ဒိုင်လ်အပ်ချိတ်ဆက်မှုပြသာနာများ ဖြေရှင်းခြင်း

 

ဒိုင်အပ် ချိတ်ဆက်ရာမှာ ပုံမှန်အားဖြင့်တော့

  • ကွန်နက်ရှင်ချိတ်ဆက်မရခြင်း (Connection Error)
  • ကွန်နက်ရှင်မကြာခဏပြုတ်ကျခြင်း (Connection Drop)
  • ကွန်နက်ရှင်နှေးခြင်း (Poor Speed)
  • ကွန်နက်ရှင်ချိတ်ပြီးအင်တာနက်သုံးမရခြင်း (Browsing Problem)

လို့အကြမ်းဖျဉ်းပြသာနာ ၄ မျိုးခွဲနိုင်ပါတယ်။

ကွန်နက်ရှင်ကို မစစ်ဆေးခင်မှာ မိမိရဲ့ ကွန်ပျူတာ Operating System, Modem Hardware, Modem Driver, Anti-Virus Program စတာတွေကို ကျွမ်းကျင်သူနဲ့ စစ်ဆေးသင့်ပါတယ်။

Desktop ပေါ်က Dial-Up Connection Icon လေးကို double-click ခေါက်ပြီး စတင်ချိတ်ဆက်တဲ့ အသံ (Modem Tone)၊ ကွန်ပျူတာမှာဖေါ်ပြတဲ့ Messages စတာတွေကို သေချာ သတိထားပြီးကြည့်သင့်ပါတယ်၊ PC Speaker ကိုဖွင့်ထားလိုက်ရင် Modem Handshake လုပ်တဲ့အသံကို ကြားရမှာဖြစ်ပါတယ်၊ (ဝါရင့်လာတဲ့ သုံးစွဲသူတွေဟာ Modem Tone ကိုနားထောင်လိုက်တာနဲ့ ချိတ်မယ် မချိတ်ဖူး ဘာအယ်ရာရှိမယ် ဆိုတာတောင် ပြောနိုင်တာကို တွေ့ဘူးပါတယ်)။ ချိတ်ဆက်တဲ့ အခါ အခြေအနေ၊ အယ်ရာ (Status, Error) စသည်တို့ကို Connection message box မှာ Code Number တွေနဲ့ ပြပါတယ်၊ ဖေါ်ကြတဲ့ နံပါတ်တွေကို DUN Error Code လို့ခေါ်ပါတယ်၊ ဒီကုတ်နံပါတ်တွေကနေ ဘာပြသာနာရှိတယ်ဆိုတာကို ဖေါ်ပြနိုင်လို့ ဘာအယ်ရာ ပေးနေသလဲ ဆိုတာကို သေသေချာချာ ဖတ်ကြည်ဖို့လိုပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s