TBP-AFK, The Pirate Bay Away From Keyboard Documentary Film

The Pirate Bay(TPB) ဆိုတာ အင်တာနက်ပေါ်မှာ P2P file sharing service နဲ့ နာမည်ကြီးတဲ့ web service site တစ်ခုပါ၊ 2001 ခုနှစ်မှာ Anti-Copy Right အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ The Piracy Bureau ကနေတည်ထောင်ပါတယ်၊ စကထဲက သူတို့အဖွဲ့ ရည်ရွယ်ချက် နဲ့ ဖလော်ဆော်ဖီက အဆန်းပါပဲ။ Service စတင်ပြီး အင်တာနက်ပေါ်မှာ လိုင်စင်မဲ့ software, movie စတာတွေကို ဝေငှဖြန့်ဖြူးသူ တွေအတွက် တရှိန်ထိုး နာမည် ကြီးလာပါတယ်။

မေ 2006 မှာ TPB ရဲ့ web hosting ဖြစ်တဲ့  PRQ ရုံးကို ဆွီဒင်ရဲတပ်ဖွဲ့ကနေ ဝင်ရောက်စီးနင်းခဲ့ပါတယ်၊ PRQ ဟာ TPB ရဲ့ host ISP တစ်ခုဖြစ်ပြီး TPB ရဲ့ founder နှစ်ဦးကပဲတည်ထောင်ခဲ့တာပါ၊ (Documentray မှာတော့ wikileak ကိုလဲ နောက်ပိုင်းမှာ host လုပ်ပေးခဲ့တာတွေ့ပါတယ်)   website ဟာ ၃ ရက်ကြာဒေါင်းသွားပြီး ပြန်တက်လာပါတယ်၊ ဒီစီးနင်းမှုဟာ MPAA(Motion Picture Association of America) ရဲ့ ဖိအားပေးမှုကြောင့် လို့ဆိုပါတယ်၊ ဒီအမှုမှာ ထောက်ခံသူတွေဖက်ကရော တရားစွဲတဲ့ ကုမ္ပဏီတွေဖက်ကပါ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်၊

 2009 မှာ ဒီ site founder တွေဖြစ်တဲ့ Peter Sunde, Fredrik Neij, Gottfrid Svartholm နဲ့ Carl Lundström တို့ကို Sweden တရားရုံးကနေ copyright law နဲ့ ထောင်ဒဏ် တနှစ်နဲ့ ဒေါ်လာ ၃.၅ သန်း နဲ့ ညီမျှတဲ့ ဒဏ်ငွေကို ချမှတ်ခဲ့ပါတယ်၊ ပြစ်ချက်ကတော့ အခြားသူတွေကို မူပိုင်ခွင့် ဥပဒေကို ကျူးလွန်ဖို့ အားပေးအားမြှောက် ပြုတယ်လို့ ဆိုပါတယ်။

  စိတ်ဝင်စားတာက သူ့တို့ရဲ့ service, အမှုကိစ္စတွေမဟုတ်ပါဘူး၊ အင်တာနက်လောက မှာ P2P network တွေတခေတ်ဆန်းစေခဲ့တဲ့ Giant Media တွေကို ကိုင်လှုပ်ခဲ့တဲ့ ကုမ္ပဏီအဖွဲ့ရဲ့ technology backend ပါ၊ တခြား Google, Facebook တို့လို ဟဲဗီးဝိတ် Data Center ကြီတွေရဲ့ ရာထောင်ချီတဲ့ servers တွေနဲ့ high end technology တွေကိုတွေ့ခဲ့ရပြီးပါပြီ၊ TPB ရဲ့ နက်ဝပ်မှာ ဒီလိုတန်ဖိုးကြီး ပစ္စည်းတွေမပါပါဘူး၊ linux server တွေနဲ့ open source, customized software တွေနဲ့ပဲ တည်ဆောက်ထားတာပါ၊ ပုံမှန်အားဖြင့် shared file တွေကို local server တွေမှာ ထားလေ့မရှိကြပါဘူး၊ ဒါပေမယ့် shared link information ကိုပဲ request လုပ်ရင်တောင် user သန်းချီလာရင် ပုံမှန် webserver တွေမှာ DOS attack လို stress ရနိုင်ပါတယ်၊ 2008 မှတ်တမ်းအရ server 31 လုံး၊ 9 web front (web server for user access)၊ 8 bittorrent tracker ရှိတယ်လို့ ပြောထားပါတယ်၊ နောက်ပိုင်းမှာ law enforcement pressure နဲ့ site ကိုပိတ်တာ ကျော်လွှားဖို့အတွက်ရော recovery plan အတွက်ရော Cloud နဲ့ decentralized network ကိုပြောင်းလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့အပါတ်က “TPB AFK: The Pirate Bay Away From Keyboard “ Documentary ကို ဖြန့်ချီထားပါတယ်၊ အင်တာနက်ကနေ fun ရှာပြီးရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး IT, internet, copy right စတာတွေကို စိတ်ဝင်စားရင် youtube ကနေရော HD format download နဲ့ရော ကြည့်နိုင်ပါတယ်။

