ADSL ဝန်ဆောင်မှု အချက်အလက်များ

ဆက်သွယ်ရေးမှ ADSL လျှောက်လွှာပုံစံ နမူနာ

MPT ADSL Application Letter Sample

http://www.mpt.net.mm/mpt/it/ApplicationLetter1.htm

မြန်မာ့ဆက်သွယ်ရေး အင်တာနက်နှင့်အီးမေး Helpdesk များ

MPT Internet and Mail Helpdesk

01-660662/660663

မြန်မာတယ်လီပို့ အရောင်းဌာနများ

Sales Office & Service Center (Yangon)

No. 617, Pyay Road (Opposite Marlar Hall)
Kamayut Township, Yangon, Myanmar.
Tel : (95-1) 515250
Fax : (95-1) 514599
E-mail : information@myantel.net.mm

Sales Office & Service Center (Mandalay)

Mandalay Swan Hotel
No.44(B), 26th Street, Mandalay
Tel : 02-64001
Fax : 02-64005
Email : information@myantel.net.mm

မြန်မာတယ်လီပို့ HelpDesk များ

Yangon
Phone : 01-4421111
Email : helpdesk@myantel.net.mm

Mandalay
Phone : 02-64001-3, 02-44200

Email : helpdesk_mdy@myantel.net.mm

မြန်မာတယ်လီပို့မှ ADSL တပ်ဆင်မှုနှုံးထားများ

PLAN

ကနဦးတပ်ဆင်ခ

(FEC)

လစဉ်ကြေး

(FEC)

နှစ်စဉ်ကြေး

(FEC)

အသုံးပြုနိုင်သော

IP Address

အမြန်နှုံး

(MIR/kbps)

Consumer (Data Only)

840

35

60

1 PC

128

Consumer

840

45

60

1 PC+ VoIP ဖုံးတစ်လုံး

128

Enterprise

840

75

60

4 PC+ VoIP ဖုံးတစ်လုံး

256

Corporate

840

130

60

12 PC+ VoIP ဖုံးတစ်လုံး

512

–         ADSL မိုဒမ်နှင့် Voip ယူနစ် ကုန်ကျစရိတ်များ မပါဝင်သေးပါ

–         ADSL မိုဒမ်တစ်လုံးလျင် 60~100 FEC, Voip ယူနစ်တစ်လုံးလျင် 125/250 FEC (1 VoIP or 2 VoIP port) ခန့် ပျမ်းမျှဈေးနှုံး ရှိပါသည်

DSL နည်းပညာမိတ်ဆက်နဲ့ ပြသာနာ ဖြေရှင်းခြင်း (နိဂုံးချုပ်)

အခု ရေးသားခဲ့တဲ့ ပြသာနာ+ဖြေရှင်းနည်း အဆင့်ဆင့်ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖုံးလိုင်းနဲ့ (Physical Copper Line) အထွေထွေ (Modem, Internal Wiring) ပြသာနာတွေကို အကြမ်းဖျဉ်း ခြုံငုံမိယုံသာ ရေးသားနိုင်ပါတယ်၊ ဒီထဲမှာ မပါဝင်သေးတဲ့ သုံးစွဲသူ ကွန်ပျူတာနဲ့ ပါတ်သက်သမျှ ပြသာနာတွေ (PC Network Configuration, Setting, Virus)၊ သုံးစွဲသူ နက်ဝပ်နဲ့ ပါတ်သက်တဲ့ ပြသာနာတွေ (Local Network, Proxy, Firewall, NAT Router, Virus Attack)၊ နဲ့ ISP ဖက်မှ သာဖြေရှင်း ရနိုင်တဲ့ ပြသာနာတွေ (IP routing, DNS, Gateway, Backbone, Access network) ကျန်ရှိနေပါသေးတယ်၊ အချိန်ရရင် ထပ်မံရေးသားဦးမှာမို့ DSL နည်းပညာမိတ်ဆက်နဲ့ ပြသာနာ ဖြေရှင်းခြင်း (Rev-1) ကို ဒီမျှနဲ့ ရပ်နားလိုက်ပါတယ်။

ADSL မိုဒမ်အသစ်လဲလှယ်ခြင်း

ADSL မိုဒမ်ပျက်ခဲ့ရင် မိမိနှစ်သက်ရာနဲ့ လဲလှယ်နိုင်ပါတယ်၊ တယ်လီပို့မှာ Fault-Complaint တင်၊ မိုဒမ်အသစ်တစ်လုံးဝယ်ပြီး တယ်လီပို့ ADSL Customer Service မှာ Configuration Charges ပေးသွင်းပြီး လိုအပ်တဲ့ Configuration ထည့်ခိုင်းရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချို့ modem တွေဟာ ဒီမှာတပ်ဆင်ထားတဲ့ DSLAM တွေနဲ့ ကိုက်ညီမှု မရှိခဲ့ရင် အသုံးပြုလို့ရမှာ မဟုတ်ပါဘူး၊ ဒါကြောင့် မိုဒမ်အသစ် ဝယ်ယူမယ်ဆိုရင် လက်ရှိ ဆားဗစ်နဲ့ ကိုက်ညီတဲ့ မော်ဒယ် အမျိုးအစားကို မေးမြန်းဝယ်ယူ သင့်ပါတယ်။


(3) အိတ်ချိန်းနှင့် ISP

ရန်ဖန်ရန်ခါ သုံးစွဲသူလိုင်းအတွက် သုံးထားတဲ့ DSLAM port ပျက်တာလဲ ဖြစ်တတ်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင် စစ်ဆေးခိုင်းရင် မိုဒမ်၊ DSLAM port၊ လိုင်း အစဉ်အတိုင်း စစ်ဆေးမှာ ဖြစ်တဲ့အတွက် DSLAM port မကောင်းရင် လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

