ဖုံးလိုင်း၏အရည်အသွေးအား စစ်ဆေးခြင်း (၁) – AT Command Set

ဖုံးလိုင်း၏အရည်အသွေးအား စစ်ဆေးခြင်း (၁) – AT Command Set

လိုင်းကိုစစ်ဆေးဖို့အတွက် မိုဒမ်အတွင်းကို ဝင်ပြီး မိုဒမ်ကို Command တွေရိုက်ထည့်ပြီး ထိမ်းချုပ်နိုင်ပါတယ်၊ ဒီလိုမိုဒမ်ကို control လုပ်နိုင်တဲ့ Commands တွေကို AT Command လို့ခေါ်ပါတယ်၊ AT ဆိုတာကတော့ Attention ရဲ့အတိုကောက်ပါ၊ “Hayes Microcomputer Products” ရဲ့ Smart Modem ကနေစတင်ခဲ့တဲ့ command set တွေဖြစ်လို့ Hayes AT Command Set လို့လဲခေါ်ကြပါတယ်။

AT+   –  AT Command တွေကိုသုံးတဲ့အခါ   “AT” နဲ့ကိုယ်သုံးချင်တဲ့ Command နဲ့တွဲရိုက်ရပါတယ်၊ ဥပမာ မိုဒမ်ကို reset ချရင်သုံးရမယ့် Command က “Z” ပါ၊ ဒါကြောင့် မိုဒမ်ကို Reset ချဖို့အတွက် “ATZ” လို့ရိုက်ပေးရပါမယ်။

AT&F – မိုဒမ်ကို Factory Default ချတဲ့ Command ပါ၊ setting လုပ်ရင်းမှားသွားရင်ဖြစ်ဖြစ်၊ အရင် default setting တွေလိုရင်ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။

ATDT – ဖုံးနံပါတ်တစ်ခုကို ခေါ်ဖို့အတွက် သုံးပါတယ်၊ ဥပမာ 146 ကို ဒိုင်လုပ်ချင်ရင် “ATDT 146” လို့ရိုက်ရပါမယ်။

ATIn   – မိုဒမ် Specifications, Status, Info, Setting, Diagnosis Report စတာတွေကိုကြည်ဖို့သုံးပါတယ်။ “n” နေရာမှာ number 1 ကနေ ၁၆ အထိ ရိုက်နိုင်ပါတယ်၊ ဒီ number တွေဟာ သူ့အဓိပါယ်နဲ့သူ ရှိပါတယ်။

ATI0   – Product Code ကိုကြည့်နိုင်ပါတယ်၊

ATI3   – မိုဒမ်ရဲ့ Firmware Version ကိုကြည့်နိုင်ပါတယ်၊

ATI6   – နောက်ဆုံးခေါ်ထားတဲ့ ချိတ်ဆက်မှုရဲ့ အခြေအနေကို ပြပါတယ်၊

ATI11 – ချိတ်ဆက်ထားတဲ့ ဖုံးလိုင်းရဲ့အခြေအနေ၊ လိုင်းအရည်အသွေး စတာတွေကို ပြပါတယ်၊

AT+MS=      – အသုံးပြုမယ့် Modem Modulation Standard ကို ရွေးချယ်ပြီး setting လုပ်နိုင်ပါတယ်၊ ဥပမာ “AT+MS=V34” ဆိုတာဟာ USR မိုဒမ်မှာ V.34 standard ကို အသုံးပြုဖို့ Setting ပေးထားလိုက်တာပါ၊ တနည်းအားဖြင့် V.90 ကို မသုံးတော့ပဲ Disabled လုပ်လိုက်တာပါပဲ၊

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s