Oak Kar

https://oakkar7.wordpress.com/

Reference:

http://watch.tpbafk.tv/

http://en.wikipedia.org/wiki/The_Pirate_Bay

http://en.wikipedia.org/wiki/The_Pirate_Bay_raid

http://www.youtube.com/watch?v=eTOKXCEwo_8&feature=youtu.be

http://www.geek.com/articles/news/the-pirate-bay-runs-on-2500-watts-and-500gb-of-storage-20121022/

Google Chromebook and Chrome OS

Google ဟာ Operating System တစ်ခုကို develop လုပ်နေတယ်လို့ သတင်းထွက်နေတာ ကြာပါပြီ၊ ဒါဟာ Microsoft လို Core OS ထုတ်လုပ်သူတွေအတွက်တော့ သတင်းကောင်း မဟုတ်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ 2009 September က  Google ကနေ Chrome OS ကိုစတင်ကြေညာခဲ့ပါတယ်၊ 2010 မှာ သုံးစွဲသူလက်ကို အရောက်ပို့မယ်လို့ ဆိုလာပါတယ်၊သတင်းထွက်လာထဲက နည်းပညာလောကမှာ ရိုက်ခတ်ခဲ့ပါတယ်၊ အရင်ကထဲက Google ဟာ သူ့ရဲ့နာမည်ကျော် Gtalk, Gmail, Google Documents, Reader စတဲ့ applications တွေကို တစ်စုတစည်းထဲပေါင်းပြီး ready made applications package suit တစ်ခုဖြစ်အောင်ပြင်လာခဲ့တာ ကြာပါပြီ၊ အင်တာနက်ကို ဝင်ပြီးတာနဲ့ Google ကိုသွား Login လုပ်ပြီးရင် ရှိတဲ့ဆားဗစ်တွေ အားလုံးကို သုံးနိုင်အောင်လုပ်နေခဲ့တာပါ၊

ပြီးခဲ့တဲ့ 2010 မှာ Google ရဲ့ Chrome Operating System Demo ဟာ ပထမဆုံးအကြိမ် အားလုံးရှေ့မှာ ပေါ်လာပါတယ်၊ အရင်ကထင်ထားသလို OS တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ Chrome ဟာ Cloud OS တနည်းအားဖြင့် Web Based OS တစ်ခုပါ၊ ရှင်းအောင်ပြောရရင် InterNet ကို ချတ်ဆက်ထားမှာသာ Chrome ကို အပြည့်အဝ သုံးလို့ရမှာပါ၊