အပေါ်မှာ ရေးခဲ့သလို မြေအောက်ကေဘယ် ပြုပြင်မှု လုပ်ခဲ့တယ် ဆိုရင်လဲ ပြောင်လဲလိုက်တဲ့ cable pair ကို jumpering ပြန်လုပ်ပေးမှအင်တာနက် သုံးနိုင်မှာ ဖြစ်တဲ့အတွေက် ISP Helpdesk ကို လိုင်းပြုပြင်ပြီးကြောင်းနဲ့ cable pair ပါပြောင်းထားကြောင်း အသိပေးရပါမယ်။

သုံးစွဲသူ ချိတ်ဆက်အသုံးပြုနေတဲ့ DSLAM maintenance ပြုလုပ်ခြင်း၊ fault ဖြစ်လို့ ဒေါင်းနေတာမျိုးလဲ ရှိတတ်ပါတယ်၊ သက်ဆိုင်ရာ helpdesk တွေကို မေးမြန်းကြည့်သင့်ပါတယ်။

– DSL လိုင်းတက်နေတယ်၊ အင်တာနက်သုံးရတယ် လိုင်းဖုံးဒိုင်တုံး မရဘူး၊

အိတ်ချိန်းမှာရှိတဲ့ jumper wire တဖက်လွတ်ခြင်း၊ နေရာလွဲခြင်း၊ အိတ်ချိန်းစက်ဖက်မှ လိုင်းပိတ်ထားခြင်း များဖြစ်နိုင်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင် စစ်ဆေးခိုင်းရပါမယ်၊ jumper wire တဖက်လွတ်ခြင်း၊ နေရာလွဲခြင်းဆိုလျင် ISP မှ ပြန်လည် Jumpering လုပ်ပေးပါမယ်၊ အိတ်ချိန်းဖက်မှ ပြစ်ချက်ဆိုလျင် သက်ဆိုင်ရာ အိတ်ချိန်းနှင့် သုံးစွဲသူကိုယ်တိုင် ဆက်သွယ်ဖြေရှင်းရပါမယ်။

– ဖုံးလိုင်း AC ဝင်ခြင်း

ကြုံဖူးကြမှာပါ၊ မိုးတွင်း မိုးကြိုးပစ်လို့၊ ဖုံးလိုင်း ပေါက်ပြဲပြီး မီးလိုင်းနဲ့ပူးလို့ AC ဗို့တေ့ခ်ျ ဝင်ကာ ဖုံးဟင်းဆက် စတာတွေလောင်သွားတတ်တာမျိုး ရှိတတ်ပါတယ်၊ ဒါမျိုးဖြစ်ခဲ့ရင် အိတ်ချိန်းမှ ရှိတဲ့ အသုံးပြုထားသော DSLAM port ပျက်နိုင်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင်တဲ့အခါ လိုင်း AC ဝင်ကြောင်းပြောပြ စစ်ဆေးခိုင်းရပါမယ်၊

– DSL လိုင်းတက်နေတယ်၊ မိုဒမ်မီးအားလုံးလင်းတယ် DSLAM ping ရတယ်၊ အင်တာနက်သုံးမရဘူး

နောက်ဆုံးအဆင့် ပြည်တွင်း အဓိက Backbone တွေ၊ International Internet Gateway တွေလဲ maintenance ပြုလုပ်တာ၊ fault ဖြစ်လို့ ဒေါင်းနေတာမျိုးလဲ ရှိတတ်ပါတယ်၊ ဒါမျိုးဖြစ်ရင် Internet မရပေမယ့် မြန်မာပြည်တွင်းက ဝက်ဆိုဒ်တွေတော့ ရနေဦးမှာပါ၊ ဒါကြောင့် Google တို့ Facebook တို့ မခေါ်ပဲ သေချာတဲ့ ပြည်တွင်းက Webmail တွေကိုခေါ်ကြည့်ပါ။ အောက်က လင့်တွေပေါ့၊ login လုပ်စရာမလိုပါဘူး၊ ဝက်ပေ့ခ်ျပေါ်လာရင် သုံးစွဲသူဘက်က ပြသာနာ မဟုတ်တော့ပါဘူး၊ ISP Helpdesk ကိုဖုံးဆက်ပြီးပဲ မေးမြန်း Confirm လုပ်ပါ၊ Gateway/Backbone တွေပြန်ကောင်းသွားရင် Internet ပြန်ရသွားမှာပါပဲ။

စမ်းသပ်ကြည့်ရန် ပြည်တွင်း Web Pages လင့်များ

http://www.mpt.net.mm/mpt/it/index.htm

http://webmail.myantel.net.mm/index.php

http://mail.mandalay.net.mm/

iv) တယ်လီဖုံးလိုင်း အရည်အသွေး (Physical Copper Line Quality)

ADSL Technology ဟာ တယ်လီဖုံးလိုင်း (Physical Copper Line) ပေါ်မှာ Data + Voice သွားနိုင်အောင် ပြုလုပ်ထားတဲ့ နည်းပညာပါ၊ ရိုးရိုးတယ်လီဖုံးခေါ်ဆိုမှုဟာ Analog signal နဲ့ပဲ လိုင်းပေါ်မှာသွားတာဖြစ်ပြီး လိုင်းသိပ်မကောင်းခဲ့ရင်တောင် ခေါ်ဆိုလို့ရနိုင်ပါတယ်၊ ADSL signal ကတော့ Digital signal ဖြစ်ပြီး  လိုင်းကောင်းမှ connection ကောင်းနိုင်မှာဖြစ်ပါတယ်။

