တနိုင်တပိုင်ရေသန့်စင်ခြင်း-၂ (နေရောင်ခြည်ဖြင့်ရေကိုပိုးမွှားသန့်စင်ခြင်း)

ဤလမ်းညွှန်အား Download ရယူရန် Download Link နေရောင်ခြည်ဖြင့်ရေကိုပိုးမွှားသန့်စင်ခြင်း(SODIS_Myanmarv1.1)

SODIS_Myanmar_Cover

နေရောင်ခြည်ဖြင့်ရေကိုပိုးမွှားသန့်စင်ခြင်း

ဤလမ်းညွှန်စာတမ်းအား ခြောက်သွေ့အပူရှိန်ပြင်းထန်၍ သောက်သုံးရေ ရှားပါးသော ဒေသများ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်၍ သောက်သုံးရေ အခက်အခဲဖြစ်နေသောဒေသများ တွင် ရပ်ရွာပြည်သူလူထု အခြေ့ပု တနိုင်တပိုင် ရေသန့်စင်ခြင်းအတွက် ရည်ရွယ်၍ ရေးသားထုတ်ဝေပါသည်။

ရေးသားရာတွင် ဇီဝသဲရေစစ်အသုံးပြုမှုဆိုင်ရာလက်စွဲ ဆွစ်ဇာလန်နိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်သည့် EAWAG (Swiss Federal Institute for Environmental Science and Technology) ၏ ဌာနခွဲတစ်ခုဖြစ်သည့် SANDEC (Department of Water and Sanitation in Developing Countries) နှင့် အခြားပူးပေါင်းသုတေသန အဖွဲ့များမှ ထုတ်ဝေသည့် နေရောင်ခြည်ကိုအသုံးပြု၍ ရေကို ပိုးမွှားသန့်စင်မှုဆိုင်ရာ လမ်းညွှန် (SOLAR WATER DISINFECTION A GUIDE FOR THE APPLICATION OF SODIS) နှင့် နေရောင်ခြည်ကိုအသုံးပြု၍ ရေကို ပိုးမွှားသန့်စင်မှုဆိုင်ရာမြှင့်တင်ရေးလက်စွဲ (Training Manual for SODIS Promotion) စာအုပ်များအပေါ် အခြေခံ၍ အခြားအင်တာနက်မှ ကောင်းနိုးရာဝက်ဆိုဒ်များ၊ စာတန်းများအပေါ်တွင်အခြေခံပြီး လွယ်ကူ ရှင်းလင်းသော ဒေသဘာသာစကားဖြင့် လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့်ရေးသားထားပါသည်။

အပိုင်း(၁) တွင်ဖေါ်ပြခဲ့သော ဇီဝသဲရေစစ်( Biosand Filter) နှင့် ယခု နေရောင်ဖြင့်ရေကိုပိုးသတ်ခြင်း (SODIS) နည်းလမ်းနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်ရန် ဖြစ်ပါသည်၊ ရပ်ရွာပြည်သူလူထု အခြေ့ပု အဖွဲ့အစည်းများအနေဖြင့် တနိုင်တပိုင် စီမံကိန်းများအဖြစ် ဖြန့်ဝေပေးကြပါရန် နှင့် ကျွမ်းကျင်သူ ပညာရှင်များအနေ ဖြင့်လည်း အမှားအယွင်းများရှိက ထောက်ပြကြပါရန်၊ အကြံပြုချက်များ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၁) သောက်သုံးရေကိုပိုးမွှားသန့်စင်ခြင်း

ရေကိုအနယ်ထိုင်၊ ရေစစ်နည်းတမျိုးမျိုးနှင့် စစ်ပြီးလျင် စစ်နည်းအလိုက် ၃၀% မှ ၉၈% ထိပိုးမွှား သန့်စင်သော ရေကို ရရှိပြီ ဖြစ်ပါသည်၊ ဤရေသည် သုံးရေအတွက် သင့်တော်သော်လည်း သောက်သုံးရေအတွက်မူ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်မှာ ၁၀၀% ပိုးမွှားကင်းစင်ရမည် ဖြစ်၍ ထပ်မံ ပိုးမွှားသန့်စင်ရန် လိုအပ် ပါသည်။ ပိုးမွှားသတ်ခြင်းအတွက် သမားရိုးကျအားဖြင့် အောက်ပါနည်းများကို အသုံးပြုနိုင်ပါသည်။

(၁) ကလိုရင်းကဲသို့သော ရေသန့်ဆေးများ ခတ်ခြင်း

(၂) ဆူပွက်အောင်ကျိုချက်ခြင်း

ကလိုရင်းကဲ့သို့သောဆေးခတ်ခြင်းမှာ ရေ၏ အနံ့အသက်ကို ပြောင်းလဲစေခြင်း၊ ချက်ခြင်းသောက်မရခြင်း စသည့်အားနည်းချက်များရှိပြီး ဆူပွက်အောင်ကြိုချက်ခြင်းမှာလည်း ပြင်းထန်သော အပူချိန်ကိုပင်မမှုသည့် ပိုးမွှားများရှိခြင်း၊ လောင်စာအသုံးပြုရခြင်း စသည့်အားနည်းချက်များ ရှိနေပြန်ပါသည်။မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီပြီး အလွယ်တကူ အသုံးချနိုင်သည့် နည်းလမ်းကို တင်ပြပါမည်။

(၂) နေရောင်ခြည်ဖြင့် သောက်သုံးရေကို ပိုးမွှားသန့်စင်ခြင်း (Solar Water Disinfection)

“နေရောင်ခြည်” မှန်ပါသည်၊ နေရောင်ခြည်သည် လူသားတို့မိတ်ဆွေဖြစ်သလို မြန်မာပြည်သည်လည်း နေရောင်ကို တစ်နှစ်ပါတ်လုံး တိုင်းနှင့်ပြည်နယ် တော်တော်များများတွင် ရရှိသော တိုင်းပြည်ဖြစ်ပါသည်၊ ဆိုလာဟုဆို၍ ဆိုလာ ပါဝါပြားများကို ပြေးမြင်ကာ ရှုတ်ရှုတ်ထွေးထွေး နည်းပညာမြင့်မားကာ ကုန်ကျစရိတ် များပြားမည့် အရာဟု မထင် စေလိုပါ၊ မယုံကြည်နိုင်အောင် ရိုးရှင်းကာ ကုန်ကျစရိတ်နည်းပါးသော နည်းလမ်းဖြစ်ပါသည်။

ပြီးခဲ့သည့်နွေရာသီက မြန်ပြည်တလွှား အပူချိန်မြင့်မားကာ သောက်သုံးရေ ပြတ်လတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်၊ ပြင်းထန်လှသော နေရောင်နှင့်အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (Ultraviolet Index) မြင့်တက်လာမှုကြောင့်  သတိပေးချက်များ ထုတ်ပြန်ခဲ့ရပါသည်၊ ခရမ်းလွန်ရောင်ခြည်အား ရေသန့်စက်ရုံများတွင် ရေသန့်အား ပိုးမွှား သန့်စင်ရန် အတွက် အသုံးပြုကြပါသည်၊ နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည် ပိုးမွှား သန့်စင်ရာတွင် အသုံးပြုနိုင်မည်လား အင်တာနက်တွင် ရှာဖွေကြည့်ရာမှ နေရောင်ခြည်ဖြင့် သောက်သုံးရေကို ပိုးမွှားသန့်စင်ခြင်း (Solar Water Disinfection or SODIS) နည်းလမ်းကို တွေ့ရှိပါသည်၊

၂-၁ အခြေခံအချက်အလက်များ

မသန့်ရှင်းသောရေတွင် မျက်စိဖြင့်မမြင်နိုင်သော ရေပျော်ပိုးမွှားများ (Pathogen, bacteria, viruses, protozoa and worms) ပါရှိပါသည်၊ ရေတွင်ပါဝင်သော ပိုးမွှားအချို့မှာ လူကိုဒုက္ခမပေးနိုင်သော်လည်း အီကိုလိုင် (Ecoli) ကဲ့သို့သော ပိုးမွှားများမှာမူ အကြီးအကျယ် ဒုက္ခပေးနိုင်ပြီး အချို့ပိုးမွှားများမှာ မြင့်မားသောအပူချိန်မှာပင် ဖယ်ရှားရန် အလွန်ခက်ခဲသည်။