ဒီနေရာမှာ Cloud Computing, Cloud OS စတဲ့အသုံးအနှုံးတွေကို နဲနဲ ပြောဖို့လိုလာပါပြီ၊ 2000 နောက်ပိုင်းမှာ Cloud Computing ဆိုတဲ့အသုံးအနှုံးဟာ တော်တော်လေး ခေတ်စားလာပါတယ်၊ Cloud ဆိုတာ တနည်းအားဖြင့် အင်တာနက်ကိုရည်ညွှန်းတာပါပဲ၊  အင်တာနက်ဆိုတာ အမျိုးမျိုးအထွေထွေ ဒေသအမျိုးမျိုးက ကွန်ပျူတာတွေ ချိတ်ဆက်ထားတဲ့ နက်ဝပ်ကြီး လို့ပြောနိုင်ပါတယ်၊ လိုအပ်ရင် ဒီကွန်ပျူတာတွေဟာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြပါတယ်၊ မြင်သာအောင်ပြောရရင် Gtalk ကနေ ဒေသမတူတဲ့နေရာက လူတွေဟာ ချိတ်ဆက်စကားပြောနိုင်ကြတယ်၊ အင်ဖေါ်မေးရှင်း ဖလှယ်နိုင်ကြပါတယ်၊ အင်တာနက်ရဲ့ ဒီအားသာချက်ကို အသုံးချဖို့ Cloud Computing ကို ကြဆလာကြတာပါပဲ၊ နေရာဒေသမျိုးစုံက ကွန်ပျူတာတွေ အချင်းချင်း အင်တာနက်မှာ စုပေါင်းအလုပ်လုပ်နိုင်အောင် Cloud ကိုဒီဇိုင်းလုပ်ကြပါတယ်၊ အင်တာနက်သုံးစွဲသူ တစ်ယောက်ဟာ သူ့ရဲ့ Web Browser ကိုဖွင့်ပြီး Gmail ..Gtalk ကိုသုံးမယ်၊ Blog ကို update လုပ်မယ် …ဒါဟာတနည်းအားဖြင့် Cloud Applications တွေရဲ့အခြေခံလို့ ဆိုနိုင်ပါတယ်၊ တကယ်တန်း သုံးစွဲနေတဲ့ PC ဟာ User Interface နဲ့ အင်တာနက်ချိတ်ဖို့ Internet Explorer ကိုဖွင့်ပြီး Google ကို login ချိတ်ဆက်ဖို့လောက်ပဲ သုံးတာပါ၊  တကယ်အလုပ်လုပ်တဲ့အချိန်မှာ Google ရဲ့ဆာဗာတွေမှာပဲ Processing ကလုပ်နေတာပါ၊ ဒါကို Cloud Computing ရဲ့အခြေခံသဘော ပါတယ်လို့ပြောနိုင်တာပါ၊ သုံးစွဲသူရဲ့ Email Data တွေဟာ အင်တာနက်ဆာဗာတွေပေါ်မှာပဲ သိမ်းပါတယ်၊ Cloud OS ကတော့ဒီထက် တဆင့်မြင့်လာပါပြီ၊ OS ရဲ့ အဓိက အစိတ်အပိုင်းတွေဟာ ဆာဗာပေါ်မှာပဲ ရှိပါတယ်၊ သုံးစွဲသူရဲ့ PC ဟာ Storage နဲ့ OS ကို local အထောက်အပံ့ပေးဖို့ပဲ သုံးပါတော့တယ်၊ Chrome ဟာလဲ ဒီလို Light Weight, Cloud OS တစ်ခုပါ၊ တနည်းအားဖြင့် ဝိတ်လျှော့ထားတဲ့ Web Based OS တစ်ခုပေါ့၊ သူ့ရဲ့ Core OS Component ဟာ အင်တာနက်ပေါ်က Google ရဲ့ ဆာဗာတွေမှာပဲ ရှိမှာပါ၊

Chrome ရဲ့အဓိက အချက်တွေကတော့

–  Web ပေါ်မှာ အခြေခံထားတဲ့ Web OS တစ်ခုပါ၊Totally Cloud ဖြစ်ပြီး အားလုံးဟာ အင်တာနက်ကိုပဲ အခြေပြုပါမယ်

– Chrome Browser မှာ Gtalk, Gmail, Google Docs, Wave စတာတွေနဲ့ Facebook, Twitter  စတဲ့ Online Applications  တွေဟာ Browser Applet တစ်ခုကနေစတင်ပြီး Chrome Browser မှာ Tab တွေအနေနဲ့ ရှိပါတယ်၊

– PC ရဲ့ Storage Devices တွေဟာ OS ကို Devices Driver, Booting and Initiating OS, Networking စတဲ့ လိုကယ်အထောက်အပံ့ပေးဖို့ပဲ ရည်ရွယ်ပါတယ်၊  ဒါကြောင့်လဲ SD, Flash Drive စတာတွေပဲ support လုပ်မယ်လို့ဆိုပါတယ်၊ Laptop ရဲ့ Harddisk ဒါမှမဟုတ် USB Thumb Drive တစ်ခုကနေ OS ကို boot ပြီး Chrome Browser တက်လာတာနဲ့ သုံးလို့ရမှာပေါ့၊

