ဒိုင်လ်အပ်ချိတ်ဆက်မှုပြသာနာများ ဖြေရှင်းခြင်း-၂ -ဒိုင်လ်အပ်ချိတ်ဆက်မှုအဆင့်များ (Dial-Up Concept)

အရင်ဆုံး ချိတ်ဆက်တဲ့ အဆင့်တွေကို အကြမ်းဖျဉ်း ပြောချင်ပါတယ်၊

(၁) တယ်လီဖုံးခေါ်ဆိုမှုစတင်ခြင်း (PSTN Call Initiating)

အရင်ဆုံး Connection စတင်ချိန်မှာ စတင်တာကတော့ ပုံမှန်တယ်လီဖုံးတစ်လုံးကို ခေါ်လိုက်သလိုပါပဲ၊ ကြားခံအိတ်ချိန်းအဆင့်ဆင့်ကို ဖြတ်သွားပြီး သက်ဆိုင်ရာ ISP Dial-In Access Number (၁၄၆၊၁၄၄)က ပြန်လည်ဖြေကြားလိုက်တဲ့အခါ ဖုံးချိတ်ဆက်မှု စတင်ပါတယ်၊ ဒီအဆင့်မှာ ပုံမှန်ဖုံးခေါ်တဲ့အခါ တဖက်ဖုံးက ဟင်းဆက်ကိုမပြီး ပြန်လည်ဖြေကြား လိုက်သလိုပါပဲ၊

(၂) မိုဒမ်အချင်းချင်းဆက်သွယ်ခြင်း (Modems Handshaking)

နောက်တဆင့်ကတော့ သုံးစွဲသူမိုဒမ်နဲ့ ISP Access Server ကမိုဒမ်နဲ့ စတင်ပြီး ချိတ်ဆက်မှုပြုပါတယ်၊ ဒီအဆင့်ကို Modem Handshaking လုပ်တယ်လို့ခေါ်ပါတယ်၊ Modem Handshaking ဆိုတာကတော့ နှစ်ဖက်မိုဒမ်အချင်းချင်း ချိတ်ဆက်မယ် Protocol, Speed စတာတွေကို ညှိနှိုင်းတာဖြစ်ပါတယ်၊ ဒီ Modem Handshaking အဆင်ပြေသွားမှ နောက်တဆင့်တက်မှာ ဖြစ်ပါတယ်၊ Modem Handshaking လုပ်နေတုံးမှာ Modem Handshaking Tone လို့ခေါ်တဲ့  “တီ …. တွီ …ရှီ …ရွှီ …..” စတဲ့ အသံရှည်ကို ကြားနိုင်ပါတယ်။

(၃) နက်ဝပ်ချိတ်ဆက်မှုစတင်ခြင်း (PPP Activation)

Dial-Up အင်တာနက် ချိတ်ဆက်တာဟာလဲ တကယ်တော့ နက်ဝပ်ချိတ်ဆက်တာပါပဲ၊ ISP က ဆာဗာတွေနဲ့ သုံးစွဲသူ PC နဲ့ နက်ဝပ်ချိတ်ဆက်တာ ဖြစ်လို့လဲ DUN (Dial-Up networking) လို့သုံးနှုံးပါတယ်၊ ကွန်ပျူတာတွေ ချိတ်ဆက်တဲ့အခါမှာ Protocols တွေ လိုပါတယ်၊ Protocol ဆိုတာကတော့ အကြမ်းဖျဉ်းပြောရရင် ကွန်ပျူတာအချင်းချင်း ဆက်သွယ်တဲ့အခါ ပြောဆိုတဲ့ ဘာသာစကားလို့ပဲ ပြောပါရစေ၊ လူတွေစကားပြော ဆက်သွယ်တဲ့အခါ အင်္ဂလိပ်စကား၊ ဂျပန်စကား စသည်ဖြင့် ဘာသာစကားအမျိုးမျိုးရှိသလို ကွန်ပျူတာတွေ ချိတ်ဆက်တဲ့အခါမှာလဲ သူ့နေရာနဲ့သူ Protocol အမျိုးမျိုးရှိပါတယ်၊ တဖက်ကသုံးတဲ့ ဘာသာစကားနဲ့ တဖက်ကပြောတာနဲ့ တူမှဆက်သွယ်လို့ရသလို ကွန်ပျူတာတွေ ချိတ်ဆက်ရာမှာလဲ Protocol တွေသူ့လေယာ သူ့အဆင့်နဲ့သူ ကိုက်ညီဖို့လိုပါတယ်။

ဒိုင်အပ်ချိတ်ဆက်ရာမှာ သုံးတဲ့ Link Layer Protocol ကတော့ PPP (Point to Pint Protocol) လို့ခေါ်ပါတယ်၊ ပွိုင့်တူပွိုင့်ဆိုတဲ့အတိုင်း ကွန်ပျူတာ Devices နှစ်ခုကို တိုက်ရိုက်ချိတ်ဆက်ဖို့ သုံးတဲ့ Protocol ပါ၊ အောက်မှာ PPP Activation Phases အဆင့်ဆင့်ပြတဲ့ပုံကို တင်ထားပါတယ်။

 

ီDUN Connection Steps

အရင်ဆုံး ပထမဆင့် ဒုတိယအဆင့် တွေမှာပြောခဲ့တဲ့ တယ်လီဖုံးခေါ်ဆိုမှုစတင်ခြင်း နဲ့ မိုဒမ်အချင်းချင်းဆက်သွယ်ခြင်း တွေဖြစ်ပါတယ်၊ Link ချိတ်ဆက်ခြင်း ဆိုတဲ့ အဆင့်ကတော့ ဒီနှစ်ဆင့်ပြီးသွားလို့ PPP section စတင်တာကို ပြောတာဖြစ်ပါတယ်၊ Modem Tone တိတ်သွားပြီးလို့ link ချိတ်ဆက်ပြီဆိုရင် ISP Server ဟာ User/Password စစ်ဆေးဖို့လိုသလားဆိုတာကို ကြည့်ပါတယ်၊ (တချို့ Dial-Up service တွေမှာ User/Password မလိုပဲ တိုက်ရိုက်ချိတ်ဆက်လို့ရတာ ရှိပါတယ်၊ ဥပမာ အစိုးရရုံးတရုံးက သူ့ရဲ့ IntranNet ကို မည်သူမဆို ချိတ်ဆက်ပြီး လိုအပ်တဲ့ Information တွေ ကြည့်ခွင့်ပေးတာမျိုးပါ) စစ်ဆေးဖို့လိုတယ်ဆိုရင် သုံးစွဲသူက ရိုက်ထည့်လိုက်တဲ့ User/Password ကို ISP Server ကနေ စစ်ဆေးပါတယ်၊ မှန်ရင်တော့ ISP network ကို ချိတ်ဆက်သွားမှာဖြစ်ပြီး အင်တာနက်ကို စတင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်၊ မှားရင်တော့Connection ပြတ်ကျသွားမှာ ဖြစ်ပါတယ်၊ ဒါကတော့ ဖုံးတလုံးကို ခေါ်ရာမှာ ခေါ်ဆို ပြီးသွားလို့ ဖုံးချလိုက်တာနဲ့ တူပါတယ်။ သုံးစွဲပြီးလို့ လိုင်းကိုဖြုတ်လိုက်ရင်လဲ Link Terminate ဖြစ်ပြီး ချိတ်ဆက်မှုပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s