FTTH Old Days Concept and New Concept

Fiber ကို အိမ်ထိအရောက်သွယ်တန်းပြီးသုံးတယ် ဆိုတဲ့ idea ဟာ အသစ်တော့ မဟုတ်ပါဘူး၊ အရင်ထဲက Corporate ကြီးတွေ လုပ်ငန်းကြီးတွေဟာ လိုချင်တဲ့ speed, bandwidth ရဖို့ service provider တွေဆီကို တိုက်ရိုက်ချိတ်ဆက်ခဲ့ကြပါတယ်၊ ဒီလို ချိတ်ဆက်မှုတွေဟာ ပြောစရာမလိုလောက်အောင် ကုန်ကျစရိတ်လဲကြီးလေ့ရှိပါတယ်၊ ချိတ်ဆက်တဲ့နေရာမှာ service provider ကနေ အိမ်၊ ရုံးအထိ ဖိုင်ဘာကေဘယ် တချောင်းကို သွယ်တန်းယူရပါတယ်၊ Equipments တွေကလဲ ကုန်ကျစရိတ်ကြီးသလို  Service charges တွေကလဲ ဈေးနှုံးကြီးမြင့် ပါတယ်၊ နောက်တစ်ခုက ဖိုင်ဘာတွေဟာ ကေဘယ်တစ်ချောင်းမှာ ဖိုင်ဘာကြိုးမျှင် 6 cores, 12 cores (၆ ပင်၊ ၁၂ ပင်) စသည်ဖြင့် ပါလေ့ရှိပါတယ်၊ ချိတ်ဆက်ရာမှာ ၁ ပင် ၂ ပင်လောက်သာ သုံးလေ့ရှိကြတာမို့ ကျန်တဲ့ အပင်တွေဟာလဲ လေလွင့်မှုကို ဖြစ်စေပြန်ပါတယ်။

FTTH (Old days concept)

ဒီနေ့ခေတ် FTTH idea မှာတော့ ဒီကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင်၊ ပိုပြီး အကျိုးရှိရှိအသုံးချနိုင်အောင် နည်းပညာတွေကို မွန်းမံတီထွင်လာကြပါတယ်၊ ဖိုင်ဘာကေဘယ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးနှုံးကျဆင်းလာတာကလဲ FTTH development ကို ပိုပြီးမြန်ဆန်လာစေပါတယ်၊ ပထမအဆင့် ပြုပြင်ပြောင်းလဲမှုကတော့ ISP ကနေ အိမ်အထိသွယ်တန်းတဲ့ Fiber cable cost ကို လျှော့ချဖို့ ကြဆလာပါတယ်၊ ဒီ idea ကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ သုံးစွဲသူရဲ့အိမ်ထိ Fiber cable ကို တချောင်းထဲ တိုက်ရိုက်ဆွဲမသွားပဲ အနီးဆုံးနေရာ(cabinet, premise) ထိပဲဆွဲပြီး ဒီ Uplink Fiber တပင်ကိုပဲ အများခွဲဝေသုံးစွဲဖို့ပါပဲ၊ Customer တစ်ယောက်ချင်းဆီကို ဆွဲသွားရမဲ့ cable cost တစ်ဝက်ကမ လျော့ကျသွားသလို cable pair waste ကိုလဲ လျှော့ချနိုင်ပါတယ်။
နောက်တဆင့်အနေနဲ့ကတော့ ဒီလို Fiber cable ကိုမျှဝေသုံးစွဲရာမှာ ပိုပြီးကောင်းမွန်အောင် Splitting နည်းပညာတွေကို တီထွင်လာကြတာပါပဲ၊ ဖိုက်ဘာကို Splitting နဲ့ Sharing လုပ်တဲ့ technology တွေကိုရေးပါဦးမယ်။

FTTH (New system concept)

OLT ဆိုတာကတော့ Optical Line Terminal ဖြစ်ပြီး ISP ဖက်မှာ ထားတဲ့ fiber system equipment ဖြစ်ပြီး ONT ကတော့ သုံးစွဲသူနေရာမှာတပ်ဆင်တဲ့ Optical Network Terminal ပါ၊ ပုံမှာ အိတ်ချိန်း၊ISP ကနေ Fiber နှစ်ပင်သာ uplink backbone အနေနဲ့ လာပြီး Customer area ရောက်မှာ ပြန်လည်ခွဲယူထားတဲ့ အတွက် overall cable length ကို သက်သာလျော့ကျစေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s