– Google ကနေ certified လုပ်တဲ့ Chrome Ready devices တွေ နဲ့လဲသုံးရင် အကောင်းဆုံးဖြစ်မှာပါ၊ Customer Firmware ကနေ OS ကို Boot လုပ်ပြီး သုံးရမှာပေါ့၊

– လောလောဆယ်တော့ x89 နဲ့ ARM Processors တွေကို Support ပေးထားပါတယ်၊

– Open Source ဖြစ်ပါတယ်၊ လိုအပ်တဲ့ Developper Tools, Drivers , Documentations တွေအားလုံး အခမဲ့တေထာက်ပံ့ပေးမယ်လို ဆိုပါတယ်၊

Chrome_OS_21.0.1172_Aura_Dev
Source : en.wikipedia.org/wiki/Google_Chrome_OS

Chrome ရဲ့အဓိက အားသာချက်တွေကတော့

– Speed, Simplicity, Security လို့ Google ကတော့ဆိုလေရဲ့

– ပုံမှန် PC တွေ OS တက်ရာမှာ Bios ကနေဘု..Hardware Detect လုပ်..OS ကို loading လုပ်..network စတဲ့Services တွေစတင်.. Applications တွေ loading လုပ် ..ပြီးမှာ Internet Browser ဖွင့်ပြီး စသုံးနိုင်ပါတယ်၊ Chrome ကတော့ Firmware ကနေ boot, Costomized karnel (OS) ကို loading လုပ် .. chrome browser ကနေ တခါထဲ တန်းပြီးသုံးနိုင်မှာ မို့ ပိုပြီး မြန်ဆန်လာမယ်လို့ ဆိုပါတယ်၊

– Google ရဲ့ Applications တွေဟာ ရိုးရှင်းတဲ့နေရာမှာ နာမည်ကြီးပါတယ်၊  အားလုံးလဲ တွေ့ဘူးကြမှာပါ၊ Google Page ဟာ ဘယ်လောက်ရှင်းပြီး Gtalk စတဲ့ Application တွေ ဘယ်လောက် သုံးရလွယ်သလဲဆိုတာ

– Cloud မှာ အားသာတာကတော့ Security ပါ၊ ပုံမှန် PC တွေမှာ Anti virus, Spy-ware Mal-ware Scanner, Firewall , Windows Update, Application Update စသဖြင့် မရိုးနိုင်အောင် လုပ်ရပါတယ်၊ Cloud မှာတော့ ဆာဗာထဲမှာ OS+Applications+User Data တော်တော်များများရှိနေတော့မှာဖြစ်လို့ Server Side ကပဲ ဒီအလုပ်တွေကို လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်၊ User ကနေ ကိုယ်တိုင်လုပ်ဖို့ မလိုတော့ပါဘူး၊

Chrome ရဲ့အဓိက အားနည်းချက်တွေကတော့

– ကျွန်တော့အမြင် ဒီ OS ဟာ လူတိုင်းအတွက်မဟုတ်နိုင်ပါဘူး၊ အင်တာနက်ရှိမှ အဆင်ပြေပြေ သုံးရမှာ ဖြစ်တဲ့အတွက် ဒီမှာအတွက်တော့ ဆိုဖွယ်ရာ မရှိပါဘူး 😀

– အင်တာနက် မိုးပျံအောင်မြန်နေသေးရင်လဲ လူတိုင်းအတွက်အဆင်မပြေနိုင်သေးပါဘူး၊ Light Weight Applications တွေဟာ ဘာကြီးပဲ ပြောနေပြောနေ Desktop Applications တွေကို တချို့နေရာတွေမှာ မမှီနိုင်သေးပါဘူး၊  ဥပမာ Photoshop သုံးပြီး ပုံတပုံပြင်ချင်တယ်၊ Video Editing လုပ်ချင်တယ် ဆိုတာမျိုးတွေအတွက် အဆင်မပြေနိုင်သေးပါဘူး။

