FTTH အကြောင်းမပြောခင်မှာ ဖိုင်ဘာကေဘယ် အမျိုးအစားတွေအကြောင်း အရင်ပြောခြင်ပါတယ်၊ ဖိုင်ဘာမှာ သုံးထားတဲ့ material အမျိုးအစားအရ နှစ်မျိုးခွဲနိုင်ပြီး သွားနိုင်တဲ့ optical ray ရဲ့ wavelength အရ နှစ်မျိုးခွဲနိုင်ပါတယ်၊ ဖိုင်ဘာကေဘယ်တွေမှာ သုံးထားတဲ့ material နှစ်မျိး ရှိပါတယ်၊
၁) Glass Type Fiber Cable နဲ့
၂) Polymer Type Cable လို့ နှစ်မျိုးရှိပါတယ်၊
အလင်းဖန်မျှင်ကြိုးလို့ ခေါ်ကြတဲ့အတိုင်း နံပါတ် ၁ အမျိုးအစားက ဖန် (Glass) နဲ့လုပ်ထားတဲ့ ကေဘယ်အမျိုးအစားပါ၊ အရည်အသွေးအကောင်းဆုံးဖြစ်သလို ကုန်ကျစရိတ်လဲ ကြီးတာကြောင့် အဓိကကျတဲ့ Backbone တွေ အရေးကြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ မှာပဲသုံးလေ့ရှိပါတယ်၊ Losses နဲတာကြောင့် အကွာအဝေး ဝေးဝေးဆွဲနိုင်ပါတယ်၊ Standard Equipments တွေနဲ့ဆိုရင် 70 km လောက်ထိ distance ရနိုင်ပါတယ်၊ နံပါတ် ၂ အမျိုးအစား Polymer Type ကတော့ ပလတ်စတစ် ဖိုင်ဘာကေဘယ်လို့ပြောရပါမယ်၊ ဈေးနှုံးချိုသာပေမယ့် အရည်အသွေးက Glass Type Fiber တွေကို မမှီပါဘူး၊ Optical losses များတာကြောင့် အကွာအဝေး ဝေးဝေးဆွဲလို့ မရနိုင်ပါဘူး၊ 1 km အတွင်းလောက်ပဲ အသုံးပြုနိုင်ပြီး လိုကယ် LAN တွေအတွင်းလောက်မှာပဲ အသုံးများပါတယ်။
ဒုတိယ optical ray အရခွဲရင် ဖိုင်ဘာတချောင်းထဲမှာ optical wavelength တစ်ခုထဲသွားတဲ့ ၁) Single Mode နဲ့ wavelength တစ်ခုထက်ပိုပြီး နှစ်ခုသုံးခု အပြိုင်သွားနိုင်တဲ့ ၂) Multi Mode Fiber လို့နှစ်မျိုးခွဲနိုင်ပါတယ်၊ Single နဲ့ Multi Fiber တွေဟာ performance အရ ကွာခြားမှု မရှိပေမယ့် Milti Mode မှာ wavelength နှစ်ခု သုံးခု သွားနိုင်တဲ့အတိုင်း Bandwidth ကလဲ နှစ်ဆသုံးဆ တက်လာတာမို့ Speed နဲ့ Bandwidth လိုအပ်တဲ့ နေရာမျိုးမှာ Milti Mode ကို သုံးကြပါတယ်၊ performance ပိုလာတဲ့အတိုင်း Milti Mode ဟာ Single ထက် ကုန်ကျစရိတ်လဲ ပိုပါတယ်။
Single mode fiber ရဲ့ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်၊ ပိုက်တချောင်းထဲကို လက်နှိပ်မီးနဲ့ထိုးလိုက်သလို ပါပဲ၊ optical ray ဟာ fiber ထဲမှာ တဖြောင့်ထဲသွားပါတယ်။
Multi mode fiber တွေမှာ အဓိကကတော့ wavelength မတူတဲ့ laser rays တွေကို အသုံးပြုပါတယ်၊ Laser ray တွေမှာ wavelength လို့ခေါ်တဲ့ လှိုင်းအလျားမတူရင် media တစ်ခုကိုရိုက်ခတ်တဲ့ ရိုက်ထောင့် မတူကြပါဘူး၊ ဒါကြောင့် wavelength မတူတဲ့ Laser rays သုံးခုဟာ optical fiber တချောင်းထဲ အတွင်းမှာ မရောထွေးပဲ သီးခြားစီ ဖြတ်သန်းသွားနိုင်ကြပါတယ်။

ဖိုင်ဘာကေဘယ်တွေရဲ့တည်ဆောက်ပုံက အတွင်း core မှာ Glass ဒါမှမဟုတ် Polymer အမျှင်လေးရှိပါတယ်။ ဒီ အလင်းဖောက်နိုင်တဲ့ ဖန်ကြိုးမျှင်လေးဟာ optical ray ဖြတ်သွားမဲ့ media ပါပဲ။ ဒီ ဖန်မျှင်လေးကို အပြင်ကနေ အလင်းပြန်နိုင်စွမ်းနဲတဲ့ Cladding အလွှာနဲ့ဖုံးအုပ်ထားပါတယ်။ Laser ray ဟာ ဒီဖန်မျှင်လေးအတွင်းမှာ ဖြတ်သန်းပြီး data တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။ Single mode fiber တွေမှာ core ကသေးပြီး cladding uကြီးပါတယ်၊ Multi mode fiberတွေမှာ ကတော့ ပြောင်းပြန်ပါ။
ငါ ဖတ်ဖူးသမျှ ဆိုက်တွေထဲမှာတော့ ဒီဆိုက်က အကောင်းဆုံးပဲဗျာ။ (၁)ဘယ်သူမှ မရေးသေးတာကို ရေးတယ်။ (၂) နောက်ဆုံးပေါ်နည်းပညာတွေကို ရေးတယ်။ (၃)ငါတို့လို နာလပြိန်းတုံးတွေ နားလည်အောင် ရေးတယ်။ ဒီအချက်တွေကြောင့် အကောင်းဆုံးလို့ပြောတာပါဗျာ။ နာမည်ကြီးဆိုက်(ဖိုရမ်)တွေမှာတောင် သူများဟာ ခိုးတင်ထားတာ၊ ပြန်တင်ထားတာ များတယ်။ ကိုယ်ပိုင်လုပ်နည်းတယ်ဗျာ။
ဒီဆိုက်လေးမှ ရှိသမျှ အကြောင်းအရာတွေကို အကုန်ဖတ်မယ်။ မှတ်မယ်လို့ စိတ်ကူးထားသဗျာ။ ဆက်သွယ်လို့ရမယ့် မေးလိပ်စာ သို့မဟုတ် တစ်ခုခုလောက်သိရရင် ကောင်းမယ်ဗျာ
good information