တယ်လီဖုံးလိုင်းတလိုင်းရဲ့ quality ကိုတိုင်းတာရာမှာ အဓိက SNR(Signal to Noise Ratio) ရယ် Attenuation ရယ်နဲ့တိုင်းပါတယ်၊ SNR ဆိုတာ အကြမ်းဖျဉ်းပြောရရင် လိုင်းပေါ်မှာ ဖြတ်သန်းသွားနိုင်တဲ့ Data အချက်အလက်နဲ့ Noise အနှောက်အယှက် ရဲ့ အချိုးပါ၊ Attenuation ကတော့ လိုင်းပေါ်မှာသွားတဲ့ signal ကို လိုင်းရဲ့ခုခံမှုလို့ အကြမ်းပြောလို့ရပါတယ်၊ SNR နဲ့ Attenuation ကို ဖေါ်ပြရာမှာ dB ယူနစ်နဲ့ ဖေါ်ပြပါတယ်၊ SNR တန်ဖိုးကြီးရင် quality ကောင်းပြီး နည်းရင် line quality မကောင်းပါဘူး၊ Attenuation ကျတော့ ခုခံမှုဆိုတော့ ပြောင်းပြန်ပါ တန်ဖိုးကြီးရင် quality ကျပြီး နည်းရင် line quality ကောင်းပါတယ်၊ လိုင်းရဲ့ characteristics အရ လိုင်းရှည်လာရင် SNR နည်းပြီး Attenuation ကျတော့ များလာပြီး လိုင်း Quality ကျကျလာပါတယ်၊ ဥပမာ 100m အရှည်ပဲရှိတဲ့လိုင်းဟာ SNR 45dB လောက်ရှိနိုင်ပြီး 1km လောက်ရှည်လာရင်တော့ SNR 30dB လောက်ပဲ ရှိတော့မှာဖြစ်ပါတယ်၊ အကြမ်းဖျဉ်း ADSL သုံးနိုင်ဖို့ဆိုရင် အနည်းဆုံး SNR 10 dB ကျော်သင့်ပါတယ်၊ ဒါတောင် 10, 11, 12dB လောက်ပဲရှိမယ်ဆိုရင် connection မကောင်းသေးပါဘူး သွားနေတဲ့ data မှာ error rate မြင့်နေသေးတဲ့အတွက် အင်တာနက်သုံးတဲ့ အချိန်မှာ မလွဲမသွေ နှေးကွေးမှုကြုံနေရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ပုံမှန် seed နဲ့ အင်တာနက် သုံးစွဲနိုင်ဖို့ 20~25dB လောက်ရှိသင့်ပါတယ်။ အသုံးပြုသူရဲ့ လိုင်းဟာ SNR 5, 6, 7 dB လောက်ပဲရှိနေမယ် ဆိုရင်တော့ တယ်လီဖုံးပြောရတယ် အင်တာနက်လိုင်း မရဘူးဆိုတဲ့ ပြသာနာကြုံရပါလိမ့်မယ်။

တကယ်တန်းကတော့ လိုင်း SNR နဲ့ Attenuation ဟာ သုံးတဲ့ ဝါယာကြိုးအမျိုးအစား၊ အမြန်နှုံး၊ Codec Frequency စတာတွေပ်ါမှာလဲ မူတည်နိုင်ပါတယ်၊ အောက်ဇယားမှာ အကြန်းဖျဉ်း ရှိနိုင်တဲ့ လိုင်းအရှည် နဲ့ SNR, Attenuation အရည်အသွေး စတာတွေကို ကြည့်နိုင်ပါတယ်။

လိုင်းအရှည်

SNR(dB)

Attenuation (dB)

Line Quality လိုင်းအရည်အသွေး

> 1 km

40~35

10

အလွန်ကောင်း

> 1.5 km

35~30

10~15

ကောင်း

> 2 km

30~25

15~20

ကောင်း

> 2.5 km

25~20

20~25

သင့်

> 3 km

20~15

25~35

သင့်

> 3.5 km

> 20

> 40

ညံ့

> 10

> 50

ညံ့

> 10

> 60

အလွန်ညံ့

> 5

< 60

အသုံးပြုမရနိုင်

ဥပမာ သုံးစွဲသူရဲ့ လိုင်းဟာ 2km လောက်ရှည်ရင် SNR= 25dB လောက်နဲ့ Attenuation = 20 dB ဝန်းကျင်လောက် ရှိသင့်ပါတယ်။ SNR= 20dB လောက်နဲ့ Attenuation = 30 dB ဝန်းကျင်လောက် ရှိနေသေးရင်လဲ မဆိုးလှသေးပါဘူး၊ SNR= 10, 15 dB လောက်ဖြစ်နေရင် Attenuation = 50, .60 dB လောက် ဖြစ်နေရင်တော့ ဒီလိုင်းဟာ ပြသာနာ တစ်ခုခု ရှိနေပါပြီ။

လိုင်းမင်းကိုခေါ်ပြီး စစ်ဆေးပေမယ့် ပုံမှန်တယ်လီဖုံးခေါ်ယူမှုပဲ စစ်ဆေးမယ်ဆိုရင် ပြသာနာကပြေလည်ချင်မှပြေလည်မှာ ဖြစ်ပါတယ်၊ ADSL နဲ့ အင်တာနက် အသုံးပြုကြောင်း connection ရသည်ထိ ပြုပြင်လိုကြောင်း သေချာပြောပြမှာသာလျင် ရနိုင်မှာဖြစ်ပါတယ်၊ ADSL service စတင်လာတာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့အတွက် လိုင်း Technicians တွေလဲ ဒီအတွေ့အကြုံတွေရှိလာပြီး ဖြစ်ပါတယ်၊

မြန်မာတယ်လီပို့ဟာ ISP ဖြစ်ပြီး ဖုံးလိုင်းနဲ့ ပါတ်သက်တဲ့ ပြသာနာတွေကို ဖြေရှင်းမပေးနိုင်ပါဘူး၊ လိုင်း Quality ကောင်းမကောင်း confirm လုပ်ခြင်းနဲ့ Modem, DSLAM စတဲ့ပြသာနာတွေသာ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်၊ ဖုံးလိုင်းနဲ့ပါတ်သက်သမျှ ပြသာနာအထွေထွေဟာ သုံးစွဲသူနဲ့ MPT line complaint, လိုင်းတာဝန်ခံ များနဲ့သာ ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အိမ်တွင်းဝါယာကြိုး သွယ်တန်းမှုနဲ့ ပါတ်သက်တဲ့ ဖုံး extension ခွဲခြင်း၊ PABX တပ်ဆင်ခြင်း၊ NAT router ဖြင့် PC လိုင်းခွဲခြင်း ပြသာနာတွေကို သုံးစွဲသူမှာ မိမိအစီအစဉ်နဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်၊ ဆက်သွယ်ရေး (သို့) မြန်မာတယ်လီပို့မှ လိုအပ်သော အကြံညဏ်သာ ပေးနိုင်မှာဖြစ်ပြီး ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး၊