နေရောင်ခြည်ဖြင့် သောက်သုံးရေကို ပိုးမွှားသန့်စင်ခြင်း (SODIS)သည် အပူဖြင့်ရေကို ပိုးမွှားသတ်ခြင်း (Thermal Water Disinfection) နှင့် ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးမွှားသတ်ခြင်း (UV Light Water Treatment and sterilization) နည်းလမ်းနှစ်ခုကို အကျိုးရှိစွာ ပေါင်းစစ်အသုံးပြုခြင်းဖြစ်ပါသည်၊ နေရောင်ခြည်မှ ပြင်းထန်သော အပူရှိန်သည် ရေကို အပူပေးနိုင်ပြီး နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် (Ultraviolet A  or UV-A) သည် ရေတွင်ပါဝင်သော ပိုးမွှားများ ကို တားဆီး၊ ဖယ်ရှား ပယ်သတ်နိုင်ခြင်း မှာသဘာဝ ကပေးသော အပူပိုင်းဒေသများအတွက် လက်ဆောင်ပင် ဖြစ်ပါလိမ့်မည်။

SODIS ကို ProfessorAftim Acra က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ရှိ American University of Beirut တွင်  ကျေးရွာစွမ်းအင်အဖွဲ့အစည်း(Integrated Rural Energy Systems Association (INRESA) နှင့် ပူးတွဲစီမံကိန်း တစ်ခုအဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့ပါသည်၊ အင်ဂျင်နီယာများ၊ အနုဇီဝပညာရှင်များ၊ ဓါတ်ရောင်ခြည်ပညာရှင်များ စသည်ဖြင့်ပါဝင်သော EAWAG/ SANDEC ပူးပေါင်း သုတေသနအဖွဲ့များသည် ဓါတ်ခွဲခန်းစမ်းသတ်မှုများ၊ လက်တွေ့ကွင်းဆင်းစမ်းသတ်မှုများ ပြုလုပ်ပြီး လက်တွေ့ကျ၍ ထိရောက်သော၊ သဘာဝနှင့်သဟဇာတဖြစ်သော၊ ကုန်ကျစရိတ်နည်းပါးသော SODIS နည်းလမ်းကို ၁၉၉၁ တွင် ထုတ်ဖေါ်ခဲ့ပါသည်။

SODISသည် သဘာဝပါတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနိုင်တပိုင် ရေသန့်စင်ခြင်း အတွက် ထောက်ခံချက်ပေးထားပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်များစုတွင် (အာဖရိက နှင့် သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ် စသည့်အာရှနိုင်ငံများ) အောင်မြင်စွာ အသုံးပြုလျက်ရှိပါသည်။ ဆွစ်ဇာလန်အခြေပြု The Swiss Federal Institute of Aquatic Science and Technology (EAWAG) သည် Department of Water and Sanitation in Developing Countries (Sandec) နှင့် ပူးပေါင်း၍ နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် လူဦးရေ ၅ သန်းအတွက် SODIS စီမံကိန်းများကို အောင်မြင်စွာ မြှင့်တင်အကောင်အထည်ဖေါ်ခဲ့ပါသည်။

SODIS_map

ပုံ-၁ SODIS ကို အကောင်ထည်ဖေါ်အသုံးပြုခဲ့သောနိုင်ငံများ

၂.၂ SODIS အလုပ်လုပ်ပုံ

EAWAG သုတေသန အဖွဲ့သည် ရေအပူချိန်နှင့် ဓါတ်ရောင်ခြည်ပေးခြင်းကြားတွင် နှစ်ခုပေါင်းစပ်ခြင်းဖြင့် ပိုမိုအကျိုးရှိသော ရလာဒ်များရရှိနိုင်သည်ကို တွေ့ရှိခဲ့သည်၊ ရေကို ၅၀° ဆဲလ်စီယပ် ထိအပူပေးထားလျင် ၃၀° ဆဲလ်စီယပ် အပူချိန်တွင် ပေးသော ခရမ်းလွန်ရောင်ခြည်ပမာဏ၏ ၁/၄ မျှသာပေးရုံမျှဖြင့် တူညီသော ပိုးမွှား (Fecal coliform ) အရေအတွက်ကို ပယ်သတ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

  • SODIS နေရောင်ဖြင့်ရေကိုပိုးသတ်ခြင်း နည်းလမ်းတွင် အဓိက လိုအပ်ချက်နှစ်ခုရှိသည်။
  • ပထမအချက်မှာ ရေကို နေရောင်ခြည်တွင် တိုက်ရိုက် ၇၀° မှ ၇၅° ဆဲလ်စီယပ်ထိ အပူပေးရန် လုံလောက်သော နေရောင်ခြည် နှင့် အချိန် ဖြစ်ပါသည်။
  • ဒုတိယအချက်မှာ နေရောင်တွင်ပါဝင်သည့် ခရမ်းလွန်ရောင်ခြည် (UV-A) ဖြစ်ပါသည်။
  • ခရမ်းလွန်ရောင်ခြည် (UV-A) သည် ရေတွင်ပါဝင်သော လူကိုအန္တရယ်ပေးနိုင်သော ပိုးမွှား (pathogens) များကို သေစေနိုင်သော စွမ်းအားရှိသည်။
  • ဒုတိယအဆင့်အနေဖြင့် ခရမ်းလွန်ရောင်ခြည် (UV-A)သည် ရေတွင်ပါဝင်သော အောက်စီဂျင်ကို ဓါတ်ပြုပြီး တုံ့ပြန်မှုကောင်းသော အောက်စီဂျင်ဓါတ်ပေါင်း (oxygen free radicals and hydrogen peroxides)ကို ထွက်ပေါ်စေပါသည်၊ ထို အောက်စီဂျင်ဓါတ်ပေါင်းမော်လီကျူးများသည် သက်ရှိဆဲများ၏ ဖြစ်တည်မှုကို ဟန့်တားနိုင်ပြီး လူကိုအန္တရယ်ပေးနိုင်သော ပိုးမွှား (pathogens) များကို ပျက်စီးနိုင်သောစွမ်းအားကို ထောက်ပံ့ပေးပါသည်။

၂.၃ SODIS ၏ အကျိုးကျေးဇူးများ

  • သောက်သုံးရေ၏ ရောဂါပိုးမွှားပါဝင်မှုကို မရှိသလောက်   ဖြစ်အောင် ဖယ်ရှားပယ်သတ်ပေးနိုင်ပြီး    အရည်အသွေးကို           မြှင့်တင်ပေးနိုင်ခြင်း
  • ရေ၏အရသာကို မပြောင်းလဲစေခြင်း
  • တနိုင်တပိုင်အိမ်သုံးအဖြစ် လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း
  • အလွယ်တကူရရှိသော အိမ်သုံးပစ္စည်းများဖြင့် ပြုလုပ်နိုင်ခြင်း
  • သဘာဝပါတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း
  • ကုန်ကျစရိတ်မရှိသလောက်နည်းပါးခြင်း

2015-08-16_232608

ပုံ-၂ နေရောင်ခြည်ဖြင့် ရောဂါပိုးမွှားသတ်ခြင်း

၂.၄ SODIS အတွက်လိုအပ်သော ပစ္စည်းများ

အခြေခံနည်းလမ်းမှာ မယုံနိုင်အောင်ရှင်းလင်းပြီး မထင်မှတ်အောင် အကျိုးကျေးဇူးမှာ များပြားပါသည်၊ လိုအပ်သော ပစ္စည်းများမှာ –

  • ကြည်လင်သောရေ၊ ၃၀ NTU ရှိရေ (Nephelometric Turbidity Units – ရေ၏ကြည်လင်မှုကို တိုင်းတာသောယူနစ်)
  • ကြည်လင်သောရေသန့်ဘူးအခွံ (PolyEthylene Terephtalate or PET) (မြင်တွေ့နေကျ ၁ လီတာ ဝင်ရေသန့်ဘူး အကြည်)
  • တောက်ပသော နေရောင်ခြည် တို့သာဖြစ်သည်။

၂.၅ သန့်စင်လိုသောရေအမျိုးအစား(သို့)ကြည်လင်သောရေ

သန့်စင်လိုသောရေမှာ ကြည်လင်သောရေ ဖြစ်ရန်လိုပါသည်၊ ရေနောက်များ ဖြစ်ပါက အပိုင်း(၁) တွင်ဖေါ်ပြခဲ့သော မြေဆွဲအားဖြင့်ရေစစ်ခြင်း၊ ဇီဝသဲရေစစ်( Biosand Filter) စသည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် ဦးစွာ စစ်ရန်လိုပါသည်၊ ရေကြည်လင်နေမှဖြင့် စစ်ရန်မလိုဟု ယူဆနိုင်ပါသည်၊ ရေအမြင်အားဖြင့် ကြည်လင်နေသောလည်း ရေအရင်းအမြစ် မသန့်ရှင်းလျင် မမြင်နိုင်သော ပိုးမွှားများ ပါရှိနိုင်ပါသည်။

