network တွေမှာ ISP ကနေ သုံးစွဲသူနဲ့ အနီးဆုံး cabinet(or)curb ထိ Fiber backbone uplink ကို ဆွဲလာပါတယ်၊ အဲဒီ termination point ကို PoP (Point of Presence) လို့လဲ သုံးနှုံးပါတယ်၊ PoP ဆိုတာကတော့ service provider network တွေမှာ Customers တွေကို network access ခွဲဝေပေးတဲ့ point ကို ခေါ်တာပါ၊ PoP, Cabinet နဲ့ Curb တွေဟာ အကွာအဝေး၊ ဆားဗစ်မျှဝေမှုပေါ် မူတည်ပြီး အခေါ်လေးတွေ နဲနဲစီကွာသွားပါတယ်၊ အဓိကတူတာကတော့  Customers တွေကို connection/access မျှဝေပေးတဲပနေရာပါပဲ၊ Cabinet/Curb/PoP ရောက်တော့မှ device တစ်ခုတပ်ပြီး သုံးစွဲသူတွေကို shared ပေးပါတယ်၊ ဥပမာ Active Ethernet ပေးချင်တယ်ဆိုရင် layer-3 switch တစ်လုံးနဲ့ ခွဲဝေနိုင်ပါတယ်၊ layer-3 Switch ဆိုပေမယ့် outdoor မှာထားမယ်ဆိုရင် enveriomantal friendly ဖြစ်အောင် temperature harden (အပူချိန်ထိမ်းသိမ်းထားတဲ့) Switch မျိုးဖြစ်ဖို့လိုပါတယ်၊ ဒါမှလဲ ပါတ်ဝန်းကျင်အပူချိန်ကြောင့် Switch ရဲ့ performance မထိခိုက်မှာပါ။Customer’s side မှာရနိုင်မယ့် အမြင့်ဆုံး data rate ဟာ သုံးစွဲထားတဲ့ Access technology ပေါ်မှမူတည်နေပါတယ်၊ ဥပမာ Fast Ethernet ကို သုံးစွဲထားရင် 100Mbps နဲ့ Node/Curb/PoP ကနေ Customer နေရာအထိ 100m အကွာအဝေးရပါမယ်၊ Gigabit Ethernet converter တွေနဲ့ Single mode fiber ကိုသုံးပြီး share လုပ်ခဲ့ရင်တော့ 1Gpbs speed နဲ့ 20km ထိအောင် လိုင်းအကွာအဝေးရနိုင်ပါတယ်၊ ဒီလို AON နဲ့ ethetnet network မျိုးကို Active Star network လို့လဲ သုံးနှုံးပါသေးတယ်။ တကယ်တန်းတော့ ဒီနက်ဝပ် ဒီဇိုင်းမျိုးက Ethernet switch တစ်ခုမှာ  Cat-5 cable တွေနဲ့ နက်ဝပ်ချိတ်ထားတာနဲ့ သဘောတရားခြင်း သိပ်တော့ မကွာလှပါဘူး။
ဒါမှမဟုတ် network cable မမှီတဲ့ အကွာအဝေး (မီတာ-၁၀၀) ကျော်နေခဲ့ရင် ဖုံးလိုင်း (copper cable) ကိုသုံးပြီး VDSL လိုဟာမျိုးနဲ့လဲ ချိတ်ဆက်ပေးလို့ရနိုင်ပါသေးတယ်၊ Coaxial cable network ရှိရင်လဲ Cable Modem နဲ့လဲ extend လုပ်နိုင်ပါတယ်၊ FTTP ဒီဇိုင်းဖြစ်လို့ customer’s building/campus ဆိုရင်လဲ home PNA (Home Phone Network Alliance) လိုဟာမျိုးနဲ့လဲ သုံးပြီး share ပေးနိုင်ပါသေးတယ်၊ Home PNA ဆိုတာကတော့ အဆောက်အဦတွေမှာ ရှိပြီးသား တယ်လီဖုံးကေဘယ်တွေကို သုံးပြီး IP Network ချိတ်နိုင်တဲ့ နည်းပညာပါ၊ VDSL ကလဲ Copper telephone cable ကိုသုံးပြီး 250Mbps speed ထိအမြင့်ဆုံး ရရှိနိုင်တဲ့ နည်းပညာပါ၊ ကွာတာကတော့ HPNA ဟာ Indoor telephone cable အတွက်ရည်ရွယ်ပြီး VDSL ကတော့ Outdoor အတွက်ပါသုံးနိုင်ပါတယ်။