လိုင်းစစ်ဆေးရာမှာ Physical line အဆင့်ဆင့်ကို စစ်ဆေးရတာဖြစ်တဲ့အတွက် အချိန်ကြာမြင့်တတ်ပါတယ်၊ လိုင်းပေါ်ကနည်းပညာဖြစ်တဲ့ အတွက် ဒီပြသာနာ အထွေထွေဟာလဲ ADSL သုံးစွဲသူများ တချိန်မဟုတ်တချိန် ကြုံတွေ့ကြရမှာဖြစ်ပါတယ်၊ ဒါဟာလဲ ADSL ရဲ့ အားနည်းချက်ဖြစ်ပါလိမ့်မယ်။

iii) LSP အင်ဂျင်နီယာအား on-site ခေါ်ယူစစ်ဆေးခြင်း

အားလုံးပြင်ပြီးပြီ မရသေးဘူး??????

confuesd

နောက်ပြသာနာတစ်ခုက ဖုံးလိုင်းလဲပြင်ပြီးပြီ ဖုံးကလဲ ပြောလို့ရတယ် DSL connection မရဘူးဆိုတဲ့ ပြသာနာပါ၊ ဖုံးလိုင်းတလိုင်းဟာ DSL သုံးဖို့ Data ဖြတ်သန်းသွားဖို့ဆိုတာ လိုင်းအရည်အသွေး ပြည့်မှီမှ ရပါတယ်၊ ပုံမှန်တယ်လီဖုံးပြောလို့ ရနေယုံနဲ့ Data သုံးဖို့အဆင်ပြေမယ်လို့ပြောလို့ မပြောနိုင်ပါဘူး၊ လိုင်းအရည်အသွေး စစ်ဆေးကြည့်ဖို့က စစ်ဆေးတဲ့ မီတာ (သို့) သင့်တော်တဲ့ Technical equipment နဲ့မှသိနိုင်တာပါ၊ အကြမ်းဖျင်း copper line quality ကို DSLAM မှာကြည့်နိုင်ပါတယ်၊ ပိုပြီးသေချာတဲ့ Technical results ကိုရဖို့ဆိုရင် xDSL tester နဲ့မှသိနိုင်ပါတယ်။

Fig-14 DSL Tester
Fig-14 DSL Tester

Modem, DSLAM port တွေလဲစစ်ဆေးပြီးပြီ လိုင်းလဲလိုအပ်သလိုလဲလှယ်ပြုပြင်ပြီးပြီ ဒါလဲမရသေးဘူးဆိုရင်တော့ ISP Helpdesk မှတဆင့် သက်ဆိုင်ရာ LSP(Local Service Provider) ကိုခေါ်ယူပြီး လိုအပ်တဲ့ On-Site စစ်ဆေးမှုများကို ပြုလုပ်ခိုင်းနိုင်ပါတယ်၊ LSP technician က customer ရဲ့အိမ်ကိုလာရောက်ပြီး အိမ်တွင်းကေဘယ်ဆက်သွယ်မှုမှန်မမှန် စစ်ဆေးခြင်း၊ Modem လဲလှယ်စမ်းသပ်ခြင်း၊ Copper line quality အားမီတာဖြင့် တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

(3) အိတ်ချိန်းမှအိမ်အထိ သွယ်တန်းထားသော ဖုံးလိုင်း စစ်ဆေးပြုပြင်ခြင်း

မိမိအသုံးပြုတဲ့ ဖုံးလိုင်းရဲ့ အရည်အသွေးဟာ အိတ်ချိန်းကနေ အိမ်ထဲဝင်တဲ့အထိ ကောင်းနေဖို့လိုပါတယ်၊ ဖုံးလိုင်းမှာ Noise ပါတာ၊ လိုင်းပူးတာ၊ တခြားလိုင်းကအသံကို မသဲမကွဲကြားနေရတာ ပြောရင်း လိုင်း ခဏခဏပြုတ်တာ စတဲ့ အချက်တွေဟာ လိုင်းအရည်အသွေးကျဆင်းတဲ့ ပြသာနာတွေပါ၊

ဖုံးလိုင်းဟာ တယ်လီဖုံးပြောလို့ ရနေပေမယ့် DSL connection မရတဲ့ ပြသာနာ ဟာ ဖုံးလိုင်းရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်၊ ADSL Modem ကိုစပြီး power ဖွင့်လိုက်တဲ့ အချိန်မှာ ADSL (သို့) DSL (သို့)  WAN (သို့)  link (သို့)  Internet LED မီးဟာ မှိတ်တုတ်မှိတ်တုတ် ၃ ကြိမ်လောက် ကစားရမှာ ဖြစ်ပါတယ်၊ ဒီလိုကစားပြီးမှ Connection ရသွားရင် ဒီမီးဟာ လုံးဝငြိမ်သွားမှာ ဖြစ်ပါတယ်၊  မှိတ်တုတ်မှိတ်တုတ် ၃ ကြိမ်လောက်ကစားပြီး Connection မရဘူး မီးကလဲလင်းမလာဘူးဆိုရင် သေချာပေါက် ဖုံးလိုင်းအရည်အသွေး ပြသာနာရှိနေပါပြီ၊ သက်ဆိုင်ရာ Line Complaint (102)၊ လိုင်းတာဝန်ခံ လိုင်းမင်းတွေနဲ့ စစ်ဆေးပြီး လိုအပ်သလိုပြုပြင်ရပါမယ်။