နောက်နေသော်ရေသည် အနယ်များ၊အမှုံအမွှားများ၊ အော်ဂဲနစ်ဓါတ်ပေါင်းများ ရေတွင်ပါဝင်နေခြင်းကြောင့် ဖြစ်ပါသည်၊ သဘာဝအားဖြင့် နောက်နေသောရေသည် ကျန်းမာရေးကို တိုက်ရိုက် မထိခိုက်စေပါ၊ သို့သော် အနယ်များ၊ အမှုံအမွှားများ သည် ရေတွင်ပျော်သော ရောဂါပိုးမွှားများ၏ ခိုအောင်းရာဖြစ်သဖြင့် နောက်ကျိသောရေ သည် ရောဂါပိုးမွှားကို ပိုမိုအားပေးခြင်းပါသည်။

ဒုတိယအချက်အနေဖြင့် နောက်ကျိသောရေသည် နေရောင်ဖြတ်သန်းမှုနှင့် ခရမ်းလွန်ရောင်ခြည်ဓါတ်ပြုမှုကို အနှောင့်အယှက်ပေးသဖြင့် ရောဂါပိုးမွှားဖယ်ရှားရာတွင် ထိရောက်မှုမရှိခြင်း ကြောင့်တတ်နိုင်သရွေ့ ကြည်လင်သောရေကို သာ SODIS နည်းလမ်းတွင် အသုံးပြုရန် ဖြစ်ပါသည်။

ရေ၏ကြည်လင်မှုကို အဲန်တီယူ NTU (Nephelometric Turbidity Units) ဖြင့်တိုင်းတာနိုင်ပါသည်၊

turbidity_chart_2

ပုံ-၃ ရေ၏ကြည်လင်မှုကို အဲန်တီယူဖြင့် နမူနာပြပုံ

ရောကြည်လင်မှုကိုတိုင်းတာရန်အတွက် –

  • စမ်းသတ်မှုကို အိမ်အတွင်း ပုံမှန်အလင်းရောင် တွင်သာ လုပ်ပါ၊ နေရောင်အောက်တွင် မလုပ်ပါနှင့်။
  • ကြည်လင်သော ကြည်လင်သောရေသန့်ဘူးအခွံ(သို့) ဖန်ပုလင်းအလွတ်တစ်လုံး ထဲတွင် သန့်စင်လိုသော ရေကို အပြည့်နီးပါဖြည့်ပါ။
  • ပုံ-၄ တွင်ရှိသော လိုဂိုကို ပရင့်ထုတ်၍ ပုလင်းအောက်ခြေတွင် ထားပါ။
  • ပုံ-၅ အတိုင်း ရေပုလင်းအပေါ်မှ အောက်ခြေ စာရွက်ကိုကြည့်ပါ။
  • ရေပုလင်းအပေါ်မှ အောက်ခြေ စာရွက်ကိုကြည့်ပါ။ ရေစက်နှင့် လိုဂိုမှ နေရောင်ဖြာထွက်နေသော လိုင်းစင်းများကို ဖတ်၍ရပါက ရေ၏ကြည်လင်မှုသည် ၂၀ အဲန်တီယူ အောက်တွင်ရှိပြီး ရှိပြီး SODIS နည်းလမ်းကို အသုံးပြုနိုင်သည်။
  • “sOdis” စာသားကို ဖတ်၍ရပါက ရေ၏ကြည်လင်မှုသည် ၃၀ အဲန်တီယူ ရှိပြီး SODIS နည်းလမ်းကို အသုံးပြုနိုင်သည်။
  • “sOdis” စာသားကို ဖတ်၍မရပါက ရေ၏ကြည်လင်မှုသည် ၃၀ အဲန်တီယူ ကျော်လွန်နေပြီး SODIS နည်းလမ်းကို အသုံးမပြုနိုင်ပါ၊ ရေကို ဦးစွာစစ်ရန် လိုအပ်ပါသည်။

SODIS-2

ပုံ-၄ ရေကြည်လင်မှုတိုင်းရန် လိုဂို

test-turbidity

ပုံ-၅ ရေကြည်လင်မှုတိုင်းနေပုံ

၂.၆ ရေထည့်ရန်ပုလင်း(သို့) ရေသန့်ဘူးအကြည်

  • ဒုတိယအနေဖြင့် အသုံးပြုမည့် ပုလင်းသည် ကြည်လင်သောရေသန့်ဘူးအခွံ (PolyEthylene Terephtalate or PET ပလတ်စတစ်ကို အသုံးပြုသောရေသန့်ပုလင်းခွံ၊ မြင်တွေ့နေကျ ၁ လီတာ ဝင်ရေသန့်ဘူး အကြည်) ကိုလွယ်ကူစွာအသုံးပြုနိင်ပါသည်။

SODIS-3

ပုံ-၆ PET ဖြင့်ပြုလုပ်ထားသော ရေသန့်ဘူးအကြည်

  • အခြားပလတ်စတစ်၊ ပီဗွီစီ (PVC) စသောပုလင်းများကို မသုံးသင့်ပါ၊ မြန်မာပြည်ရှိ ရေသန့်ဗူးအကြည် အများစုမှာ ပီအီးတီ(PET) ဖြင့်သာပြုလုပ်ထားပါသည်၊ မသေချာလျင် ပုလင်းဖင်တွင် ပီအီးတီ(PET) အမှတ်တံဆိတ် ပါမပါ ပုံ-၇ အတိုင်း စစ်ဆေးနိုင်ပါသည်။

SODIS-4

ပုံ-၇ PET လိုဂို နှင် ရေသန့်ဘူးအောက်ခြေရှိ PET တံဆိတ်

  • ဖန်ပုလင်းများသည် ခရမ်းလွန်ရောင်ခြည်ဖြတ်သန်းနိုင်မှု နည်းသောကြောင့် (ပုံမှန်ဖေါက်ထွင်းမြင်ရသော ၂ မီလီမီတာအထူ ပြတင်းပေါက်မှန်သည်ပင်လျင် ခရန်းလွန်ရောင်ခြည်ကို ရာနှုံးပြည့် တားဆီးနိုင်ပါသည်) SODIS နည်းလမ်းတွင် အသုံးပြုရန် မသင့်တော်ပါ၊ အခြား သလင်း စသောဖန်ပုလင်းပါးများ (Pyrex,Corex, Vycor, Quartz) ရှိသော်လည် အလွယ်တကူမရရှိနိုင်သောကြောင့် မညွှန်းလိုပါ။
  • ကြည်လင်သောပုလင်းခွံကိုသာ သုံးပါ၊ ခြစ်ရာအစင်းများပါသော ပုလင်းခွံ၊ မဲညစ်ပါတ်သော ပုလင်းခွံများကို မသုံးပါနှင့်၊ ဖြစ်နိုင်သရွေ့ အဖြူရောင်ပုလင်းခွံကိုသာ သုံးပါ။
  • ပုံးကြီးများ၊ပုလင်းကြီးများ ကို မသုံးပါနှင့်၊ ခရမ်းလွန်ရောင်ခြည်သည် ရေထု ၁၀ စင်တီမီတာ (၄ လက်မ) ထက်ထူပါက ရောင်ခြည်ဖြတ်သန်းနိုင်မှု ၅၀% ထိကျဆင်းသွားပါသည်၊ ထို့ကြောင့် ပုံမှန်ရေသန့်ဘူး များသည် အသင့်တော်ဆုံးဖြစ်ပါသည်။