AON 9or) Active Star Ethernet Network

ဒီ AON system တွေဟာ ရှိသမျှ equipments, devices အားလုံးကို ပါဝါပေးဖို့ လိုအပ်ပါတယ်။  Uplink backbone fiber မှာ bandwidth ကို share လုပ်ထားတာ ဖြစ်လို့ performance ဟာ သုံးစွဲသူများလာရင် uplink မှာ bottle-neck ဖြစ်နိုင်ပါတယ်၊ Speed /Performance လိုရင် System cost ဟာလဲ ပိုကုန်ကျနိုင်ပါတယ်၊ အားသာချက်ကတော့ overall managament လုပ်ရာမှာ လွယ်ကူပါတယ်၊ ရှိပြီးသား cable networks system တွေနဲ့ အဆင်ပြေပြေ တွဲဆက် upgrade လုပ်ပြီးအသုံးပြုနိုင်ပါတယ်။

Type of FTTH network Designs

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 1:58 pm
Tags:

Products တွေ နည်းပညာတွေ ဘယ်လိုပဲကွဲနေပါစေ FTTH system တွေကို အဓိက နှစ်မျိုးပဲ ခွဲနိုင်ပါတယ်၊
၁) Active FTTH System
Active Optical network (AON) လို့လဲ အသိများပါတယ်၊
Active ဆိုတဲ့အတိုင်း system devices တွေကို power ပေးဖို့လိုပါတယ်၊
သုံးထားတဲ့ Fiber က Shared ရော Dedicated ရော နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။
နည်းပညာသက်တမ်းအတော်ကြာပြီဖြစ်ပြီး ကနဦး FTTH တွေဟာလဲ တော်တော်များများ Active Type တွေဖြစ်ပါတယ်။
၂) Passive FTTH System
Passive Optical network (PON) လို့လဲ အသိများပါတယ်၊
Passive ဆိုတဲ့အတိုင်း ကြားထဲက Optical Shared Point တွေဟာ electrical power ပေးထားစရာမလိုပါဘူး။
Main Backbone/Up-link Fiber တစ်ချောင်းကို 16 pins, 32 pins, 64 pins စသည်ဖြင့် optical Splitter များ အသုံးပြုပြီး ခွဲထုတ်သုံးစွဲနိုင်ပါတယ်၊
Single Fiber ကို ခွဲထုတ်ပြီး သုံးတယ်လို့ ဆိုပေမယ့် ရမယ့် bandwidth ဟာ shared မဟုတ်ပါဘူး၊ Data Traffic တွေဟာ သီးခြားစီ သွားနိုင်ပါတယ်၊
သူလဲပဲ သက်တမ်းအတော်ကြာပြီ ဖြစ်တဲ့ နည်းပညာတစ်ခု ဖြစ်ပြီး ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာတာကတော့ မကြာသေးပါဘူး၊ နောက်ပိုင်း FTTH service တော်တော်များများဟာ ဒီနည်းပညာကို သုံးပါတယ်၊

PON ကို ကျွန်တောစပြီး စိတ်ဝင်စားတာက Shared points တွေကို Electrical Power ပေးစရာမလိုဘူးဆိုတဲ့ အချက်ပါ၊ ငါတို့တိုင်းပြည်နဲ့ ကိုက်တယ်လို့လဲ စဉ်းစားမိပါတယ်၊ (မီးပျက်လို့ Access Node ဒေါင်းမှာပူစရာမလိုတော့ဘူးး)) နောက်တစ်ခုအရေးကြီးဆုံးအချက်က PON ဟာ FTTH System တွေထဲမှာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တာပါပဲ၊ ဒါကြောင့် ဒီနည်းပညာကို အဓိက ထားပြီး ရေးချင်ပါတယ်။

Why FTTH?

