မိုဒမ်ဆော့ဖ်ဝဲထဲ့သွင်းခြင်း (Modem Driver Installation)

နောက်တဆင့်အနေနဲ့ Modem Driverဆော့ဖ်ဝဲထဲ့သွင်းရမှာ ဖြစ်ပါတယ်၊ မိုဒမ်ဒရိုက်ဘာဆော့ဖ်ဝဲ(Modem Driver) ဆိုတာက မိုဒမ်ဟဒ်ဝဲ (Hardware) နဲ့ ဝင်းဒိုးအိုအက်စ် (Windows Operating System) တို့ ချိတ်ဆက်အလုပ်လုပ်နိုင်အောင် ကြားကနေလုပ်ဆောင်ပေးတဲ့ ကြားခံဆော့ဖ်ဝဲ တစ်ခုလို့ပဲ အကြမ်းဖျဉ်း ပြောရပါစေ၊ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware မှန်သမျှမှာ သူနဲ့သက်ဆိုင်တဲ့  Driver လိုပါတယ်၊ ဥပမာ Sound Card မှာ Sound Card driver လိုအပ်သလို Printer အတွက်လဲ Printer Driver ဆော့ဖ်ဝဲ လိုပါတယ်၊ Hardware တွေဟာ သူနဲ့သက်ဆိုင်တဲ့ Driver သွင်းထားမှ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ပါတယ်၊ တချို့ Hardware တွေဟာ Plug-and-Play ဖြစ်ပြီး Window OS ထဲမှာ တပါထဲပါဝင်တဲ့ driver နဲ့တင် အလုပ်လုပ်နိုင်ပါတယ်၊ တချို့ Hardware တွေကတော့ သူနဲ့ သီးခြားသက်ဆိုင်တဲ့ Driver CD ကိုတပါထဲ ထည့်ပေးပါတယ်၊ ဒါကြောင့် တချို့ modem brand တွေမှာ ဒရိုက်ဘာ သီးခြား installation လုပ်ပေးရပေမယ့် တချို့ modem တွေကတော့ ပထမဆုံး ပါဝါဖွင့်လိုက်ချိန်မှာ အလိုအလျောက် Windows OS ကနေ install လုပ်သွားမှာ ဖြစ်ပါတယ်။

Plug & Play Modem တွေဆိုရင်တော့ လိုအပ်တဲ့ Driver ကို windows ကနေ အလိုအလျောက် detect လုပ်ပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်၊ သုံးစွဲသူရဲ့ မိုဒမ်ဟာ Plug & Play မဟုတ်ရင်တော့ မိုဒမ်ဝယ်ယူစဉ်က Driver CD ကို ထဲ့သွင်း install လုပ်နိုင်ပါတယ်။

ဒီအဆင့်မှာ U.S Robotics 56K external modem တစ်လုံးတပ်ဆင်ပုံကို နမူနာ ပြပါမယ်၊ မိုဒမ် Driver Software သွင်းတာဟာ မိုဒမ်အမျိုးအစားပေါ်လိုက်ပြီး ထည့်သွင်းပုံခြင်း နဲနဲစီ ကွာနိုင်ပါတယ်။

(၁) ပထမဆုံး Start à Control Panel à Printers and Other Hardware ကိုသွားပါ။

Control-pannel

 

 

 

 

 

 

 

 

 

(၂) Phones and Modem Options ကိုရွေးပါ။

phone-modem-options

 

 

 

 

 

 

 

 

 

(၃) Modem အသစ်သွင်းဖို့ Modem ကိုကလစ်ခေါက်ပါ၊ Add ကိုနှိပ်ပါ။

Add New Modem

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Add New Modem -2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၄) Driver CD ဒါမှမဟုတ် Driver Software ရှိတယ်ဆိုရင်တော့ “Don’t detect my modem” ကိုအမှန်ခြစ်ပေးလိုက်ပါ၊ Driver မရှိရင် တော့ အမှန်ခြစ်မပေးပါနဲ့။ “Next” ကိုနှိပ်ပါ။

Finding Plug and Play Hardware

 

 

 

 

 

 

 

 

 

 

 

 

 

 

Selecting Manual or Auto Install

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၅) ဒီ US Robotics မိုဒမ်ဟာ Standard 56k driver နဲ့ အလုပ်လုပ်ပါတယ်၊ ဒါကြောင့် ဒီနေရာမှာ “Standard 56000bpd Modem” ကို ရွေးပေးထားပါတယ်၊ သီးခြား Driver CD ပါလာတဲ့ မိုဒမ်တွေဆိုရင်တော့ “Have Disk” ကိုနှိပ်ပြီး Driver CD ကိုရွေးပေးရမှာ ဖြစ်ပါတယ်။

Choosing Proper Modem Driver

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သီးခြား Driver CD ပါလာတဲ့ မိုဒမ်တွေဆိုရင်တော့ “Have Disk” ကိုနှိပ်ပြီး Driver CD ကိုရွေးပေးရမှာ ဖြစ်ပါတယ်။ အများအားဖြင့် CD Drive ထဲက Driver ဆိုတဲ့ ဖိုဒါအောက်မှာ သက်ဆိုင်ရာ Driver ရဲ့ Information ဖိုင်ရှိတတ်ပါတယ်၊ ရံဖန်ရန်ခါ ကိုယ်ရဲ့ Operation System ကို ထပ်ပြီး ညွှန်းပေးဖို့လိုပါတယ်၊ အဲဒါမျိုးဆိုရင် Driver အောက်မှာ WindowXP စတဲ့ဖိုဒါကိုရှာပါ၊ အဲဒီဖိုဒါထဲကမှ “.inf” နဲ့ဆုံးတဲ့ ဖိုင်ကို ရွေးပေးပြီးရင် “Open”, “OK” , “Next” ဆက်ပြီး နှိပ်ပေးပါ။

Driver CD မှ Information ဖိုင်ကို Manually ရွေးချယ်ခြင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တချို့မိုဒမ်တွေမှာ “Auto Run Installer” ပါလေ့ရှိပါတယ်၊ ဒီလို CD မျိုးပါခဲ့ရင်တော့ ခေါင်းအစားခံပြီး ဒီအဆင့်တွေ လုပ်မနေပါနဲ့တော့၊ ဒါဆိုရင်တော့ သူ့ CD ကို Drive ထဲ ထဲ့ကြည့်လိုက်ပါ၊ ပေါ်လာတဲ့ Auto Installation Process ကို ပြီးအောင် လိုက်သွားလိုက်ပါ၊ အများအားဖြင့်တော့ “Next”, “OK” စသည်ဖြင့်နှိပ်ပေးးရုံပါပဲ။

အောက်မှာ Auto Run Installer Driver CD နမူနာကို ပြထားပါတယ်၊ CD ထဲ့လိုက်တဲ့အခါ Auto Run Menu တက်ရင်လဲ တက်လာ တဲ့ Menu မှာ Modem Install , ဒါမှမဟုတ် Modem Driver ကိုရွေးလိုက်ပါ၊ CD ဒီအတိုင်းပွင့်လာရင်လဲ Install ဆိုတဲ့ဖိုဒါထဲက Setup ဖိုင်ကို Run ပေးလိုက်ပါ။

Auto-Run Installer CD
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s