WiMAX ဟာ 3G ပဲလား ဒါမှမဟုတ် 4G Technology လား …

မကြာခဏ မေးကြပါတယ်..3G, 4G ဆိုတာကရော ဘာတွေလဲတဲ့ …

အရင်ဆုံး ဒီ 3G,4G ဆိုတာတွေကို ပြောပါရစေ၊ ဒီ အခေါ်အဝေါတွေဟာ Telecom Industry/Service ကနေလာတာပါ၊ အဓိကကတော့ Mobile Communication တွေကို ပိုင်းခြားတဲ့အခါ မျိုးဆက် (Generation) နဲ့ပိုင်းခြားပါတယ်၊ 1st generation..2nd generation, 3rd Generation စသည်ဖြင့်ပေါ့၊ 3G,4G က G ဆိုတာ ဒါကိုရည်ညွှန်းတာပါ၊ မိုဘိုင်းဆက်သွယ်ရေး နည်းပညာလို့ ဆိုတဲ့အတွက် လိုင်းကိုအသုံးပြုတဲ့ နည်းပညာတွေဟာ ဒီအထဲမှာ အကျုံးမဝင်ပါဘူး၊ 3G,4G လို့ ပြောချင်ရင် Mobile communication ဖြစ်ရပါမယ်။

မိုဘိုင်းဆက်သွယ်ရေး နည်းပညာရဲ့ ပထမဆုံးမျိုးဆက် 1980 လောက်က Analog မိုဘိုင်းဖုံးတွေဟာ 1G လို့ခေါ်ရပါမယ်၊ အဓိကကတော့ Cellular ဖုံးတွေပေါ့၊ မြန်မာပြည်ရဲ့ ပထမဆုံး Cellular မိုဘိုင်းဖုံးတွေဟာ 1G ပါပဲ၊ Data Access မရသေးပါဘူး၊

1995 လောက်မှာတော့ ဒုတိယမျိုးဆက် Digital Cellular တွေ ပေါ်လာပါတယ်၊ SMS,Email လို service တွေရလာပါပြီ၊ ဒီဖုံးတွေ ကိုတော့ 2G လို့ သတ်မှတ်ပါတယ်၊