Filed under: FTTH (ဖိုင်ဘာ) — oakkar7 @ 1:52 pm
Tags:

Bandwidth နဲ့ Speed ကို တောင်းဆိုလာတဲ့ WEB 2.0 နည်းပညာတွေကြောင့် 4G ဆက်သွယ်ရေးနည်းပညာတွေဟာ ပိုလို့ လိုအပ်လာပြန်ပါတယ်။ သုံးစွဲသူတွေဟာ ပိုပြီးမြန်ဆန်တဲ့ connection ကိုသာအမြဲတောင်းဆိုလို့နေကြပါတယ်၊ လူတွေဟာ ရှုတ်ထွေးမှုတွေကို မကြိုက်ကြတော့ပါဘူး၊ ကျွန်တော်တို့ ငယ်ငယ်က စက်ပစ္စည်းတွေဆိုရင် ဖန်ရှင်တွေများမှ ကြိုက်ကြပါတယ်၊ ခလုတ်တွေကလဲ ရှုတ်ရှက်ခတ်ပြီး မီးလုံးတွေကလဲ မှိတ်တုတ်မှိတ်တုတ်နဲ့နေမှ ကြိုက်ကြပါတယ်၊ ဒီနေ့ခေတ်မှာတော့ လူတွေရဲ့အကြိုက်ရော Developers တွေအမြင်ရောပြောင်းသွားပါပြီ၊ သုံးစွဲသူတွေဟာ ရိုးရှင်းလွယ်ကူတာကိုပဲ ကြိုက်လာကြပါတယ်၊ စက်ပစ္စည်း တစ်ခုအသုံးပြုဖို့ သင်ကြားနေရမယ်ဆိုရင် ဝန်လေးကြပါတယ်၊ Apple ရဲ့ products တွေ လူကြိုက်များရတဲ့ သော့ချက်ထဲမှာ ရိုးရှင်းလွယ်ကူတာလဲ တစ်ချက်အပါအဝင်ပါပဲ၊ ဒီနေ့ ကျွန်တော်တို့ အိမ်မှာ နေတဲ့အခါ အင်တာနက်သုံးရင် desktop နဲ့ ADSL လိုဟာမျိုးနဲ့သုံးရပါတယ်၊ ဖုံးပြောဖို့ဆိုရင် ဟင်းဖုံးကိုသုံးမယ်၊ TV ကြည့်ချင်ရင် TV ကိုဖွင့် ဒါမှမဟုတ်ရင် Mrtv-4 ကိုဖမ်းယူကြည့်ရှုရပါလိမ့်မယ်၊ ရုံးရောက်ရင် ရုံးက PC နဲ့ connection, ဖုံးစတာတွေသုံးရပါမယ်၊ သုံးစွဲသူတွေဟာ ဒီလိုစုံစီနဖာ ပစ္စည်းပေါင်းစုံ သုံးရတာကို မကြိုက်ကြပါဘူး၊ ဒီနေ့ခေတ်မှာ Triple Play လို့ခေါ်တဲ့ Voice+Video+Internet ကို ပစ္စည်းတစ်ခု connection access တစ်ခုထဲနဲ့ သုံးချင်လာကြပါတယ်၊ ဒီလို communication+ entertainment ကို တောင်းဆိုလာတာကလဲ FTTH လို high speed data access connection တွေအတွက် တွန်းအားတစ်ခုဖြစ်လာပါတယ်။
နောက်တစ်ခုက cable communication media မှာ Copper နဲ့ Fiber လို့ Cable Type နှစ်မျိုးပဲ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်၊ ဒီနေ့ သုံးနေတဲ့ လက်ရှိ cable Network တွေဟာ များသောအားဖြင့် Copper cable တွေသာများပါတယ်၊ လက်ရှိ ADSL, VDSL, Cable Modem, Dialup စတဲ့ Data access နည်းပညာတွေကလဲ ဒီ Coaxial, Twisted copper cable တွေပေါ်မှာပဲ အခြေခံပါတယ်၊ ဒီ copper cable communication နည်းပညာတွေကလဲ လက်ရှိထက်ပိုပြီး တောင်းဆိုလာတဲ့ higher data speed တွေကို ဖြည့်ဆည်းဖို့ ကန့်သတ်ချက်တွေရှိလာပါတယ်၊ ဒါကြောင့် Developers တွေ Service provider တွေရဲ့ Next generation communication model ဟာ Optical Fiber ဖြစ်လာရပါတယ်။

« Previous PageNext Page »

Theme: Rubric. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.