မြန်မာပြည်ရှိ Dial-Up Account အမျိုးအစားများ

Dial-Up Account ဆိုတာကတော့ အင်တာနက်ကို ချိတ်ဆက်တဲ့အခါတိုင်း သုံးစွဲသူအမည် (User Name) နဲ့ လျို့ဝှက်ကုတ်နံပါတ် (Password) တို့ကို ရိုက်ထည့်ပေးဖို့လိုပါတယ်၊ ဒီနှစ်ခုကို မှန်ကန်စွာ ရိုက်ထည့်ပါမှ အင်တာနက်ကို ချိတ်ဆက်နိုင်မှာပါ၊  မြန်မာပြည်မှာ Dial-Up ချိတ်ဆက်နိုင်တဲ့ Account အမျိုးအစားနှစ်မျိုးရှိပါတယ်၊ ဝန်ဆောင်မှုပေးတာကတော့ မြန်မာ့ဆက်သွယ်ရေး နဲ့ မြန်မာတယ်လီပို့ တို့ပါပဲ၊

ပထမ အကောင့်အမျိုးအစားကတော့ Dial-Up Internet and Email User Account ပဲဖြစ်ပါတယ်၊ ဒီသုံးစွဲသူအမျိုးအစားကို မြန်မာ့ဆက်သွယ်ရေး၊ မြန်မာတယ်လီပို့ နှစ်ခုလုံးက ဝန်ဆောင်မှု ပေးပါတယ်၊ လျှောက်လွှာဖြင့် လျှောက်ထားဖို့လိုပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေဟာ မဖြစ်မနေ လစဉ်ပေးသွင်းရမှာ ဖြစ်ပါတယ်၊ ဥမစာ Consumer Account တစ်ခုအတွက် နှစ်စဉ်ကြေးဟာ 60 FEC ဖြစ်ပြီး လစဉ်ကြေးဟာ 20 FEC ဖြစ်ပါတယ်၊ တစ်လကို ၃၅ နာရီ ချိတ်ဆက်နိုင်ပါတယ်၊ ၃၅ နာရီထက်ကျော်ခဲ့လျင် ၁ နာရီလျင် 1 FEC ထပ်ပေါင်း ပေးဆောင်ဖို့လိုပါတယ်၊ ချိတ်ဆက်ချိန်ဟာ ၃၅ နာရီမရှိခဲ့လျင်လဲ လစဉ်ကြေးဟာ 20 FEC ကိုပုံမှန်ပေးနေရမှာ ဖြစ်ပါတယ်၊ ဒီအကောင့်မျိုးကို လုပ်ငန်းသုံး၊ ဒါမှမဟုတ် အင်တာနက်ကို နေ့စဉ်ပုံမှန် ချိတ်ဆက်သူတွေ လျှောက်ထားသုံးစွဲသင့်ပါတယ်။

နောက် ဒုတိယအမျိုးအစားကတော့ Prepaid Card, Access kit လို့သိကြတဲ့ တခါသုံး အကောင့်ပါ၊ ၁၅နာရီ၊ ၃၀နာရီ၊ ၆၀နာရီ စသည်ဖြင့် ကြိုက်နှစ်သက်ရာကို ဝယ်ယူအသုံးပြုနိုင်ပါတယ်၊ ဥပမာ ၁၅နာရီအကောင့်ကဒ်ကို ဝယ်ယူအသုံးပြုမယ်ဆိုရင် ၁၅နာရီချိတ်ဆက်ပြီးတာနဲ့ ဒီ User Name/Password တွေဟာ ပိတ်သွားမှာ ဖြစ်ပါတယ်၊ ကဒ်လို့ပြောရတာက ဒီ User Name/Password တွေကို ဂျပ်ထူကဒ်အိတ်လေးထဲမှာ ထည့်သွင်းရောင်းချလို့ဖြစ်ပါတယ်၊ 15 နာရီ Prepaid Access kit ကဒ်နမူနာကို အောက်မှာ ပြထားပါတယ်။ လျှောက်ထားစရာမလိုပဲ ကွန်ပျူတာဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်တဲ့ အတွက် ဒီအကောင့် အမျိုးအစားဟာ ကာလတိုသုံးစွဲသူတွေ၊ အိမ်မှာ ရန်ဖန်ရန်ခါမှ အင်တာနက်ကြည့်သူတွေ၊ အရေးပေါ်သုံးစွဲသူတွေ နဲ့သင့်တော်ပါတယ်။ သတိပြုရမှာက ဒီကဒ်တွေမှာ Expired Date ရှိပါတယ်၊ ကဒ်ရဲ့နောက်ကျောမှာ Expired Date ကိုသတိထားပြီး ကြည့်ရှုသင့်ပါတယ်၊ သုံးစွဲရမယ့် နာရီကျန်နေသေးပေမယ့် Expired Date ကျော်လွန်သွားရင် Account ပိတ်သွားမှာဖြစ်ပါတယ်။

BagaNET Access Kit

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s