SODIS-5

ပုံ-၈ မှန်ကန်သောပုလင်းနှင့်အရွယ်အစား

 (၃) နေရောင်ဖြင့်ရေကိုပိုးသတ်ခြင်း (SODIS) ကို အသုံးပြုပုံ

နည်းလမ်းမှာ အလွန်ရှင်းသည်၊ ရေကိုပုလင်းထဲထည့်ပြီး နေလှန်းရန်သာဖြစ်သည်။

၁) နေရောင်နှင့်ရာသီဥတု အခြေအနေကိုကြည့်ပါ၊ နေသာရန်၊နေပူရန် လိုသည်။

၂) ပုလင်းကို ပထမဆုံးအချိန်အသုံးပြုလျင် ဆပ်ပြာဖြင့် အတွင်းအပြင် သေချာဆေးပါ။

SODIS-6

၃) ရေကို ပုလင်း၏ ၃/၄ ပုံဖြည့်ပါ။

SODIS-7

၎) ရေပုလင်းကို ၂၀ စက္ကန့် လှုပ်ပေးပါ။

SODIS-8

၅) ရေပြည့်အောင်ဖြည့်ပြီး ပုလင်းဖုံးကိုလုံအောင် ပိတ်ပါ။

SODIS-9

၆) ပုလင်းကို နေရောင်နေ့တစ်ဝက်ခန့်ရသောနေရာတွင် အနည်းဆုံး ၆ နာရီကြာအောင် နေလှန်းပါ၊ အိမ်တံစက်မြိတ်၊ သွတ်မိုးစွန်း၊ တလင်းပြင်များသည် အကောင်းဆုံးဖြစ်သည်။

ခန့်မှန်းနေလှန်းရန်အချိန်ကို ဇယား-၁ တွင်ကြည့်ပါ။

SODIS-10

၇) နေလှန်းပြီးရေကို စိတ်ချစွာသောက်သုံးနိုင်ပါသည်။

SODIS-11

  • နေကျက်ကျက်တောက်ပူ၍ နေရောင်အာက်တွင် ရေအပူချိန် ၅၀° စင်တီဂရိတ် ရှိလျင် ၁ နာရီ သာ နေပြရန်လိုသည်။
  • ကောင်းကင်၏ တစ်ဝက်တိမ်ရှိလျင်၊ ၅၀% နေသာလျင် ၆ နာရီ နေပြရန်လိုသည်။
  • ကောင်းကင်၏ တစ်ဝက်ကျော်တိမ်ထူလျင်၊ ၅၀% နှင့်အောက်သာ နေသာလျင် ၂ ရက်ဆက် နေပြရန်လိုသည်။
  • မိုးဆက်တိုက်ရွာလျင် နေရောင်ကောင်းစွာမရလျင် မိုးရေခံသုံးခြင်း၊ ကျိုချက်ခြင်း၊ ဆေးခတ်ခြင်း နည်းလမ်းများကို သာလျင် အသုံးပြုပါ။
  • အချိန်ပို၍ နေပြခြင်းသည် ပြသာနာမရှိ၊ မလုံလောက်ခြင်းသာလျင် ပြသာနာရှိသည်။

ဇယား-၁ ရာသီဥတုနှင့်နေရောင်ခြည်ပြရန်အချိန်၃.၁ နေရောင်ခြည်နှင့်ပိုးသတ်ခြင်းအတွက်ဆောင်ရန်ရှောင်ရန်များ

SODIS_12

  • ရေ ၃/၄ ပုံသာဖြည့်ပြီး ပုလင်းကိုလှုပ်ခြင်းသည် ရေနှင့်အောက်စီဂျင် ဓါတ်ပြုခြင်းကို အားပေးရန်ဖြစ်သည်။
  • လှုပ်ပြီးလျင် ရေအပြည့်ဖြည့်ပါ၊ ပုလင်းထဲတွင်လေ မကျန်ပါစေနှင့်၊ ပုလင်းထဲရှိလေပူပေါင်းများ၊ အပူရှိန်ကြောင့် ဖြစ်လာသော ရေငွေ့များသည် နေရောင်ခြည်ဖြတ်သန်းနိုင်မှု ကို အနှောက်အယှက် ဖြစ်စေပါသည်။
  • ရေနောက်ကျိလေ စွမ်းဆောင်ရည် (ပိုးမွှားသတ်နိုင်စွမ်း) ကျဆင်းလေဖြစ်သည်။
  • SODIS ၏ စွမ်းဆောင်ရည်သည် နေရောင်ခြည်ပေါ်တွင် များစွာမူတည်သည်၊ နေပူလေ ကောင်းလေ ဖြစ်သည်။
  • အရောင်ပါသောပုလင်း၊ အစင်းများစွာထင်၊ ညစ်ပေသွားသော ဆေးကြောမရတော့သော ပုလင်းများအား ဆက်လက်မသုံးပါနှင့်။
  • ပုလင်းကြီးတိုင်းမကောင်းပါ၊ သက်သာလို၍ ပုလင်းကြီးများကို မသုံးပါနှင့်၊ ခရမ်းလွန်ရောင်ခြည်ထိရောက်မှု သည် ရေထု ၄” ခန့်ထိသာထိရောက်မှုရှိ၍ ပုလင်းကြီးလျင် ပိုးမွှားများ အားလုံးသေမည်မဟုတ်ပါ။
  • ပုလင်းကို ထောင်၍ နေမလှန်းပါနှင့်။

bottle-wroung2

ပုံ-၉ SODIS ကို စွမ်းဆောင်ရည်ကျဆင်းစေသော အချက်များ

  • ကြည်လင်သောရေသည် ပိုးမွှားသတ်နိုင်ခြေ အကောင်းဆုံးဖြစ်သည်။
  • ပုလင်းကိုနေရောင်ခြည်နှင့်တိုက်ရိုက်တွေ့သော ဧရိယာများများရအောင် နေရောင်ဖက်သို့ စောင်း၍သော်လည်းကောင်း၊ ရေပြင်ညီသော်လည်းကောင်း ထားပါ၊
  • ပုလင်းကို အရိပ်မကျအောင်ထားပါ။
  • သွတ်ပြားကဲ့သို့သော အရောင်ပြန်သည့် ပစ္စည်းကို ပုလင်းအောက်တွင်ခံထားပါ၊ အရောင်ပြန်စက္ကူများကို ရောင်ပြန်ခွက်များ ပြုလုပ်၍ ပုလင်းကို အထဲတွင်ထားပါ၊ နေရောင်ခြည်ဓါတ်နှင့် အပူချိန် ပိုမိုရရှိခြင်းသည် ပိုးသတ်စွမ်းဆောင်ရည် ကို တိုးတက်စေပါသည်။
  • ရေပူနေ၍ ချက်ချင်းမသောက်နိုင်လျင် သန့်ရှင်းသောအိုး၊ခွက်တွင် တစ်ည အအေးခံပြီးသောက်နိုင်ပါသည်။
  • အရေးပေါ်အခြေအနေဖြစ်၍ ပုလင်းမရနိုင်လျင် ပလပ်စတစ်အိတ် အကြည်များကိုလည်း အသုံးပြုနိုင် ပါသည်၊ အိတ်အထူကို ၄ လက်မ ထက်မကျော်အောင် ရေအိတ်ကို အပြားလိုက်ချပါ။
  • နေရာင်ခြည်မရလျင် မိုးရေကဲ့သို့သော ရေအရင်းအမြစ်ကိုသာ စုဆောင်း၍သုံးပါ။

 

ပုံ-၁၀ SODIS ကို ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်စေသော အချက်များ

bottle-correct2

(၄) နေရောင်ဖြင့်ရေကိုပိုးသတ်ခြင်း (SODIS)၏ ရလာဒ်များ

  • နေရောင်နှင့် အပူရှိန်သည် အဓိကအကျဆုံးဖြစ်ပြီး နေရာဒေသနှင့် ပါတ်ဝန်းကျင်အခြေအနေအရ ရလာဒ် အပြောင်းအလဲရှိနိုင်သော်လည်း မြန်မာပြည် အလယ်ပိုင်းဒေသများသည် ဤနည်းလမ်းနှင့်အထူး သင့်တော်ပါသည်။
  • နေရောင်ခြည်သည် အပူရှိန်ထက် အရေးပါသည်၊ ရာသီဥတုအေး၍ လေတိုက်ခတ်နေသော တရုတ်နှင့် ဘိုလီးဗီးယား တောင်ပေါ်ဒေသများတွင် စမ်းသတ်ခဲ့ရာ နေရောင်ခြည်ရလျင် အပူပိုင်းဒေသများအလားတူ ပင် အသုံးပြုနိုင်ကြောင်း တွေ့ရှိထားပါသည်။
  • မြန်မာပြည်၏ ဒေသအားလုံးနီးပါးသည် တစ်ရက်လျင် ၅ နာရီ ပျမ်းမျှ နေရောင်ခြည်ရရှိသည်၊ ပျမ်းမျှ ၁ ရက်စာ(၅ နာရီ )အတွက် ၁ m2 ဧရိယာအတွက် နေရောင်မှ ပါဝါရရှိမှုသည် ၂.၃~၅ ကီလိုဝပ် ဖြစ်ပါသည်၊ SODIS အတွက် နေရောင်ခြည်လိုအပ်မှုမှာ ၁ m2 ဧရိယာတွင် ၆ နာရီအတွက် ၅၀၀ ဝပ် ဖြစ်၍ မြောက်ပိုင်းစွန်း ဒေသများမှ လွဲ၍ နေရာဒေသ တော်တော်များများတွင် အသုံးပြုနိုင်မည်ဟု ယူဆပါသည်။

