မိုဒမ်အားစစ်ဆေးခြင်း (Modem Checking)
မိုဒမ်ပျက်ခြင်း၊ အလုပ်မလုပ်ခြင်း၊ ထဲ့သွင်းထားသော Driver မမှန်ကန်ခြင်း စသည့် ပြသာနာများ ရှိနိုင်ပါတယ်၊ အရင်ဆုံး Modem ကို စစ်ဆေးဖို့ à Control Panel à Printers and Other Hardware à Phone and Modem Options ကိုသွားပါ။

Modems à Properties ကိုနှိပ်ပါ။

အောက်ပုံမှာ ပြထားတဲ့အတိုင်း “Modem Information” မှာ Hardware ID စတဲ့မိုဒမ်ရဲ့ အချက်အလက်တွေ ပြနေရပါနယ်၊ ပိုပြီးသေချာအောင် “Query Modem” ကို နှိပ်ပါ၊ “Quarrying Modem” Message Box ပေါ်လာရင် ခဏစောင့်ပါ၊ ပြီးရင် အောက်က box ထဲမှာ မိုဒမ်ရဲ့ အမျိုးအစား၊ ထုတ်လုပ်သူ၊ Standards, coding စတဲ့အသေးစိတ် အချက်အလက်တွေ ပြပါလိမ့်မယ်၊ Message information တွေရဲ့ ရှေ့ဆုံးမှာ “Success” ဆိုတဲ့ query အောင်မြင်ကြောင်း ပြရပါမယ်၊ “Query Failed” ဖြစ်နေခဲ့ရင်တော့ မိုဒမ်ပျက်ခြင်း၊ အလုပ်မလုပ်ခြင်း၊ ထဲ့သွင်းထားသော Driver မမှန်တာ စတဲ့ ပြစ်ချက် တစ်မျိုးမျိုးရှိနေပါပြီ၊ ကျွမ်းကျင်တဲ့ Technician နဲ့စစ်ဆေးသင့်ပါတယ်။

ပိုပြီးသေချာအောင် “View Log” ကိုနှိပ်ပါ၊ information အပြည့်အစုံပါတဲ့ log ဖိုင်တစ်ဖိုင် ပွင့်လာပါမယ်၊ Query Success ဖြစ်ရင်လဲ နောက် အခက်အခဲတွေ့ရင် သုံးနိုင်အောင် ဒီဖိုင်ကို သိမ်းထားသင့်ပါတယ်၊ ဖိုင်ထဲမှာ ပြတဲ့ အချက်အလက် manufacturer, version, hardware info, စတာတွေနဲ့ ကိုယ့် Modem ကိုက်ညီမှု ရှိမရှိ စစ်ဆေးကြည့်ပါ၊ ဒီနမူနာမှာ ပြထားတာက SmartLink internal Modem ဖြစ်ပါတယ်၊ log မှာလဲ “Smart Link 56K Voice Modem, Smart Link (www.smlink.com), Ver3.80.01MC15” စသည်ဖြင့်ပြနေတာကို တွေ့ရမှာပါ၊ ကိုယ်သုံးထားတဲ့ မော်ဒယ်ကတခြား၊ Query info ကပြနေတာကတခြားဆိုရင် Modem Driver ပြသာနာရှိနေပါပြီ၊ Driver ကိုက်ရဲ့သားနဲ့ “Query Failed” ဖြစ်နေရင်တော့ မိုဒမ် Hardware ပြသာနာဖြစ်နိုင်ပါတယ်။