– Speed လို့ Google ကနေ OS Boot တက်တဲ့ speed ကိုပြောထားပေမယ့် သုံးစွဲရာမှာ အင်တာနက် Speed ကိုတော့ ဘယ်လိုလိုမယ်၊ ဘယ်လောက်လိုမယ်ဆိုတာတော့ google ကပြောမထားသေးပါဘူး၊ ဘယ်လိုပဲဖြစ်နေဖြစ်နေ  Application အားလုံးဟာ စက်ထဲကနေ ဖွင့်ပြီးသုံးတာထက် နက်ဝက်ပေါ်ကနေ သုံးတာ ပိုမြန်မယ်ဆိုတာ ဒီလိုအချိန်မျိုးမှာ မယုံနိုင်သေးပါဘူး

– Centralized Security ဖြစ်သွားတဲ့အတွက် ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိပါတယ်၊  အကျယ်မရေးတော့ပါဘူး ၊ ပိုက်ဆံကို အိမ်မှာ သိမ်းတာနဲ့ ဘဏ်မှာအပ်ထားတာကွာသလိုပါပဲ လို့ပြောပါရစေတော့။

–  OS ကတော့ Free, Open Source ပါ၊ လိုအပ်တဲ့ Certified Hardware ထပ်ဝယ်ရမယ် ဆိုရင်တော့ အဆင်မပြေသေးပါဘူး၊ ရုံးမှာအိမ်မှာ Desktop သုံးမယ်၊ သွားလာတဲ့အခါ Laptop သုံးရမယ်၊ Chrome ကိုသုံးဖို့ Chromebook တစ်လုံးပါထပ်ဝယ်ရမယ်ဆိုရင် မကိုက်သေးပါဘူး၊

– ကျန်တဲ့ ဆားဗစ်တွေ ဟာ အမြဲ free ဖြစ်မယ်လို့မပြောနိုင်ပါဘူး၊ အင်တာနက်မှာ တော်တော်များများဟာ free ဖြစ်ပေမယ် Grantee and Supported services တွေဟာ အခမဲ့ မရတာ သတိပြုမိကြမှာပါ၊ ကျန်တဲ့ hidden cost တွေ တက်လာဦးမလားဆိုတာ မသိနိုင်သေးပါဘူး၊

ဒီလထဲမှာပဲ Google ကနေ Chromebook Pixel ကို ထုတ်ခဲ့ပါတယ်။ Chrome OS ကို အသုံးပြုတဲ့ Laptop တွေ အရင်ထဲက ထုတ်ခဲ့ပြီးသားပါ၊ ဥပမာ ၂၀၁၂ ကထုတ်တဲ့ Samsung ရဲ့  $249 တန်Chromebook ဟာ Chrome OS ကိုအသုံးပြုတဲ့ Laptop တစ်လုံးပါ၊ တခြား HP, Acer စတဲ့ တံဆိတ်နဲ့ Chromebook တွေလဲတွေ့နိုင်ပါတယ်၊  $249ဆိုတဲ့ ဈေးဟာ တခြား ပုံမှန် Laptop တွေနဲ့စာ ရင် သက်သာပါတယ်၊ ဒါကြောင့် US နဲ့ UK မှာတော့ ကျောင်းသားတွေ အသုံးပြုတာများတယ် လို့ဆိုပါတယ်။

ဒါပေမယ့်  Chromebook Pixel ကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်၊ အများအားဖြင့် Google ဟာ တန်ဖိုးသင့် တန်ဖိုးနည်း ပစ္စည်းတွေကိုပဲ ထုတ်လေ့ရှိပါတယ်။  Chromebook Pixel ဟာ luxury gadgets တစ်ခုလို့ဆိုရလောက်အောင် $1299~1499 ကျသင့်မယ့် တန်ဖိုးကြီး အဆင့်မြင့် laptop တစ်လုံးဖြစ်နေပါတယ်။ 32G Solid Drive နဲ့ WiFi ပါဝင်တဲ့ version ဟာ $1299 ကျသင့်ပြီး  64G Solid Drive နဲ့ 4G LTE ပါဝင်တဲ့ version ဟာ $1499 ဈေးသတ်မှတ်ထားပါတယ်၊ Screen 12.85-inch, 2,560 x 1,700 IPS LCD panel ကို သုံးထားပြီး ဒီ screes ဟာ ဟင်းဖုံးတွေမှာလို  Touch Screen အနေနဲ့လဲ အလုပ်လုပ်နိုင်ပါတယ်၊ Intel Core i5 Processor ကိုသုံးထားပြီး 4G RAM, Intel HD Graphic ကို ထဲ့သွင်းထားပါတယ်၊ အကဲခတ်သူတွေကတော့ Macbook Pro နဲ့ နှိုင်းယှဉ် ကြတာတွေ့ရပါတယ်။

engadgets-chromebook
Source : http://www.engadget.com/2013/02/25/chromebook-pixel-review/