3G မရောက်ခင် ကြားထဲမှာ Internet ဟာ တရှိန်ထိုး တိုးတက်လာပါတယ်၊ လက်ရှိ 2G မိုဘိုင်းဖုံးတွေကို Data/Internet သုံးဖို့ ကြံဆလာပြီး 2.5G, 2.75G လို့ခေါ်ရမဲ့ နည်းပညာတွေလဲ ပေါ်ပေါက်လာပါသေးတယ်၊ တကယ်တန်း GSM နည်းပညာဟာ တကမ္ဘာလုံး တိုးတက်သုံးစွဲနေကြပေမယ် High Speed Data ရဖို့ကတော့ နည်းပညာကိုယ်တိုင်က bottle neck ဖြစ်လို့နေခဲ့ပါတယ်၊ ပြသာနာက GSM channel တစ်ခုရဲ့ speed ဟာ 8~20 kbps လောက်ပဲရှိပါတယ်၊ အရင်ကတော့ Radio Channel Bandwidth ကိုချွေတာဖို့ ဒီ Speed ဟာ အသံအတွက် အဆင်ပြေပေမယ့် Data သုံးစွဲဖို့ကတော့ ဘယ်လိုမှ အဆင်မပြေတော့ ပါဘူး၊ ဒါကြောင့် ၂၀၀၀ လောက်မှာ  (General Packet Radio System) လို့ခေါ်တဲ့ နည်းပညာကို လက်ရှိ GSM နက်ဝပ်တွေမှာ ပေါင်းထည့် အသုံးပြုလာပါတယ်၊ GPRS ဆိုတာကတော့ သိပ်ထူးထူးဆန်းဆန်းကြီး မဟုတ်ပါဘူး၊ လက်ရှိ GSM ဖုံးတွေမှာ အင်တာနက်သုံးစွဲရင် channel ကို နှစ်လိုင်း..သုံးလိုင်းပေါင်းပေးတာပါ၊ ဥပမာ 4+1 GPRS ဆိုရင် Downlink အတွက် channel ၄ ခု၊ Uplink အတွက် channel ၁ ခု ပေါင်းပေးလိုက်တာပါပဲ၊ ဒီလို ပေါင်းပေးတဲ့အတွက် GPRS ဟာ အမြင့်ဆုံး 144 kbps speed ကို ရရှိနိုင်ပါတယ်၊ ဒါကြောင့် ဒီ GPRS ကို 2.5G လို့ပဲ ခေါ်ကြပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် လက်ရှိ GSM နည်းပညာဟာ 3G/4G ကို လှမ်းတက်ဖို့ အခက်အခဲ တော်တော်ကြီး ရှိပါတယ်၊ ဥပမာ GPRS ရဲ့အားနည်းချက်ဟာ သုံးစွဲသူကို channel တွေ ၃.. ၄ ခု ပေါင်းပေးရတာကြောင့် channel ကျပ်တဲ့ ပြသာနာ ရှိပါတယ်၊ ဒါကြောင့်လဲ သုံးစွဲခက ဈေးကြီးလာရပြန်ပါတယ်၊ GSM ဟာ Channelized လို့ခေါ်တဲ့ သုံးစွဲသူကို သီးခြား channel တစ်ခုစီ ချိတ်ဆက်ရတဲ့ နည်းပညာဖြစ်တဲ့အတွက် High Speed ရဖို့အတွက် ကန့်သတ်ချက်တွေ ရှိနေပါတယ်၊ တကမ္ဘာလုံး အသုံးအများဆုံး နည်းပညာဖြစ်နေသလို လက်ရှိစနစ်တွေကို မဖြုတ်သိမ်းပဲ တိုးမြှင့်ဖို့ (Upgraded) အခက်အခဲ ရှိနေပြန်ပါတယ်၊ 2003 လောက်မှာ 236.8 kbps speed ရတဲ့ Enhanced GPRS လို့လဲခေါ်တဲ့ EDGE (Enhanced Data rate for GSM Evolution) ကို ထပ်မံ မိတ်ဆက်ခဲ့ပေမယ့် တဖက်က 3G နည်းပညာတွေ တိုးတက်လာတဲ့ အခါ EDGE ဟာလဲ ထင်သလောက် မပေါက်ခဲ့ပါဘူး၊( မြန်မာနိုင်ငံမှာတော့ GSM ကိုလူတွေ ပိုကြိုက်ကြပါတယ် CDMA ကမကောင်းဘူးလို့ ပြောကြတာတွေ မကြာခဏကြုံဘူးပါတယ်၊ ဘာမကောင်းတာလဲမေးရင် သေချာမပြောနိုင်ကြပါဘူး၊ တကယ်တန်း ဖုံးခေါ်ဆိုမှု Voice ပဲသုံးရင်တောင် အသံအရည်အသွေးဟာ CDMA ကပိုကောင်းပါတယ်၊ တကယ်လို့များ တနေ့နေ့ Data သုံးဖို့ဖြစ်လာကြရင် ဘယ်လိုဖြစ်မလဲ တွေးမိပါတယ်)

၂၀၀၀ နောက်ပိုင်းမှာ CDMA နည်းပညာဟာ တဟုန်ထိုးတက်လာပြီး GSM ရဲ့ဈေးကွက်ကို ယှဉ်ပြိုင်လာပါတယ်၊ CDMA ရဲ့ အဓိကအားသာချက်ကတော့ 3G ready ဖြစ်တာပါပဲ၊ Data Speed ကို လိုသလို Scaleable ဖြစ်နိုင်တာဟာ အင်တာနက်ခေတ်မှာ Service Provider တွေရဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာပါတယ်၊ W-CDMA, CDMA2000 စတဲ့ နည်းပညာတွေကမှ 3G လို့သတ်မှတ်နိုင်ပါတယ်၊ ဒီကနေဆင့်ပွားလာတဲ့ HSPA, EV-DO, UMTS စတဲ့နည်းပညာတွေ ရှိပါသေးတယ်။ အကြမ်းဖျင်း 3G နက်ဝပ် Connection တစ်ခုဲ့ Speed ဟာ အမြင်ဆုံး Downlink 14.4 Mbps နဲ့ Uplink 5.8 Mbps ထိရှိနိုင်ပါတယ်။