– နောက်တမျိုးက ဖုံးဟင်းဆက်ကိုမထားမှ DSL connection ရတဲ့ ပြသာနာပါ၊ ဖုံးဟင်းဆက်ကိုချလိုက်ရင် DSL connection လဲပြုတ်သွားပါတယ်၊ ဒီပြသာနာကလဲ သေချာပေါက် Copper line Quality ပြသာနာပါ ဖုံးလိုင်းမှာ အဆက်တနေရာ မမိတမိဖြစ်နေတတ်ပါတယ်၊ လိုင်းအဆက်တွေမှာ အညှိတက် (Oxidized) ဖြစ်ပြီး လိုင်းဟာ ခုခံမှု မြင့်နေတတ်ပါတယ်၊ ဖုံးဟင်းဆက်ကို မထားတဲ့အခါ ဖုံးလိုင်းတလျှောက်မှာ စီးနေတဲ့ Electric current ဟာ ဒီခုခံမှုကို လျှော့ချပေးတဲ့အတွက် ဖုံးဟင်းဆက်ကိုမထားမှ DSL connection ရပြီး ဖုံးဟင်းဆက်ကိုချလိုက်ရင် DSL connection လဲပြုတ်သွားတာ ဖြစ်ပါတယ်။

– မိုးရွာရင် Connection မငြိမ်တော့ဘူး နေပူရင် ကောင်းတယ်၊ ဗေဒင်မမေးပါနဲ့ ဖုံးလိုင်းတလျှောက် အဆက်တွေမှာ ရေစိုတာ ကြိုးတလျှောက်ရေဝင်တာ ဖြစ်ပါတယ်၊ ကြိုးအဆက်များတလျှောက် ရေမစိုအောင် ဖာထေးပြီး အိမ်ကိုဝင်တဲ့ Drop Wire ပေါက်ပြဲဆွေးမြေ့နေရင် လဲလှယ်ရပါမယ်။ DSL သုံးစွဲတဲ့ လိုင်းဟာ လုံးဝရေမဝင်ဖို့ လိုပါတယ်၊ တတ်နိုင်ရင် လိုင်းအဆက်တွေအားလုံးကို တယ်လီဖုံးကေဘယ် ဆက်ရန် အထူးပြုလုပ်ထားတဲ့ U-Y Connector နဲ့ဆက်သင့်ပါတယ်၊ မရနိုင်ရင် မိုးရေခံ Sealed Tape နဲ့ အဆက်အားလုံးကို ဖာထေးရပါမယ်။

Fig-11 U-Y Connector
Fig-11 U-Y Connector

ဒီလို မဖြစ်ပဲ ဒီ LED ဟာ လုံးဝမှိတ်နေတယ်ဆိုရင် Modem ဟာ DSLAM နဲ့ handshake မလုပ်နိုင်ပါဘူး၊ Modem မကောင်းတာ, DSLAM ဖက်ကပြစ်ချက် line jumper လွတ်တာ စသည့် ပြစ်ချက်များဖြစ်နိုင်ပါတယ်၊ ISP Helpdesk ကိုဆက်သွယ်ပြီး Complaint ပေးဖို့လိုပါတယ်၊ MPT နဲ့လိုင်းမစစ်ဆေးခင်မှာ မြန်မာတယ်လီပို့နဲ့ Modem, DSLAM port, line jumper တွေကို စစ်ဆေးသင့်ပါတယ်၊

i) Drop Wire ကေဘယ် စစ်ဆေးပြုပြင်ခြင်း

ဒုတိယအဆင့် လိုင်းစစ်ဆေးရာမှာ အိမ်ကနေတယ်လီဖုံးတိုင် ဒါမှမဟုတ်ကက်ဘိနက် အထိ သွယ်တန်းထား တဲ့ Drop wire ကို စစ်ဆေးရမှာ ဖြစ်ပါတယ်၊ Drop wire သက်တမ်း ကြာမြင့်နေရင် အပေါက်အပြဲ အဆက်များများနေရင် လဲလှယ်သင့်ပါတယ်၊ Drop wire ပုံကို အောက်မှာ ပြထားပါတယ်။

Fig-12 Drop Wire
Fig-12 Drop Wire

ii) Underground Cable (သို့) Overhead pair ကေဘယ် စစ်ဆေးပြုပြင်ခြင်း

အိမ်တွင်းဝါယာကြိုး သွယ်တန်းမှုနဲ့ Drop wire စစ်ဆေးလဲလှယ်လို့မှ မရသေးရင် နောက်ဆုံးအဆင့်က တယ်လီဖုံး ကက်ဘိနက်ကနေ အိတ်ချိန်းရုံးအထိ အသုံးပြုထားတဲ့ UG cable သို့ overhead pair cable ကိုပဲစစ်ဆေးရတော့မှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ လိုင်းတာဝန်ခံ၊လိုင်းမင်း စတာတွေကို ဆက်သွယ်ပြီး စစ်ဆေးဖို့ ပြုပြင်ဖို့ လိုလာပါပြီ၊ အများအားဖြင့် အစကအသုံးပြုလို့ ကောင်းနေတဲ့လိုင်းမျိုးဆို လိုင်းအဆက်များ  ပြုပြင်လိုက်ရင် ကောင်းသွားလေ့ရှိပါတယ်၊ ဒါပေမယ့် လိုအပ်လျင် အသုံးပြုထားတဲ့ pair cable လဲလှယ်ဖို့ အထိလုပ်ရမှာ ဖြစ်ပါတယ်၊ ဒီ UG , Overhead cable တွေဟာ wire pair ၄၀ ..၁၀၀ စသည်ဖြင့် cable shield တစ်ခုထဲမှာ ပါဝင်တာကြောင့် အခြား cable pair တစ်ခုနဲ့ လဲလှယ်ရမှာဖြစ်ပါတယ်၊ အထူးသတိပြုရမှာက ဒီလို Pair cable လဲလှယ်လိုက်ပြီဆိုရင် အိတ်ချိန်းမှာ internet အသုံးပြုနိုင်အောင် ကူးထားတဲ့ jumper cable ဟာအရင် pair cable အဟောင်းမှာ ကျန်နေခဲ့ပြီး အင်တာနက်ရဦးမှာ မဟုတ်ပါဘူး ဒီ jumper cable ကိုပြန်လည်ကူးယူဖို့ ISP Helpdesk ကို ဖုံးလိုင်းပြုပြင်ပြီးကြောင်း Pair Cable လဲလှယ်ထားကြောင်း အကြောင်းကြားမှသာ သက်ဆိုင်ရာ ISP technician က Jumpering ပြုလုပ်ပေးပြီး အင်တာနက်ရရှိနိုင်ပါတယ်၊

