ဒိုင်လ်အပ်အင်တာနက်ချိတ်ဆက်ပုံ (မိုဒမ်)

အင်တာနက်ကို dial-Up ချိတ်ဆက်မယ်ဆိုရင် ထုံးစံအတိုင်း လိုတာကတော့ ဖုံးတလိုင်း၊ မိုဒမ်တစ်လုံး၊ ကွန်ပျူတာနဲ့ အင်တာနက်ချိတ်ဆက်ဖို့ Account (User Name/Password) တစ်ခုပါပဲ၊ ကွန်ပျူတာက WinXP နဲ့ P4 လောက် သင့်တင့်တဲ့ အမြန်နှုံးရှိရင် ရပါပြီ၊ အရေးကြီးတာကတော့ မိုဒမ်ပါ၊ မိုဒမ် အမျိုးအစားတွေ အကြမ်းဖျဉ်း ၂ အုပ်စု ခွဲနိုင်ပါတယ်။

၁) ပြင်ပမှာတပ်ဆင်ရတဲ့ မိုဒမ် (External Modems)

– Serial Modem

– USB Modem

– PCMCIA Modem

၂) ကွန်ပျူတာအတွင်းမှာ တပ်ဆင်ရတဲ့မိုဒမ် (Internal Modem)

– PCI Modem

– Laptop Internal Modem

– Software Modem (Win Modem)

ပြင်ပမှာ တပ်ဆင်အသုံးပြုရတဲ့မိုဒမ်များ (External Modems)

ပြင်ပမှာ တပ်ဆင်အသုံးပြုရတဲ့ USB မိုဒမ် (USB Modem)

ပထမအမျိုးအစားမှာ ကွန်ပျူတာ COM(Serial Port) မှာတပ်ဆင်ရတဲ့ External modems နဲ့  USB port မှာတပ်ဆင့်တဲ့ External modems တွေဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်၊ နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်၊ ဖြစ်နိုင်ရင်တော့ COM(Serial Port) မှာ တပ်ဆင်ရတဲ့ မိုဒမ်တွေဟာ ပိုပြီးအကြမ်းခံသလို သုံးရတာလဲ ပိုပြီးပြသာနာ မရှိသလောက်ပါပဲ၊ ဒါကြောင့် မိုးဒမ်တစ်လုံး ပထမဆုံးဝယ်ဖို့ စဉ်းစားရင်တော့ Serial Port မိုဒမ် အမျိုးအစားကို ဝယ်ယူဖို့ စဉ်းစားသင့်ပါတယ်၊ ဒီမိုဒမ်တွေဟာ ဈေးနှုံးလဲ အကြီးဆုံးပါပဲ၊ Serial Port မိုဒမ် ကိုသုံးမယ်ဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာမှာ Serial Port ပါဖို့လဲလိုပါတယ်၊ နောက်ပိုင်း Laptop တွေမှာ Serial Port မပါတော့တာတွေ ရှိပါတယ်၊ အဲဒီလို Laptop မျိုး သုံးမယ်ဆိုရင်တော့ USB မိုဒမ်နဲ့မှ ရပါမယ်။

PCI Modem

 

Laptop တွင် Build-In ပါဝင်သော Internal Modem Port

 

နောက်တမျိုးကတော့ ကွန်ပျူတာ အတွင်းမှာ တပ်ဆင်ရတဲ့ Internal Modem တွေပါ၊ ပုံမှာမြင်ရသလို PCI  Slot မှာတပ်ဆင်ရတဲ့ အမျိုးအစား ရှိသလို Laptop တွေအတွင်းထဲမှာ ပါပြီးသား မိုဒမ်တွေနဲ့လဲ အသုံးပြုနိုင်ပါတယ်၊ ဒီ PCI Slot မိုဒမ်တွေဟာ External Modem တွေထက် ဈေးနှုံးချိုသာပါတယ်၊ တခုသတိပြုရမှာက တချို့ Internal Modem တွေမှာ Win Modem လို့ခေါ်တဲ့ Software Based Modem တွေရှိပါတယ်၊ တကယ်တော့ ဒီ Win Modem တွေဟာ Hardware ကိုလျှော့ချပြီး ကွန်ပျူတာ ဆော့ဖ်ဝဲ နဲ့သာ မိုဒမ်ရဲ့အလုပ်ကို လုပ်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာပါ၊ ဒီမိုဒမ်တွေဟာ ဈေးနှုံးချိုသာပေမယ့် Performance ညံ့ကာ ပြသာနာပေးတတ်ပြီး အများအားဖြင့် မြန်မာပြည်က Dial-Up connection နဲ့ အဆင်မပြေတတ်ပါဘူး၊ ဒါကြောင့် သုံးစွဲသူရဲ့ မိုဒမ်ဟာ internal Win Modem တစ်လုံးဖြစ်ခဲ့ရင်တော့ External Modem တစ်လုံးထပ်ဝယ်ဖို့ စဉ်းစားရပါလိမ့်မယ်၊ မိုဒမ်အမျိုးအစား ခွဲနည်းကို သီးခြားထပ်ရေးပါဦးမယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s