တကယ်တော့ Chromebook ဟာ Webtop လို့ဆိုကြတဲ့ အင်တာနက်ကနေ ချိတ်ဆက် လည်ပါတ်အသုံးပြုရတဲ့ ကွန်ပျူတာ မျိုးပါ၊ အင်တာနက်မချိတ်တဲ့ အချိန်မှာ offline အနေနဲ့ Google Documents နဲ့ G-Mail ကိုသုံးနိုင်တယ်လို့ဆိုပါတယ်၊ သီချင်းဖွင့်တာ ရုပ်ရှင်ကြည့်တာတွေက တော့ Google Play Store ဝက်ဘ်ဆိုက်ကနေ ချိတ်ဆက်ကြည့်ရရင်တော့ ပိုကောင်းမှာပါ၊ သိတဲ့အတိုင်း Google Play ကိုမြန်မာပြည်ကနေ ဝင်လို့ မရပါဘူး၊  အင်တာနက်မချိတ်တဲ့ အချိန်မှာ ပုံမှန် USB stick, SD card စတာတွေကို ပုံမှန်အတိုင်း သုံးနိုင် အထဲက File တွေကို access လုပ်နိုင်ပါတယ် ကျန်တဲ့ဆားဗစ်တွေ သုံးရနိုင်တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ဘယ်လောက် ကန့်သတ်ချက်ရှိမယ် ပုံမှန်အတိုင်း သုံးရမယ်မရဘူး သေချာ မသိရပါဘူး။

သုံးထားတဲ့ Hardware တွေအရတော့ ပုံမှန် laptop တစ်လုံးက ပစ္စည်းတွေနဲ့ သိပ်မထူးပါဘူး၊ ကျွန်တော့ စိတ်ကြိုက်ကတော့ တခြား ပုံမှန် OS (Windows, Linux) နဲ့ Chrome OS ကို Dual-Boot ရရင် အကောင်းဆုံးဖြစ်မှာပါ၊ အင်တာနက်ရှိမှ သုံးရမှာဆိုရင်တော့ ရွှေပြည်ကြီးက သူတွေအတွက်ကတော့ ကိယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်နေမလား တွေးမိပါတယ်။

Update : 8 March, 2013

Google Chrome OS နဲ့ Chromium OS နှစ်ခုမတူတာကိုသတိထားမိပါတယ်၊

– Chrome OS ကို Google နဲ့ Third party တွေက ထောက်ပံ့ပေးပြီး Chromium OS ကိုတော့ opensource community ကထောက်ပံ့ပေးထားပါတယ်၊ (ကြည့်ရတာ Chromium OS ဟာ opensource ဖြစ်ပြီး Chrome OS ကတော့ ဟုတ်ဟန်မတူပါဘူး)

– Chrome OS နဲ့ Chromium OS ဟာ source base တစ်ခုထဲပေါ်မှာ အခြေခံပေမယ့် တချို့ software တွေနဲ့ support တွေက Chrome OS မှာပဲ ပါဝင်မှာ ဖြစ်ပါတယ်။

– Chrome OS ကို သီးခြား ဝယ်ယူလို့ရမှာ မဟုတ်သေးပါဘူး၊ Google certified hardware တစ်ခုခုနဲ့မှာ တစ်ပါတည်း ဝယ်လို့ရနိုင်မှာပါ။

– Chromium OS ဟာ တခါထဲတန်းပြီး install လုပ်လို့ရမယ့် binary installer or CD မရနိုင်ပါဘူး၊ မခြား အဖွဲ့အစည်းတွေက installaer ထုတ်ထားပေးပေမယ့် google ကထောက်ပံ့ထားတာ မဟုတ်ပါဘူး။

Chrome OS ရဲ့ logo နဲ့ Chromium OS ရဲ့ logo ကိုတွေ့နိုင်ပါတယ်။

Chrome OS Logo
Chromium OS Logo

Oak Kar

https://oakkar7.wordpress.com/

Reference:

http://www.google.com/intl/en/chrome/devices/

http://www.chromium.org/chromium-projects