Fig-13 Underground (or) Overhead တယ်လီဖုံးပယ်ယာကေဘယ်
Fig-13 Underground (or) Overhead တယ်လီဖုံးပယ်ယာကေဘယ်

(2)မိုဒမ်ကိုစစ်ဆေးခြင်း

Connection မရဘူးဆိုရင် အရင်ဆုံးစစ်ဆေးသင့်တာက ကိုယ့်မိုဒမ် (ADSL Modem) ရဲ့အခြေအနေပါပဲ၊ Modem status LED မီးလုံးလေးတွေရဲ့ အခြေအနေကို လေ့လာထားသင့်ပါတယ်၊ ပါဝါစဖွင့်ရင်ဘယ်လို Connection ရသွားရင်ဘယ်လို မီးလင်းတယ်ဆိုတာ လေ့လာကြည့်လိုက်ပါ၊

– ပထမဆုံး power စဖွင့်ရင်လင်းမှာကတော့ power LED မီးလုံးပါပဲ၊

– နောက်ဆက်လင်းမယ့် LED တော့ Status မီးလုံးပါ၊ Status LED ဟာ မိုဒမ်ရဲ့ အခြေအနေကိုပြပါတယ်၊ ဒီ LED မှိတ်လိုက်လင်းလိုက် ဖြစ်နေတာဟာ Modem စတင်အလုပ်လုပ်နေကြောင်းပြနေတာပါ၊ တချို့ Modem brand တွေမှာ Status LED မပါတတ်ပါဘူး၊

– နောက်ထပ် လင်းလာရမဲ့ LED ကတော့ Ethernet ပါ၊ Computer နဲ့ Modem network အဆက်အသွယ်ရနေပြီဆိုတာ ဒီမီးကဖေါ်ပြနေပါတယ်၊

– နောက်ဆုံးလင်းရမှာကတော့ ADSL (သို့) DSL (သို့)  WAN (သို့)  Link (သို့)  Internet LED မီးဟာ မှိတ်တုတ်မှိတ်တုတ် ၃ ကြိမ်လောက် ကစားရမှာ ဖြစ်ပါတယ်၊ ဒီလိုကစားနေတာက အိတ်ချိန်းက DSLAM နဲ့ Modem စတင်ဆက်သွယ်မှုပြု (handshaking) နေတာဖြစ်ပါတယ်၊ှ Connection ရသွားရင် ဒီမီးဟာ လုံးဝငြိမ်ပြီး အမြဲတမ်းလင်း သွားမှာ ဖြစ်ပါတယ်၊

– ဒါကြောင့် အကြမ်းဖျဉ်း power, Ethernet, ADSL/ DSL/ WAN/Link/Internet , Status(ပါခဲ့လျင်) LED မီးလုံး ၃ လုံး(သို့) ၄ လုံး ပုံမှန်အချိန်မှာ လင်းနေရမှာ ဖြစ်ပါတယ်။

nicLED1

Fig-10 Power, Ethernet, DSL/Internet မီးများ
Fig-10 Power, Ethernet, DSL/Internet မီးများ

i) Power မီးမလင်းလျင်

– ရှင်းပါတယ်၊ မိုဒမ်ကို power ရောက်မရောက် သေချာစစ်ပါ၊ Power ပေးထားလျက်နဲ့ မရောက်လျင် power adaptor သို့ Modem ပျက်တာဖြစ်ပါမယ်။

ii) Power မီးလင်း၊ Status, DSL, Ethernet မလင်းလျင်

– Modem ပျက်တာဖြစ်ပါမယ်။

iii) Power, Status, DSL မီးလင်း၊ Ethernet မလင်းလျင်

-ကွန်ပျူတာနှင့် Modem အဆေက်အသွယ်မရပါ၊ Modem ကို power reset လုပ်ပါ၊ PC ကိုလဲ reset လုပ်ကြည့်ပါ၊ ဆက်သွယ်ထားသော Network ကြိုး, Switch, ထပ်မံ၍ IP address လိုင်းခွဲအသုံးပြုနိုင်ရန်သုံးသော Router စသည်တို့ကို ကျွမ်းကျင်သူနှင့် စစ်ဆေးပါ၊

iv) Power, Status, Ethernet မီးလင်း၊ DSL လုံးဝ မကစား/မလင်းလျင်

– ဖုံးလိုင်းမကောင်းခြင်း၊ လိုင်းပြတ်နေခြင်း၊ Bill မဆောင်သဖြင့် IPS မှလိုင်းပိတ်ခြင်း များဖြစ်နိုင်ပါသည်၊ ကြွေးကျန်ရှိမရှိ helpdesk/Billing သို့ဖုံးဆက်၍ မေးပါ၊ မိမိ၏ Modem ကို PC မှနေ ping test လုပ်ကြည့်ပါ၊ ပုံမှန် အိမ်သုံးယူဇာတွေ အနေနဲ့ ping test လုပ်တတ်ဖို့ နဲနဲလေးတော့ ကြိုးစားရမယ်ထင်ပါတယ်၊ ဒါပေမယ့် အင်တာနက်သုံးစွဲသူ တစ်ယောက် အနေနဲ့ ကိုယ့် IP address နဲ့ ping လုပ်ပုံလုပ်နည်းကို လေ့လာရေးမှတ်ထားမယ်ဆိုရင် သေချာပေါက် အကျိုးမယုတ်နိုင်ပါ၊ ကိုယ့်စက်ကနေ Modem ကို ping ရတယ်ဆိုရင် 90% လောက် modem ကောင်းနိုင်တယ် PC နဲ့ modem နဲ့ network အဆေက်အသွယ် ကောင်းတယ်လို့ ပြောနိုင်ပါတယ်၊ Bill ကင်းရှင်းလျင် help desk သို့ဖုံးဆက်၍ complaint တင်ပါ၊