SODIS_roof

MGES2015-Myanmar-Monthly-Solar-Radiation

ပုံ-၁၁ လအလိုက်နေရောင်ခြည်ရရှိမှုနှင့်စွမ်းအင်ထွက်ရှိနိုင်ခြေ ( from MGES)

  • အရောင်ပါသောရေ (သို့) အရောင်ပါသောပုလင်းသည် နေရောင်ပြချိန် ပိုမို၍ ပေးရန်လိုအပ်သည်။
  • ၁၉၉၁ မှ ၂၀၀၁ အတွင်း ပီရူး၊ ဘိုလီးဗီးယား၊ ဟွန်ဒူးရပ်၊ အီကွေဒေါ နိုင်ငံများတွင် ရေနမူနာ ၁၁၇ ကြိမ် ယူခဲ့ပြီး လက်တွေ့စမ်းသတ်ချက်များအရ ဤနည်းလမ်းဖြင့် ပိုးမွှားဖယ်ရှားနိုင်မှုစွမ်းဆောင်ရည်မှာ ၉၉.၉% ဖြစ်ပါသည်။
  • ပိုးသတ်ရာတွင် သုံးသောပုလင်းသာမက သောက်သုံးသော၊ သိုလှောင်သော ပုံး၊ ခွက်များပါ ပိုးမွှားသန့်ရှင်း မှသာ အကောင်းဆုံး ရေသန့်ကို ရပါမည်၊ စမ်းသတ်ချက်အချို့တွင် ရေကို ရွှေ့ပြောင်း သိုလှောင်လျင် ပိုးမွှားပါဝင်မှု ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရသည်။
  • ပုလင်းဖုံးနှင့် အရစ်များ ညစ်ပေနေလျင် ပိုးမွှားပါဝင်မှုကို မြင့်တက်စေသဖြင့် သေချာဆေးကြောပေးရန် လိုအပ်သည်။

ရေ၏အရည်အသွေး ပိုးမွှားပါဝင်မှုကို တိုင်းတာရာတွင် ဖီကယ်ကိုလီဖောင်း (Fecal Coliform Test) သည် အရေးပါပြီး အလွယ်တကူ စမ်းသတ်နိုင်သော နည်းဖြစ်ပါသည်၊ ဖီကယ်ကိုလီဖောင်း (Fecal Coliform) ဆိုသည်မှာ လူ၊တိရစ္ဆာန် တို့၏ အစာဟောင်း လမ်းကြောင်းတွင် ခိုအောင်းလေ့ရှိသည် ဘက်တီးရီးယား ပိုးမွှားတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် လူတို့ကို ဒုက္ခပေးလေ့ မရှိပါ၊ သို့သော် ရေတွင် Fecal Coliform ပါဝင်မှု သည် အခြားရောဂါပိုးမွှားပါ ရှင်သန်နိုင်ခြေနှင့် တိုက်ရိုက်အချိုးကျပါသည်၊ အခြား ရောဂါပိုးမွှားများကို စမ်းသတ်ခြင်းမှာ ပိုမိုရှုတ်ထွေးသဖြင့် ရေတွင်ပိုးမွှားပါဝင်မှုပမာဏကို ဖီကယ်ကိုလီဖောင်း အရေအတွက်ဖြင့် တိုင်းတာခြင်း ဖြစ်ပါသည်၊ တနည်းအားဖြင့် ရေတွင် Fecal Coliform များလျင် အခြား အီကိုလိုင်၊ ဝမ်းကိုက်ပိုး၊ အသည်းရောဂါပိုး စသည့် ရောဂါပိုးမွှားများ ပါဝင်နှုံး များပြီး ဖီကယ်ကိုလီဖောင်း နည်းလျင် ယင်း ရောဂါပိုးမွှားများ နည်း သည်ဟု မှတ်ယူနိုင်ပါသည်။

ဇယား-၂ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)၏ ဖီကယ်ကိုလီဖောင်းပမာဏ သတ်မှတ်ချက်ကို တွေ့နိုင်ပါသည်၊ ပုံ-ထ မှာ မသန့်စင်ရသးသောရေကို ၄၄° စင်တီဂရိတ် နေရောင်အောက်တွင် ထားပြီး ဖီကယ်ကိုလီဖောင်း ပမာဏ ကို ရေတွက်ထားသော ပုံဖြစ်ပါသည်။

ဇယား-၂ ရေတွင်ပါဝင်သော ဖီကယ်ကိုလီဖောင်း နှင့် အန္တရယ်ရှိမှု အခြေအနေ

၁၀၀ မီလီလီတာတွင် ပါဝင်သော ဖီကယ်ကိုလီဖောင်း အရေအတွက် (Nos of Fecal Coliform per 100 ml) အဆင့်သတ်မှတ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)၏ သောက်ရေသန့် သတ်မှတ်ချက်
၁ မှ ၁၀ ရေတွင်ပိုးမွှားပါဝင်မှုအန္တရယ် နည်းပါး
၁၀ မှ ၁၀၀ ရေတွင်ပိုးမွှားပါဝင်မှုအန္တရယ် အလယ်အလတ်
၁၀၀ မှ ၁၀၀၀ ရေတွင်ပိုးမွှားပါဝင်မှုအန္တရယ် မြင့်မား
၁၀၀၀ အထက် အန္တရယ်အလွန်ရှိ

ပုံ-၁၂ နေရောင်ခြည်ပြချိန် နှင့် ဖီကယ်ကိုလီဖောင်း ပမာဏ

SODIS-13

အောက်ပါဇယား-၃ တွင် သန့်စင်လိုသည့်ရေအား ၄၀ံ နေရောင်ခြည်တွင် ၆ နာရီထားပြီး ပိုးမွှားကင်းစင်မှု အခြေအနေကို တွေ့နိုင်ပါသည်၊

ဇယား-၃ ပိုးမွှားများနှင့် ဖယ်ရှားနိုင်သည့် အခြေအနေ

ရောဂါပိုးမွှားများ(Pathogen ) ရောဂါသက်ရောက်မှု (Illness) ၄၀ံ နေရောင်ခြည်တွင် ၆ နာရီထားပြီး ပိုးမွှားကင်းစင်မှု အခြေအနေ
(Reduction trough SODIS 6h, 40°C)
ဘက်တီးယီးယား (Bacteria)
E. coli Indicator for Water Quality & Entetritis > 99.999%
> ၉၉.၉၉၉%
Y. enterocolitica Diarrhoea
C. jejuni Diarrhoea
S. typhi Typhoid
S. typhi Typhoid
S. typhi Typhoid
Sh. Flexneri Dysentery
V. cholerae Cholera
ရောဂါပိုးမွှား (Viruses)    
Rotavirus Diarrhoea, Dysentry 99.9 – 99.99%
၉၉.၉~၉၉.၉၉%
Polio Virus Polio 99.9 – 99.99%
၉၉.၉~၉၉.၉၉%
Hepatitis Virus Hepatitis  Reports of cases of SODIS users
Protozoa    
Giardia spp. Giardiasis Cystes  rendered noninfective
Cryptosporidium spp. Cryptosporidiasis Cystes rendered noninfective only after >10h exposure
Amoeba spp. Amoebiasis 1h above 50°C inactivates cysts

(၅) နေရောင်ဖြင့်ရေကိုပိုးသတ်ခြင်း (SODIS)၏ အားနည်းချက်များ

၁) နေရောင်ခြည် ကောင်းစွာမရလျင် အလုပ်မလုပ်ခြင်း၊ (ရာသီဥတုအပြောင်းအလဲမြန်သော ဒေသများတွင် နည်းလမ်းတစ်ခုထဲ အသုံးမပြုနိုင်ပါ)

၂) စစ်မည့်ရေသည် ကောင်းစွာဖေါက်ထွင်းမြင်ရသည့် ရေကြည်ရန်လိုအပ်သည်၊ အနယ်များသော နောက်ကျိသောရေများတွင် ကောင်းစွာအလုပ်မလုပ်ပါ။

