ဒိုင်လ်အပ်ချိတ်ဆက်မှုပြသာနာများ ဖြေရှင်းခြင်း(၆)V.92 အား Disable လုပ်ခြင်း

V.92 အား Disable လုပ်ခြင်း (Manual Disabling V.90 Mode)

ခုခေတ် Dial-Up Connection တွေမှာ သုံးတဲ့ Modem Standard က V.90, V.92 modulation standard ပါ၊ V.92 ဟာ Speed အနေနဲ့ 56kbps အမြင့်ဆုံးရနိုင်ပေမယ့် ဖုံးလိုင်း ကောင်းမှ  Stable connection ကို ရနိုင်မှာပါ၊ Data Flow ရဲ့ သဘောသဘာဝအရ Data Speed မြင့်လေလေ ကြားခံ Media ရဲ့ Noise level က နည်းဖို့လိုပါတယ်၊ ဒါကြောင့် သုံးစွဲသူရဲ့ လိုင်းဟာ Noise Level မြင့်နေတယ်၊ ဒါမှမဟုတ် လိုင်းမကြာခဏ ပြုတ်ကျတဲ့ ပြသာနာ ရှိနေပြီဆိုရင်တော့ မိုဒမ်မှာ V.90, V.92 mode ကို Disable လုပ်ပေးပြီး တဆင့်နိမ့်တဲ့ V.34 Standard နဲ့ ချိတ်ဆက်ကြည့်သင့်ပါတယ်၊ အနည်းငယ် နှေးသွားပေမယ့် ပိုပြီး stable ဖြစ်တဲ့ Connection ကို ရွေးလိုက်တာပါပဲ။

နောက်တစ်ခုက တချို့ အိတ်ချိန်းတွေမှာ အိတ်ချိန်းမော်ဒယ်ကြောင့် V.92 ကို Support မလုပ်တာမျိုးလဲ ရှိနိုင်ပါတယ်၊ ဒါဆိုရင်လဲ မိုဒမ်မှာ V.90, V.92 mode ကို Disable လုပ်ပေးပြီး တဆင့်နိမ့်တဲ့ V.34 ဒါမှမဟုတ် V.32 Standard တွေ နဲ့  စမ်းသပ် ချိတ်ဆက်ကြည့်သင့်ပါတယ်။

သတိပြုရမှာက V.92, 56K Modem Standard ဟာ လိုင်းအကွာအဝေး 1 km ထိပဲ ကောင်းကောင်းချိတ်နိုင်ပါတယ်၊ ဒီကလိုင်းတွေအနေနဲ့ကတော့ အိတ်ချိန်းကနေ 1km ကျော်ဖို့ပဲများပါတယ်။

အများအားဖြင့် DUN Error code, 718, 719, 721, 729 , 629, 678, 679 တွေဟာ ဒီပြသာနာနဲ့ ပါတ်သက်လေ့ရှိပါတယ်။ လုံးလုံးမချိတ်ဖူး၊ မချိတ်တချက် ချိတ်တချက် ချိတ်ရင်လဲ ကြာကြာ မရဘူးဆိုရင် စမ်းကြည့်သင့်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s