ပထမအဆင့်အနေနဲ့ modem ကို စစ်ဆေးရမှာပါ။ သက်ဆိုင်ရာ ISP နဲ့ ဆက်သွယ်ပြီး Modem ကောင်းမကောင်း အရင်စစ်ဆေးသင့်ပါတယ်၊ မိုဒမ်ကောင်းတယ်ဆိုရင် နောက်တဆင့်က မိမိလိုင်းအတွက် အသုံးပြုထားတဲ့ အိတ်ချိန်းရုံးက DSLAM port ကို ISP Helpdesk ကနေတဆင့် စစ်ဆေးပေးပါတယ်၊ ဒုတိယအဆင့် အိတ်ချိန်းမှာရှိတဲ့ DSLAM port နဲ့ jumper connection တွေကို စစ်ဆေးပါလိမ့်မယ်၊ Modem ကောင်းတယ် DSLAM port လဲကောင်းနေတယ်ဆိုရင် အိတ်ချိန်းကနေ အိမ်အထိသွယ်တန်းထားတဲ့ ဖုံးလိုင်းကြိုးကို စစ်ဆေးရတော့မှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် MPT line အဖွဲ့နဲ့ လိုင်းကို စစ်ဆေးပြုပြင်ရန် လိုပါတယ်။

v) Power, Status, Ethernet မီးလင်း၊ DSL မှိတ်တုတ်မှိတ်တုပ်ကစားပြီလုံးဝမလင်းလျင်

DSL မီးကစားတာဟာ modem နဲ့ DSLAM အဆက်အသွယ်ရှိတယ်ဆိုတာပြနေတာပါ၊ မိုဒမ်နဲ့ DSLAM port 90% လောက်ကောင်းနိုင်ပါတယ်၊ ဖြစ်လေ့ရှိတဲ့ ပြသာနာက ဖုံးလိုင်းမကောင်းလို့ handshake လုပ်ပြီး connection မချိတ်တာဖြစ်ပါတယ်၊ Modem, DSLAM port ကို ISP နဲ့ စစ်ဆေးတာထက် MPT line အဖွဲ့နဲ့ လိုင်းကို စစ်ဆေးပြုပြင်တာက ပိုမြန်ဆန်ပါလိမ့်မယ်။

vi) DSL လိုင်းတက်နေတယ်၊ Power, DSL, Status, Ethernet မီးအားလုံးလင်းတယ်၊ အင်တာနက်သုံးမရဘူး၊

မိုဒမ်နှင့် PC ကို တလှည့်ဆီ reboot လုပ်ပါ၊ မရသေးလျင် PC မှနေ မိုဒမ် IP ကို ping test လုပ်နိုင်လျင် လုပ်ကြည့်သင့်ပါတယ်၊ မိုဒမ်ကို ping မရလျင် မိုဒမ် ပျက်တာဖြစ်နိုင်သလို၊ factory default ကျသွားတာလဲ ဖြစ်နိုင်ပါတယ်၊ မိုဒမ် ကို ISP Helpdesk/Customer Service နဲ့ဆက်သွယ်ပြီး ပေးပို့စစ်ဆေးသင့်ပါတယ်၊ မိုဒမ် factory default ကျတာဆိုရင် ISP technician မှ Setting/Configurations များပြန်လည်ပြုလုပ်ပေးပါတယ်။

PC မှနေ မိုဒမ် IP ကို ping test လုပ်ကြည့်လို့ရတယ်ဆိုရင် နောက်တဆင့်က PC ကနေ DSLAM ကို ping test လုပ်ကြည့်ဖို့ပါပဲ၊ ဒါကြောင့် ကိုယ်ရဲ့ IP address, Gateway ကိုယ်အသုံးပြုနေတဲ့ DSLAM IP စတာတွေကို သိရှိထားသင့်ပါတယ်၊ ဒီ အချက်အလက်တွေကို စတင်တပ်ဆင်စဉ်က Form ထဲမှာ ကြည့်နိုင်သလို ISP Helpdesk ကိုလဲ မေးမြန်းနိုင်ပါတယ်။

Modem ကို IPS ကိုပို့ပြီးစစ်ဆေးခိုင်းနိုင်သလို ကိုယ်တိုင်အကြမ်းဖျဉ်းစစ်ဆေးဖို့ အခက်အခဲရှိတယ်ဆိုရင်လဲ ISP/LSP Technicianကို အိမ်တိုင်ရာရောက် စစ်ဆေးဖို့ ခေါ်နိုင်ပါတယ်၊ IPS ကိုပို့ပြီးစစ်ဆေးခြင်း၊ ပြန်လည် setting ထည့်သွင်းခြင်းတို့အတွက် ဝန်ဆောင်ခ ပေးရန်မလိုပါဘူး၊ ISP/LSP Technician ကို အိမ်တိုင်ရာရောက် စစ်ဆေးဖို့(On-Site Visiting) ခေါ်ရင်တော့ ဝန်ဆောင်ခပေးရပါတယ်။

(1)အိမ်တွင်းဝါယာသွယ်တန်းမှု (Internal Home Wiring)