၃) ရေတွင်ပျော်ဝင်နေသော ဓါတုပစ္စည်းများကို မဖယ်ရှားနိုင်ပါ။

၎) တစ်ပုလင်းချင်းသာ သန့်စင်ရသဖြင့် တစ်နိုင်တစ်ပိုင်သာ အသုံးချနိုင်ပြီး အမြောက်အများ သန့်စင်ခြင်းအတွက် အသုံးမချနိုင်ပါ။

(၆) အကြံပြုချက်

နေရောင်ခြည်ဖြင့် သောက်သုံးရေကို ပိုးမွှားသန့်စင်ခြင်း (Solar Water Disinfection) သည် လွယ်ကူသလောက် အလွန်ထိရောက်သည့် နည်းလမ်းဖြစ်ပါသည်၊ ကုန်ကျစရိတ်လည်း မရှိသလောက်နီးပါးဖြစ်ကာ မြန်မာနိုင်ငံ ရာသီဥတု အခြေအနေ နှင့်လည်း ကိုက်ညီလှပါသည်။ အပိုင်း(၁) တွင်ဖေါ်ပြခဲ့သော ဇီဝသဲရေစစ် (Biosand Filter) နှင့်တွဲဆက် အသုံးချနိုင်ပြီး ရပ်ရွာ တနိုင်တပိုင်စီမံကိန်းများအဖြစ် အကောင်အထည်ဖေါ်နိုင်အောင် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ NGO, NPO များ မှ ဆောင်ရွက်နိုင်ခဲ့လျင် မိုးနည်းရေရှားဒေသများတွင်သာမက သဘာဝဘေး အန္တရာယ် ကျရောက်ရာ ဒေသများတွင်ပင် သောက်သုံးရေ အခက်အခဲ ပြေလည်နိုင်ပါသည်။

အပိုဆုအနေဖြင့် အာဖရိကကဲ့သို့ဒေသများတွင်ပင် သန့်စင်သောရေ ရရှိလာပြီးနောက် လက်ဆေးခြင်း (Hand Washing) ကဲ့သို့ စီမံကိန်းများကိုပင် ချိတ်ဆက်ဆောင်ရွက်လာနိုင်ပြီး လူထုကျန်းမာရေးအဆင့် မြှင့်တင် လာနိုင်သည့် သာဓကများ ရှိပါသည်။

လက်တွေ့အသုံးချနေသူ တည်ဆောက်သူများမှလည်း မိမိတို့၏ တွေ့ရှိချက်များ ကို ပြန်လည်မျှဝေ ကြပါရန်နှင့် နားလည်တတ်ကျွမ်းသူများ၊ လေ့လာသူများမှ နည်းလမ်းများကို အကြံပြုပြသရှင်းလင်းပေးကြပါရန်၊ တက္ကသိုလ်ကောလိတ်များမှ ကျောင်းသား/သူများ၊ Researcher များအနေနှင့်လည်း Field တစ်ခုအနေနှင့် ဆောင်ရွက်နိုင်ပါရန် (မူရင်းနည်းပညာမှာ လက်ဘနွန် တက္ကသိုလ်တစ်ခု၏ research ဖြစ်ပါသည်)  မေတ္တာရပ်ခံလိုပါသည်။

ဥက္ကာ

oakkar7.wordpress.com

Credited to –

  • All data, documents, photos and images owners which used in this document
  • Original developer, researcher, owners and organization who developed, shared, adapted,  referenced for this document

ဤလမ်းညွှန်အား Download ရယူရန်

နေရောင်ခြည်ဖြင့်ရေကိုပိုးမွှားသန့်စင်ခြင်း(SODIS_Myanmarv1.1)

Document Version Revision Date Revised By
1.1 17 August 2015 Oak Kar

(၇) ကိုးကားစာရင်း

မူရင်းနည်းပညာလမ်းညွှန်၊ လက်စွဲများ Download ရယူရန်

  • SODIS လမ်းညွှန် (SODIS manual )

https://drive.google.com/file/d/0B-oBd9HKASuSbzdpZDg1QnZ3WFE/view?usp=sharing

  • SODIS သင်တန်းလက်စွဲ (SODIS Training Manual )

https://drive.google.com/file/d/0B-oBd9HKASuSd1BlazVlTFFXenM/view?usp=sharing

  • SODIS ပန်းဖလက် (SODIS flyer )

https://drive.google.com/file/d/0B-oBd9HKASuSQ0FnNU82ZDI1dFE/view?usp=sharing

  • SODIS ပိုစတာ (SODIS Poster )

https://drive.google.com/file/d/0B-oBd9HKASuSUllybmJOZ3gxRWs/view?usp=sharing

  • SODIS နှင့် ရေကြည်လင်မှု ဆက်သွယ်ချက် (SODIS and Turbidity Depth)

https://drive.google.com/file/d/0B-oBd9HKASuSM1RYOGwzS1cyT1U/view?usp=sharing

  • ရေကြည်လင်မှုတိုင်းတာခြင်း (Turbidity test tube)

https://drive.google.com/file/d/0B-oBd9HKASuSSWFQYVRsWHBySXc/view?usp=sharing

 

http://www.eawag.ch/en/department/sandec/

 

https://en.wikipedia.org/wiki/Solar_water_disinfection

https://en.wikipedia.org/wiki/Fecal_coliform

http://www.clemson.edu/extension/natural_resources/water/publications/fecal_coliform.html

http://www.sodis.ch/about/eawag/index_EN

http://mges2015-solar.confexhub.com/

 

 

 

 

 

 

 

Appendix -A

မူရင်းလိုင်စင်

www.sodis.ch

 

 

 

Copyright © by SANDEC (Water & Sanitation in Developing Countries) at

EAWAG (Swiss Federal Institute for Environmental Science and Technology)

P.O.Box 611, Ueberlandstr.133

CH-8600 Duebendorf

Switzerland

tel: +41- 1- 823 5286

fax:+41- 1- 823 5399

Permission is granted for reproduction of this material, in whole or part,

for education, scientific or development related purposes except for those

involving commercial sale, provided that

– full citation of the source is given

– written request is submitted to SANDEC

ISBN Nr.: 3-906484-24-6

Distributor: Swiss Centre for Development Cooperation in Technology

and Management (SKAT)

CH- 9000 St. Gallen

Switzerland

email: info@skat.ch

fax: +41- 71- 228 5455

tel: +41- 71- 228 5454

or

Intermediate Technology Development Group Publishing (ITDG)

103-105 Southampton Row

London WC1B4HH

England

email: orders@itpubs.org.uk

 

This guide has been written by Regula Meierhofer and Martin Wegelin, in close collaboration with Xiomara del Rosario Torres, Bruno Gremion, Alvaro Mercado, Daniel Mäusezahl, Michael Hobbins, Stephan Indergand-Echeverria, Beat Grimm and Christina Aristanti

တနိုင်တပိုင်ရေသန့်စင်ခြင်း-၁ (ဇီဝသဲရေစစ်)

ဤလမ်းညွှန်အား Download ရယူရန် Biosand Filter in Myanmar v1,1 download link

Biosand_Myanmar_cover

နိဒါန်း

ရေအသက် တစ်မနက်ဟုဆိုရိုးရှိပါသည်၊ ပြီးခဲ့သည့်နွေက ပြင်းထန်လှသော အပူချိန်ကြောင့် မြန်မာပြည် တနံတလျား သောက်သုံးရေပြတ်လတ်မှုများ ကြုံခဲ့ရပါသည်၊ ပြသာနာများ မပြေလည်ခင်မှာပင် နိုင်ငံတလျား မကြုံဖူးအောင် ရေလွှမ်းမိုးမှု ဒါဏ် ခံကြရပြန်သည်၊ သဘာဝတရားကား ကျီစယ်လှောင်ပြောင်လှသည်။

ရေလွှမ်းမိုးမှု နှင့် ခြောက်သွေ့အပူရှိန်ပြင်းထန်မှု နှစ်ခုလုံးတွင် သောက်သုံးရေသည် အဓိကအခက်အခဲ တစ်ခု ဖြစ်လာပါသည်၊ ရေကျသွားသော ဒေသများတွင် ရေတွင်းရေကန်များ ပျက်စီးပြီး သန့်ရှင်းသော သောက်ရေ သုံးရေ မရရှိမှုကြောင့် ဝမ်းရောဂါကဲ့သို့သော ရောဂါဆိုးများ ဖြစ်ပွားနိုင်ကြောင်း သတိပေးမှုများ ရှိနေသည်၊ ရေပတ်လည် ဝိုင်းနေပြီး ရေအခက်အ    ခဲကြောင့် နောက်ကျိနေသောရေများ ကိုသာ သုံးစွဲနေကြသော ပြည်သူများ၏ ပုံရိပ်များက ဤအချက်ကို ထပ်လောင်းသတိပေးနေပါသည်။

