ဒိုင်လ်အပ်ချိတ်ဆက်မှုပြသာနာများ ဖြေရှင်းခြင်း-၄-ကွန်နက်ရှင်ချိတ်ဆက်မရခြင်း

ကွန်နက်ရှင်ချိတ်ဆက်မရခြင်း (Connection Error)

–         အရင်ဆုံး စစ်ဆေးရမှာ က ဖုံးခေါ်ဆိုမှု (Manual Call Test) ရမရကိုပါပဲ၊ ချိတ်ဆက်ရမယ့် Assess Number 146/144 ကို ခေါ်မရခဲ့ရင် နောက်အဆင့်တွေ မစဉ်းစားပါနဲ့ဦး။ စမ်းသပ်ဖို့က လွယ်ပါတယ်၊ တယ်လီဖုံးဟင်းဆက်ကိုမပြီး ပုံမှန်တယ်လီဖုံး ခေါ်သလိုပဲ ခလုပ်နှိပ်ပြီး 146 ကိုခေါ်လိုက်ပါ၊ လိုင်း Busy ဖြစ်နေရင် ခဏစောင့်ပြီး ထပ်ခေါ်ပါ၊ လိုင်းဝင်သွားရင် တဖက်က မိုဒမ်သံ (Modem Handshake Tone) ကြားရပါလိမ့်မယ်၊ မိုဒမ်သံကြားရရင် သင့်အိတ်ချိန်းကနေ ISP ထိဖုံးဆက်သွယ်မှုရနေပြီလို့ ပြောနိုင်ပါတယ်၊ နယ်အိတ်ချိန်းတွေက ခေါ်ရင် လိုင်းကြပ်လို့ Busy ဖြစ်နေတာမျိုးလဲ ရှိနိုင်ပါတယ်၊ ရံဖန်ရံခါ 146/144 နှစ်ခုထဲက တစ်ခုပဲရတာမျိုးလဲ ကြုံရနိုင်ပါတယ်၊ မနက် ညနေ ည ဘယ်အချိန်မှ ခေါ်မရခဲ့ဖူးဆိုရင်တော့ ဖုံးဆက်သွယ်မှုအဆင့်မှာတင် ပြသာနာရှိနေပါပြီ၊ သက်ဆိုင်ရာ အိတ်ချိန်းကို အကြောင်းကြားပြီး 146/144 မရကြောင်း အသိပေးသင့်ပါတယ်၊

 

– ဖုံးခေါ်ဆိုမှု (Manual Call Test)ရတယ်ဆိုရင် Dial-Up Connection Icon ကို Double click နှိပ်ပြီး “Dial” လုပ်လိုက်ပါ၊ မိုဒမ်သံကြားရသလား နားထောင်ပါ၊ Screen က ပြနေတဲ့ Message ကိုဖတ်ပါ၊ ဒီ Message Box မှာပြနေတဲ့ Error : XXX ကုတ်နံပါတ် ၃ လုံးကို သေချာ ဖတ်ပြီး မှတ်ထားပါ၊ ဘယ်နံပါတ်ဟာ ဘာပြသာနာဆိုတာ အကြမ်းဖျဉ်း သိနိုင်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းပေးတဲ့ အခါမှာလဲ အသုံးဝင်ပါတယ်။

–  ပုံမှန်စတင်ချိတ်ဆက်ချိန်မှာ ဒီလိုပြပါတယ်၊

Connecting MyanTel

 

– ဒီလိုပြနေရင် လိုင်း Busy ပါ ခဏစောင့်ပါ၊ တစ်မိနစ်နေရင် အလို အလျောက် ထပ်ပြီး ခေါ်ပါလိမ့်မယ်၊

Line Busy

 

–  ဒါ User Name / Password တစ်ခုခုမှားနေတာပါ၊ bill မဆောင်လို့ Account Disabled ဖြစ်တာ, Prepaid Access Kit ဆိုရင် နာရီပြည့်သွားတာ Expired ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်၊ ISP Helpdesk ကို ဖုံးခေါ်ပြီး မိမိရဲ့ User Name / Password, Usage status, Billing Info စတာတွေကို စစ်ဆေးနိုင်ပါတယ်။

Invilid User or Password

 

–  ဒါ Hardware error ပါ၊ မိုဒမ် အလုပ်မလုပ်ပါဘူး၊

Modem Hardware Error

 

–  ဒါကတော့ “Dial Tone” မရတာပါ၊ မိုဒမ်မှာ ဖုံးကြိုးလွတ်နေတာ၊ ဆက်သွယ်မှု မမှန်ကန်တာ၊ မိုဒမ်ပျက်နေတာ ဖြစ်နိုင်ပါတယ်။

No Dial-Tone Error

 

–         ဖုံးခေါ်ဆိုမှု (Manual Call Test) မရဘူးဆိုရင်လဲ သေချာအောင် ကိုယ့်မိုဒမ် ကောင်းမကောင်း Local Call test လုပ်ပြီး စစ်လို့ ရပါသေးတယ်၊ Dial-Up Connection Icon ကို Double click နှိပ်ပြီးဖွင့်လိုက်ပါ၊ “Dial” မလုပ်ပါနဲ့ဦး၊ “Dial:     ” ဆိုတဲ့ ခေါ်ဆိုရမယ့် ဖုံးနံပါတ်အကွက်မှာ ကိုယ့်ရဲ့ အနီးအနားက (Local Phone Number) မိတ်ဆွေ တစ်ဦးဦး ရဲ့ နံပါတ်ကို ထည့်လိုက်ပါ၊ PC Speaker ကိုဖွင်ထားပါ၊ “Dial” ကိုနှိပ်ပြီး ခေါ်လိုက်ပါ၊ ပုံမှန်ဖုံးခေါ်သလိုပဲ တုံးသံ Ring သံ ကြားရပါမယ်၊ တဖက်ကဖုံးမလိုက်ရင် ring ရပ်သွားပြီး စကားပြောရင် ပြောတဲ့ အသံကိုပါ Speaker မှာ ကြားရပါမယ်၊ ဒါဆိုရင်တော့ မိုဒမ်ကောင်းတယ်၊ Modem Driver, Dial-Up Connection တွေ မှန်တယ်လို့ ပြောနိုင်ပါတယ်။ မရဖူးဆိုရင်တော့ မိုဒမ်မှာ တစ်ခုခု ပြသာနာရှိနေပါပြီ။

Change and Test with local phone number

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s