Dial-Up အင်တာနက် စတင်ချိတ်ဆက်အသုံးပြုခြင်း

နှိပ်ပေးလိုက်ပါ၊ User Name / Password မှန်အောင်ရိုက်ထည့်ပါ၊ Connection Setup လုပ်တုံးက User Name / Password တခါထဲထည့်ထားခဲ့တယ် ဆိုရင်တော့ ရိုက်စရာမလိုတော့ပါဘူး အဆင်သင့် ထဲ့ပြီးသားရှိနေတာ တွေ့ရပါလိမ့်မယ်၊ ပြီးရင် “Dial” ကိုနှိပ်လိုက်ပါ။

Connect MyanTel Dialog Box

 

“Connecting MyanTel” ဆိုတဲ့ box ကလေးပေါ်လာပါလိမ့်မယ်၊ Speaker ကနေ မိုဒမ်အခြင်းခြင်း Handshake လုပ်တဲ့ “ ရွှီ ….တွီ ….” ဆိုတဲ့ အသံရှည် ကြားရပါမယ်။

Connecting MyanTel

 

မိုဒမ်အချင်းချင်း Handshake ရသွားပြီးရင် ထည့်ထားတဲ့ User/Password ကို ISP ကနေ စစ်ပါလိမ့်မယ်။

Checking User Name and Password

 

User/Password မှန်တယ်ဆိုရင်တော့ ISP Network ကို login ဝင်ရောက်သွားမှာဖြစ်ပါတယ်။

Login to ISP Network

 

ISP Network ကို login ဝင်ရောက်သွားပြီးရင်တော့ Dial-Up Internet Connection စတင်ချိတ်ဆက်နေပြီဖြစ်ပြီး Screen ရဲ့ အောက် ညာဖက်ထောင့်မှာ “MyanTel is now connected” ဆိုတဲ့ message box လေး တက်လာတာကို တွေ့ရရင်တော့ Dial-Up Internet Connection ဟာ အောင်မြင်စွာ ချိတ်ဆက်သွားပါပြီ၊ အင်တာနက် ဘရောက်ဆာ ကိုဖွင့်လိုက်ရင် home page တက်လာတာကို တွေ့ရပါလိမ့်မယ်။ အောက်ပုံက message box မှာပြနေတဲ့ “Speed : 46.6 Kbps” ဆိုတာကတော့ လက်ရှိချိတ်ဆက်နေတဲ့ အမြန်နှုံးပါ။

 

Connected Dial-Up Connection

 

အင်တာနက်သုံးပြီးရင် Dial-Up Connection ကို ပြန်ပြီး ဖြုတ်ဖို့ မမေ့ပါနဲ့၊ ချိတ်ထားသမျှ အချိန်နဲ့ အသုံးပြုခကို ကောက်ခံတာဖြစ်တဲ့အတွက် အသုံးပြုပြီးရင် Disconnect လုပ်ဖို့လိုပါတယ်။ အပေါ်မှာပြထားတဲ့ Screen ရဲ့ အောက် ညာဖက်ထောင့်မှ Dial-Up Connection  ဆိုတဲ့ Icon လေးကို Double Click နှိပ်ပါ၊ တက်လာတဲ့ Myantel Status box မှာ “Disconnect” ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Connection ပြုတ်သွားပြီ ဖြစ်ပါတယ်။

Disconnectiong Dial-Up Connection

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s