WiMAX ရဲ့ Idea ကို ဘယ်ကစခဲ့တာလဲ …

Idea ကတော့ wireless networking ကနေလာတာပဲ ၂၀၀၀ နောက်ပိုင်း Long Distance Wireless အတွက် Intel ကနေစပြီး organized လုပ်ခဲ့တယ်လို့ပြောရမှာပေါ့ အဓိက IT Industry မှာပါတဲ့ Chipset Provider, Network Provider, Service Providers တွေစုပြီးစခဲ့တဲ့  Standard တစ်ခုလို့ပဲ ဆိုရမှာပါ နောက်ပိုင်းမှာ WiMAX Forum ဆိုပြီး Non-Profit Organization တစ်ခုဖြစ်လာတယ် WiMAX Forum ဟာနောက်ပိုင်း ဒီနေ့အချိန်ထိ WiMAX နဲ့ ပါတ်သက်တဲ့ Standard တွေ Certificates တွေ Development တွေကို ထိမ်းသိမ်းတဲ့ အဖွဲ့အစည်းဖြစ်လာတယ်။

ဒီနေ့ ICT ဆက်သွယ်ရေး နည်းပညာမှာ ဆက်သွယ်ရေးနည်းပညာ (Telecommunication) နဲ့ နက်ဝပ်နည်းပညာ (Networking) ဆိုပြီး technology နှစ်ခုကွဲနေတာကို သတိပြုမိကြမှာပါ၊ ဆက်သွယ်ရေးနည်းပညာ (Telecommunication) ဟာ အဓိက Voice လို့ဆိုရမဲ့ တယ်လီဖုံးဆက်သွယ်ရေးကို ဆင့်ပွားပြီးပြောင်းလဲ တိုးတက်လာခဲ့ပါတယ်၊ ဆယ်လူလာ၊ ဂျီအက်စ်အမ် စတဲ့နည်းပညာတွေကို စတင်ခဲ့တုံးက အသံနဲ့ တယ်လီဖုံးခေါ်ဆိုမှုကိုသာ အဓိကထားခဲ့ပါတယ်၊ နောက်ပိုင်း အင်တာနက်ခေတ် ရောက်တော့မှာ ရှိပြီးနည်းပညာတွေကို  ထက်မံ မွန်းမံပြောင်းလဲလို့ Data သုံးနိုင်အောင် တိုးတက်လုပ်ဆောင်ခဲ့ ကြတာပါ၊ အဓိက ဒီတယ်လီဖုံးဆက်သွယ်ရေး နည်းပညာတွေမှာ သြဇာရှိတာက ITU (International Telecom Union), 3GPP (3rd Generation Partnership Project) စတဲ့အဖွဲ့အစည်းတွေပါ၊ အဓိက ဆယ်လူလာ၊ ဂျီအက်စ်အမ် 3G, 4G စတဲ့ နည်းပညာ တွေနဲ့ပါတ်သက်ရင် ဒီအဖွဲ့အစည်းတွေက တော်တော်သြဇာ ကြီးပါတယ်။

ကွန်ပျူတာနဲ့ နက်ဝပ်နည်းပညာတွေမှာ ကတော့ IEEE (Institute of Electrical and Electronics Engineer) အဖွဲ့အစည်းက ပိုပြီးတော့ Activity များပါတယ်၊ အဓိက နက်ဝပ်နဲ့ပါတ်သက်တဲ့ EtherNet, LAN, WAN, WiFi စတဲ့ Standards တွေကို သတ်မှတ်ရာမှာ ဒီအဖွဲ့ရဲ့ ဦးဆောင်ခဲ့ပါတယ်၊ WiMAX ဟာ development နဲ့ပါတ်သက်လို့ WiMAX ဖိုရမ်ကိုဖွဲ့စည်းလှုပ်ရှားနေပေမယ့် အဓိက Standardization မှာတော့ IEEE ကပဲ သတ်မှတ်တာပါ၊ တဖက်က 3G, 4G စတဲ့နည်းပညာ တွေဟာ မိုဘိုင်းအင်တာနက်နဲ့ဆက်သွယ်ရေးမှာ ခေါင်းထောင်လာချိန်မှာ ဒီနည်းပညာတွေကို ယှဉ်ပြိုင်ဖို့ WiMAX ကို အသက်သွင်းခဲ့ကြတာပါပဲ၊ ရှင်းရှင်း ပြောရရင် WiMAX ဟာ 3G, 4G နည်းပညာတွေဖြစ်တဲ့ GPRS, WCDMA, LTE, HSDPA စတာတွေရဲ့ ပြိုင်ဖက်ပါဘဲ။

Fig-2 WiMAX ဖိုရမ်အမှတ်တံဆိပ်
Fig-2 WiMAX ဖိုရမ်အမှတ်တံဆိပ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s