သတိပြုရမှာက အရင်ဆုံး လိုင်း technician မခေါ်ခင်မှာ မိမိအိမ်အတွင်းက အိမ်တွင်းဝါယာကြိုး သွယ်တန်းထားတာကို အရင်စစ်ဆေးဖို့ပါပဲ၊ ရံဖန်ရံခါ လိုင်းပြသာနာ အချို့ဟာအိမ်ထဲမှာပဲ ဖြစ်နေတတ်ပါတယ်၊ အိမ်ထဲမှာ Splitter နဲ့လိုင်းကြိုး သွယ်တန်းမှု မှန်မမှန် phone wall plug, connection box, indoor wire များကောင်းမကောင်း အရင်စစ်ဆေးသင့်ပါတယ်၊ မသင်္ကာရင် အရင်လဲလှယ်ကြည့်သင့်ပါတယ်၊

–         မိုဒမ်ကို ပါဝါဖွင့်လိုက်ရင် ဖုံးလိုင်းမှာ ဆူညံသံများကြားရခြင်း၊

–         အင်တာနက်အသုံးပြုနေရင် ဖုံးလိုင်းမှာ ဆူညံသံများကြားရခြင်း၊

–         ဖုံးလိုင်းခွဲတစ်ခုခုမှ ဖုံးမလိုက်ရင် အင်တာနက် connection ပြုတ်သွားခြင်း၊

စတဲ့အချက်တွေ ကြုံတွေ့နေရရင်တော့ Modem + Splitter + Phone တပ်ဆင်မှု တခုခုတော့ အစီအစဉ် မှားယွင်းနေပြီ လို့ သေချာပြောနိုင်ပါတယ်။

အသုံးပြုတဲ့ဖုံးလိုင်းဟာ Splitter နောက်ကနေပဲ လိုင်းခွဲဖို့လိုပါတယ်၊ Splitter ရှေ့ကနေ လိုင်းခွဲထားမိရင် လိုင်း Connection မကြာခဏပြုတ်တာ၊ လိုင်းလုံးဝမချိတ်တာ စတဲ့ ပြသာနာများ မလွဲမသွေကြုံရပါမယ်၊ ဒီအချက်ဟာတော်တော် အရေးကြီးပါတယ် အသုံးပြုသူတွေ တော်တော်များများ မှားတတ်ကြပါတယ်၊ Modem + Splitter + Phone Handset + Line Extension မှားရင်သေချာပေါက် Connection မကောင်းနိုင်ပါဘူး၊ အောက်ပုံမှာ မှန်ကန်တဲ့ မိုဒမ်၊ splitter, ဖုံးလိုင်းခွဲ၊ ကွန်ပျူတာ တပ်ဆင်ပုံကို ပြထားပါတယ်။

Fig-6 Correct-ADSL-Installation
Fig-6 Correct-ADSL-Installation

အောက်ပုံ-7 မှာ မှားယွင်းတဲ့ ဖုံးလိုင်းခွဲ တပ်ဆင်ပုံကို ပြထားပါတယ်၊ ဖုံးဟင်းဆက်-၂ ဟာ splitter ရှေ့မှာ ရောက်နေပါတယ်၊ ဒီလိုင်းခွဲ ရှိနေရင် Connection မကောင်းနိုင်ပါဘူး။

Fig-7 Uncorrect-ADSL-Installation-1

နောက်တစ်ခုက အသုံးမပြုတဲ့ Line Extension တစ်ခုခုရှိနေတာပါပဲ၊ အိမ်ထဲမှာ လိုင်းခွဲထားတယ် လိုင်းခွဲမှာ phone handset တော့တပ်မထားဘူးဆိုတဲ့ လိုင်းခွဲမျိုး ရှိနေရင်လဲ သေချာပေါက် Connection ကို အနှောက်အယှက်ပေးနိုင်ပါတယ်၊

Fig-8 Uncorrect-ADSL-Installation-2
Fig-8 Uncorrect-ADSL-Installation-2

နောက်တစ်မျိုးရှိပါသေးတယ်၊ ကုပ္မဏီ နေအိမ်ဝင်းခြံထဲမှာ အဆောက်အဦ တစ်ခုထက်ပိုရှိနေလို့ အိတ်ချိန်းကနေလာတဲ့ ဝါယာကို အဆောက်အဦထဲ မဝင်ခင် အပြင်ထဲက တခြားအဆောက်အဦ တစ်ခုဆီကို လိုင်းခွဲထားတယ် ဆိုရင်လဲ Connection မကောင်းနိုင်ပါဘူး။

Fig-8 Uncorrect-ADSL-Installation-3
Fig-8 Uncorrect-ADSL-Installation-3

ADSL အထွေထွေပြသာနာများခွဲခြားသတ်မှတ်ခြင်း

ADSL အသုံးပြုမှုနဲ့ ပါတ်သက်တဲ့ ပြသာနာတွေကို ၃ ပိုင်းအကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်၊

(1) သုံးစွဲသူနေအိမ်/ရုံးနေရာ

– အိမ်တွင်းဝါယာသွယ်တန်းမှု (Internal Home Wiring)

– ADSL မိုဒမ် ၊ ကွန်ပျူတာ နှင့် ဆက်စပ်ပစ်စည်းများ (ပျက်ခြင်း၊ setting များ configuration များ မမှန်ကန်ခြင်း)

(2) အိတ်ချိန်းမှအိမ်အထိ သွယ်တန်းထားသော ဖုံးလိုင်း

– Under Ground (UG), Overhead pair cable, drop wire များ အိုဟောင်းခြင်း၊ ပေါက်ပြဲခြင်း၊ အဆက်အထုံးအလွန်များပြားခြင်း၊ အနှောင့်အယှက်သံများ ဆူညံခြင်း၊ ground ကျခြင်း၊ လိုင်းပူးခြင်း၊ လိုင်းခွဲ extension ရှိခြင်း

(3) အိတ်ချိန်းနှင့် ISP

– အသုံးပြုထားသော DSLAM port ပျက်ခြင်း၊ jumper wire လွတ်ခြင်း၊ နေရာလွဲခြင်း

– DSLAM, ISP gateway များ maintenance ပြုလုပ်ခြင်းဒေါင်းခြင်း