V.92 အား Disable လုပ်ခြင်း (Manual Disabling V.90 Mode)-(၁)

V.92 အား Disable လုပ်ခြင်း (Manual Disabling V.90 Mode)-(၁)

Start –>  Control Panel –>Printers and Other Hardware –> Phone and Modem Options ကိုသွားပါ။ “Modem” Tab မှ “Properties” ကိုနှိပ်ပါ။

Modem Properties

“Advanced” Tab ကိုနှိပ်ပါ၊

Advanced Tab

“Extra Initialization commands:” တွင် သက်ဆိုင်ရာ မိုဒမ်အလုပ်လုပ်ချိန်တွင် ပေးရမည့် “AT Command” များအားထဲ့ သွင်းနိုင်ပါသည်၊ ဥပမာ V.34 Initialization Command အားထဲ့သွင်းထားပါက မိုဒမ်ချိတ်ဆက်ချိန်တွင် V.90 အားမသုံးတော့ပဲ V.34 Modulation ဖြင့်သာ ချိတ်ဆက်မည် ဖြစ်ပါသည်။ မိမိမိုဒမ်၏ Initialization Command String အား သက်ဆိုင်ရာ မိုဒမ် Documents, Manual, Manufacturer Website များတွင် ရှာဖွေရပါမည်၊ အောက်တွင် အသုံးများသော မိုဒမ် String များအား သီးခြားဖေါ်ပြထားပါသည်။

စမ်းသတ်ထားသော မိုဒမ်၏ V.34 Modulation Command String မှာ “+MS=V34” ဖြစ်ပြီး “Extra Initialization commands:” Box တွင်ထဲ့သွင်းပါ၊ “OK” နှိပ်ပါ။

သတိပြုရမှာက ဒီစမ်းသပ်မှုမှာ သုံးထားတဲ့မိုဒမ်ဟာ U.S.Robotics မိုဒမ်ဖြစ်ပါတယ်၊ တခြား မိုဒမ်တွေနဲ့ စမ်းရင် ဒီ AT Command နဲ့ ရချင်မှရပါမယ်၊ မိုဒမ်တွေမှာ သူ့မော်ဒယ်နဲ့သူ သက်ဆိုင်ရာ AT Command တွေ ရှိပါတယ်၊ ဒါပေမယ့် ဒီဥပမာကို သေချာနားလည်အောင်  ကြည့်ထားမယ်ဆိုရင် တခြားမိုဒမ်တွေနဲ့လဲ စမ်းသပ်လို့ရနိုင်ပါတယ်၊ လိုအပ်ရင် သက်ဆိုင်ရာမိုဒမ်ရဲ့ AT Command Reference, Manual ကို ရှာဖွေဖတ်ဖို့ လိုပါလိမ့်မယ်။

Adding Modem String

စမ်းသပ်ခေါ်ကြည့်ပါ၊ Noise Level များသေးလျင် မကြာခဏ ပြုတ်ကျနေသေးလျင် V.32bis, V.32 စသည်ဖြင့် လျှော့ချစမ်းသတ်ပါ။ V.34 သည် Maximum Speed 33.6~22.8 kbps ရရှိနိုင်ပြီး V.32 သည် 14.4~9.6 kbps Maximum Speed ချိတ်ဆက်နိုင်ပါသည်၊ အတန်ငယ်နှေးသော်လည်း Stable ဖြစ်သော Connection ရရှိနိုင်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s