တစ်ခုရှိတာက 3G/4G ဒီလိုတွေပြောနေကြပေမယ့် ITU-T ကရော 3GPP အဖွဲ့တွေကရော 3G ဆိုရင်ဘယ်လို 4G ဆိုရင် ဘာ Specification တွေရှိရမယ်လို့ တိတိကျကျ သတ်မှတ်မထားပြန်ပါဘူး၊ ဒါတွေဟာ General Terms တွေပါပဲ၊

ဒါကြောင့် အကြမ်းဖျင်း ပြောရရင် 3G လို့ခေါ်ဖို့အတွက်

–         မိုဘိုင်းဖြစ်ရပါမယ်

–          High Speed Data , Tripple Play လို့ခေါ်တဲ့ Voice+Video+Data သုံးနိုင်ရပါမယ်

– Channel တစ်ခုချင်းသွားတဲ့ Circuit switched နဲ့ IP Addressing ကို Support လုပ်တဲ့ Packet Switching နှစ်ခုလုံး Hibrid အနေနဲ့ Support လုပ်ပါတယ်၊

4G လို့ခေါ်ဖို့အတွက်

–         အပေါ်က အချက်တွေအပြင်

–         Data Rate အနည်းဆုံး 100 Mbps ကို အမြန်နှုံးနဲ့ ရွေ့လျားနေချိန်မှာတောင် ရနိုင်ရမှာ ဖြစ်ပြီး အမြင့်ဆုံး 1Gbps speed ထိရနိုင်ပါမယ်

–         အရေးကြီးဆုံးအချက်က လုံးဝ IP Network (IPV4, IPV6) ကိုသာ အခြေခံမှာ ဖြစ်ပြီး only Packet Switching Network ဖြစ်ပါတယ်၊

–         နောက် ဆားဗစ်အနေနဲ့ Voice+Video+Data ဆက်သွယ်မှုအပြင် Entertainment လို့ခေါ်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ သုံးနိုင်မှာ ဖြစ်ပါတယ် (ဒါကတော့ ဆားဗစ်ပိုင်းပါ Technical Spec တော့လဲမဟုတ်လှပါဘူး ..ဒါပေမယ့်လဲ HD ဗွီဒီယိုတွေကို ဟင်းဖုန်းနဲ့ Laptop နဲ့ ချိတ်ပြီးကြည့်မယ်ဆိုရင်လဲ တကယ့် High Speed Connection နဲ့မှ ရမှာပါပဲ၊ 3G Speed လောက်နဲ့မလုံလောက်သေးဘူး)

4G ဟာ ခုချိန်ထိ ဈေးကွက်ကို ပီပီပြင်ပြင် မရောက်သေးပါဘူး၊ LTE, EV-DO, HSPA စတဲ့နည်းပညာတွေဟာ ယှဉ်ပြိုင်နေဆဲပါပဲ။

နောက်ဆုံးမေးခွန်း WiMAX ဟာ 3G လား 4G လား ဆိုတာကို ဖြေဖို့လိုလာပါပြီ၊ ITU-R အဖွဲ့အစည်းဟာ 802.16d WiMAX Standard ကို 3G အနေနဲ့ သတ်မှတ်ပါတယ်၊ WiMAX mobile 802.16e ကိုတော့ 4G ဒါမှမဟုတ် Pre-4G အနေနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Advertisements

2 thoughts on “WiMAX ဟာ 3G ပဲလား ဒါမှမဟုတ် 4G Technology လား …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s