ဘေးအန္တရာယ်ကျရောက်သောဒေသများ ရေအခက်အခဲရှိသောနေရာများတွင် တနိုင်တစ်ပိုင် ရေသန့်စင်နိုင်မည့် နည်းလမ်းများကို လူမှုမီဒီယာများတွင် ဝေမျှနေကြသည်ကို တွေ့ရှိရပါသည်၊ တနိုင်တစ်ပိုင် ရေသန့်စင်ရာတွင် အကြမ်းဖျဉ်းအားဖြင့် အဆင့်ငါးဆင့်ရှိပါသည်။

(၁) ရေအရင်းမြစ်ကို ကာကွယ်ထိန်းသိမ်းခြင်း

(၂) ရေကို အနယ်ထိုင်စေခြင်း

(၃) ရေကို အမှုံအမွှားအနည်များ မပါအောင် စစ်ယူခြင်း

(၄) ပိုးမွှား နှင့် ဓါတ်ပစ္စည်းများ ဖယ်ရှားခြင်း

(၅) သန့်စင်ပြီးရေကို သန့်ရှင်းစွာ သိုလှောင်ထိန်းသိမ်းခြင်း

အဆင့် (၁)(၂)(၅) တို့ကို အထူးတလည်မရှင်းလင်းတော့ပါ၊ ရေကို စစ်ခြင်းနှင့် ပိုးမွှားကင်းအောင် အလွယ်တကူ ဆောင်ရွက်နိုင်သော နည်းလမ်းများကိုသာ ရှင်းလင်းဖေါ်ပြသွားပါမည်။

ရေကိုစစ်သည့်နည်းများမှာ အများသိကြသည့်အတိုင်း ရေစစ်အဆင့်ဆင့်ဖြင့် စစ်သည့်နည်းဖြစ်ပြီး အလွယ်တကူ ရှာဖွေပြုလုပ်နိုင်ကြပြီး စစ်ရာတွင် အသုံးပြုကြသည့် ပစ္စည်းအပေါ် မူတည်၍ သန့်စင်နိုင်မှု အနည်းနှင့်အများ ကွာခြားနိုင်ပါသည်၊ လေ့လာနိုင်ရန် နည်းလမ်းအချို့ကိုဖေါ်ပြထားပါသည်။

(၁) မြေဆွဲအားဖြင့်ရေစစ်ခြင်း (Gravity Water Filter)

အလွယ်ကူဆုံးနည်းဖြစ်ပါသည်၊ လိုအပ်သလို အရွယ်အစား အကြီးအသေး ရရာပစ္စည်းများဖြင့် တည်ဆောက် နိုင်ပါသည်၊ မီးသွေး၊ ကျောက်စရစ်ခဲ၊ သဲ နှင့် ပိတ်ပါးစ စသည့် ရေစစ် အစိတ်အကျဲ သုံးဆင့်စစ်ခြင်းသာဖြစ်ပါသည်၊ အသုံးပြုမည့် မီးသွေးမှာ activated carbon ဟုခေါ်သော ဖိအား၊အပူချိန်တို့ဖြင့် ပြုပြင်ထားသော မီးသွေးတစ်မျိုး အား သုံးနိုင်လျင်အကောင်းဆုံးဖြစ်ပါသည်၊ ငါးအလှမွေးကန်များ၊ ရေသန့်စက်များတွင် အသုံးပြုကြပြီး မြန်မာနိုင်ငံ တွင် နေရာတိုင်းအလွယ်တကူ မရရှိနိုင်ပါသဖြင့် ရရာ ထင်းမီးသွေးကို သုံးရန်ဖြစ်ပါသည်။

အားနည်းချက်- ရေအနောက် ကိုစစ်ယုံသာ စစ်နိုင်သည်၊ ပိုးမွှား မဖယ်ရှားနိုင်၊ ကလိုရင်းကဲ့သို့ဆေးခတ်ခြင်း (သို့) ဆူပွက်အောင် ကြိုချက်ပြီးမှသာ သောက်သုံးသင့်သည်။

gravity-filter (2)

ပုံ-၁ မြေဆွဲအားဖြင့်ရေစစ်ခြင်း

(၂)  ဇီဝသဲရေစစ်ဖြင့်ရေစစ်ခြင်း (Biosand Water Filter)

ဇီဝသဲရေစစ် (Biosand Filter)ဆိုလို့ ရှုပ်ရှုပ်ထွေးထွေး အဆင့်မြင့်နည်းပညာလို့ မထင်စေလိုပါ၊ မူရင်းတီထွင်သူများက ပေးထားသောနံမည်သာ ဖြစ်ပါသည်၊ အလွယ်တကူရရှိနိုင်သော ပစ္စည်းများဖြင့် တည်ဆောက်နိုင်ပါသည်၊ လိုအပ်သော ပစ္စည်း ကရိယာများ ရနိုင်လျင် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ပါသည်၊ ဇီဝသဲရေစစ် (BSF) ကို ၁၉၈၀ တွင် ကနေဒါနိုင်ငံ Calgary တက္ကသိုလ်မှ Dr. David Manz ကစတင် အကြံပြုခဲ့ပြီး ရှေးနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြသည့် သဲဖြင့် ရေစစ်သည့်နည်းလမ်းကို ထပ်မံ၍ မွမ်းမံပြင်ဆင်ခဲ့သော နည်းပညာတစ်ခု ဖြစ်ပါသည်၊ ကနေဒါမှ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် CAWST မှ ထောက်ပံ့ပေးခဲ့ပြီး မဖွံ့ဖြိုးသေးသော နိုင်ငံများတွင် အောင်မြင်စွာ အကောင်အထည်ဖေါ် အသုံးပြုလျက်ရှိပါသည်။

၂-၁ ဇီဝသဲရေစစ် (Biosand Filter)ဆိုသည်မှာ

  • ရေကိုဖြည်းညှင်းစွာစစ်ခြင်းဖြစ်ပြီး ရေကိုဖြည်းညှင်းစွာ ကျဆင်းစေရန် ရေစိမ့်ကန် တစ်ခုပါရှိပြီး ရေစစ်ကန်အားအောက်တွင်ထားရှိသည်။
  • သဲရေစစ်အမျိုးအစားပင်ဖြစ်သ်ေလည်း ထူးခြားချက်မှာသဘာဝအတိုင်းဖြစ်ပေါ်လာသော ဇီဝရေစစ်လွှာ (biological activity layer) တစ်ခုအား ဖန်တီးပြီး ဘက်တီးတီးယား နှင့် ပိုးမွှားများအား (၉၀%နှင့်အထက်) ဖယ်ရှားပေးနိုင်ခြင်း ဖြစ်ပါသည်။
  • အောက်မှ အပေါ်သို့ ပြန်တပ်ဆင်ထားသော ရေပြန်ပိုက်ကြောင့် အနည်ကျမှုကို ပိုမိုကောင်းမွန်စေပါသည်။

၂-၂ ဇီဝရေစစ်ကန် တည်ဆောက်ပုံ

ပုံ-၂ ဇီဝရေစစ်ကန် ၏ တည်ဆောက်ပုံ

biosand_filter_Myanmar (1)

စံနစ်တကျတည်ဆောက်ထားသော ဇီဝရေစစ်ကန်၏ အတိုင်းအတာများကို အောက်ပါပုံတွင် တွေ့နိုင်ပါသည်၊ အချိန်ရလျင် သတ်မှတ်အတိုင်းအတာ အဆင့်များအတိုင်း တည်ဆောက်နိုင်ပြီး အရေးပေါ်အခြေအနေ ကြုံတွေ့ရလျင် ရနိုင်သ၍ ပစ္စည်းများဖြင့် ညဏ်ရှိသလို တည်ဆောက်ကြရန်ဖြစ်ပါသည်။ ပြုလုပ်နည်း အသေးစိတ် နှင့် ကိုးကား နည်းပညာ ဆိုင်ရာ လက်စွဲများအား၏ ရယူရန် ဒေါင်းလဒ်လင့်များအား နောက်ဆုံးတွင် ဖေါ်ပြပေးထားပါသည်။

biosand_filter_Myanmar (2)

ပုံ-၃ ဇီဝရေစစ်ကန် ၏ စံအတိုင်းအတာများ

၂.၃ လိုအပ်သောပစ္စည်းများ

၁. သဲ(အနုရလျင် ပိုကောင်းသည်) တစ်အိတ်ခန့်

၂. ကျောက်စရစ်ခဲ ငါးမူး နှင့် တမတ်ဆိုဒ် နှစ်ပြည်ခန့်စီ

၃. သန့်ရှင်းသော အဝတ်စ

၎. တမတ်ဆိုဒ် ရေပိုက် ၄’ ခန့် (ရေပြန်ပိုက်ပြုလုပ်ရန်)

၅. ရေစိမ့်ပြားပြုလုပ်ရန် ပလတ်စတစ်ပြား၊ ကော်ပြား၊ သွတ်ပြား (သုံးမည့် အောက်ခံပလတ်စတစ်ပုံးအား ကာမိမည့်အရွယ်အစား)

၆. ရေပုံး၊ရေအိုး × ၂ လုံး (အရှည်ရနိုင်လျင်ပိုကောင်း)

၇. ၁/၈” ဆိုဒ် စူးသွား(သို့) အိမ်ရိုက်သံ (ရေစစ်ပေါက်ဖေါက်ရန်)

အသုံးပြုမည့်သဲ သည်အရေးအကြီးဆုံး ပစ္စည်းဖြစ်သည်၊ သဲရရှိမည့် နေရာကို သေချာရွေးချယ်နိုင်လျင် ပိုကောင်းသည်၊ ပိုးမွှားကင်းစင်ပြီး သဲပွင့်အကြီးအသေး အရွယ်မျိုးစုံပါဝင်သော သဲသည် အသုံးပြုရန် အကောင်းဆုံးဖြစ်သည်။

  • ကျောက်ခွဲရာမှ ထွက်လာသော သဲ+ကျောက်အရောသည် ပိုးမွှားပါဝင်နိုင်မှု အနည်းဆုံးဖြစ်ပြီး အကောင်းဆုံးဖြစ်သည်၊ နေရာတိုင်းအလွယ်တကူ ရရှိရန် ခက်ခဲနိုင်သည်။
  • ကုန်းတွင်းသဲခေါ် သဲကုန်းသဲမြေများမှ ရရှိသော သဲသည် ဒုတိယဦးစားပေး အဖြစ် သုံးနိုင်ပါသည်၊ ပိုးမွှားပါဝင်နိုင်မှု ရှိနိုင်သည်။
  • မြစ်သဲ ခေါ် မြစ်အတွင်းမှ ရရှိသော သဲသည် တတိယဦးစားပေး အဖြစ် သုံးနိုင်ပါသည်၊ ပိုးမွှားပါဝင်နိုင်မှု ရှိနိုင်သည်၊ မြစ်ကမ်းပါးနှစ်ဖက်သဲသောင်များမှထုတ်ယူသော သဲ ကိုသာရွေးချယ် အသုံးပြုသင့်သည်၊ မြစ်လည် ရေအတွင်းမှ ထုတ်ယူစုတ်ယူသော သဲသည် လူနှင်တိရိစ္ဆာန်တို့၏ အညစ်အကြေးများမှ ပိုးမွှားများ၊ အရွက်အပင်များမှ အော်ဂဲနစ်အကြွင်းအကျန်များ ပါရှိနိုင်သည်။
  • ပင်လယ်ကမ်းစပ်မှ သဲများမှာ ဆားဓါတ်ပါဝင်ပြီး အသုံးပြုရန် မသင့်တော်ပါ။

၂.၄ ရေစိမ့်ကန် (Diffuser)

ရေစိမ့်ကန်၏ ရည်ရွယ်ချက်မှာ ရေကို ဖြည်းညှင်းစွာ ကျဆင်းစေရန် နှင့် အောက်ခဲသဲလွှာ အပေါ်တွင်ဖြစ်ပေါ်လာမည့် အနုဇီဝလွှာကို ရေကျခြင်းကြောင့် အနေအထားမပျက်စေရန် ကာကွယ်ရန် ဖြစ်ပါသည်၊ ရေဆင်းနှုံး မှန်ကန်စေရန် အပေါက်များဖေါက်ရာတွင် တိကျစေရန် အထူးဂရုပြုရပါမည်။

  • အရွယ်အစားမှာ ၁၂ လီတာ ဝင် (သို့) ပုံမှန်ရေ ပုံးတစ်ပုံးကို အသုံးပြုနိုင်ပါသည်၊ ရေစိမ့်ကန်နှင့် အောက်ခံရေစစ်ကန် သည် ပုံးရှည် တစ်ပုံးထဲဖြစ်စေ သီးခြားပုံး နှစ်ပုံးဆင့်ဖြစ်စေ အသုံးပြုနိုင်ပါသည်။
  • ရေစိမ့်ကန် ၏ အောက်ခြေတွင် ၁/၈” အရွယ် ရေစိမ့်ပေါက်လေးများအား (၁/၈” ဆိုဒ် စူးသွား(သို့) အိမ်ရိုက်သံဖြင့်) ၁” စီခွာ၍ ဖေါက်ရမည်။
  • ရေစိမ့်ကန်နှင့် အောက်ခံရေစစ်ကန် သည် ပုံးရှည် တစ်ပုံးထဲဖြစ်လျင် ရေစစ်ပြားတစ်ပြား ကြားခံရန်ဖြစ်ပြီး အသုံးပြုမည် ပလတ်စတစ်ပြား၊ ကော်ပြား၊ သွတ်ပြား အားလည်း အလားတူ ဖေါက်ပေးရန်လိုပါသည်။

diffuser2

ပုံ-၄ ရေစစ်ကန် နှင့်ရေစစ်ပြား အပေါက်အရွယ်အစား

diffuser-2

ပုံ-၅ ပလတ်စတစ်(သို့) သွတ်ပြားအား ရေစိမ့်ပေါက်ဖေါက်ထားပုံ

၂.၅ ရေစစ်ကန် (Biosand Filter)

ရေစစ်ကန် ၏ အရွယ်အစားမှာ အဝ(အလျား×အနံ) ၁’ × ၁’ ၊ ၂၈” အမြင့် ရှိသင့်ပါသည်၊ မရရှိနိုင်လျင်လည်း ရနိုင်သရွေ့ ရေပုံးအရှည်၊ ရေအိုးစသည်များ ဖြင့် ပြုလုပ်နိုင်ပါသည်၊ မူရင်းဒီဇိုင်းတွင် ကွန်ကရစ်ဖြင့် ပုံလောင်းပြီး တည်ဆောက်ထားသည်ကို တွေ့နိုင်ပါသည်၊ အိန္ဒိယနိုင်ငံမှ ဒီဇိုင်းတစ်ခုတွင် မြေအိုးများကို အသုံးပြုထားသည်ကို တွေ့နိုင်ပါသည်၊ လေ့လာနိုင်ရန် တည်ဆောက်ပြီး ရေစစ်ကန်များ အားကြည့်ရှုနိုင်ပါသည်၊ အရေးအကြီးဆုံးမှာ အနည်းဆုံးသဲထု မှာ  ၂၀” ထက်မနဲရန်ဖြစ်ပါသည်။

ရေစစ်ကန်၊ ရေစိမ့်ကန်များကို သေချာစွာ ဖုံးအုပ်ထားရမည်၊ အဖုံးသည် အသား၊သွပ်ပြား၊ပလတ်စတစ် စသည်ဖြင့် ရာသီဥတုဒါဏ် ခံနိုင်သော ပစ္စည်းများဖြင့် အသုံးပြုနိုင်သည်၊ အလင်းရောင် နေရောင် မဝင်သော ပစ္စည်းမျိုး ဖြစ်ရမည်။

biosand_filter_sample (1)

ပုံ-၆ နမူနာရေစိမ့်ကန်နှင့်ရေစစ်ကန်များ တပ်ဆင်ထားပုံ

 ၂.၆ ရေစစ်အလွှာနှင့်ရေပြန်ပိုက်

  • အသုံးပြုမည့် ကျောက်စရစ်၊ သဲစသည်တို့ကို ၁/၄”, ၁/၂” အရွယ်အစားအတိုင်း ဇကာဖြင့်တိုက်ပါ၊ (တိုက်ရန်မလွယ်ပါက လက်ဖြင့် တတ်နိုင်သရွေ့ ရွေးပါ)၊
  • သဲကိုလည်း ပန်းရန်သုံး သဲဇကာ( ၀.၇ မီလီမီတာ သို့ ၀.၀၃”, #၂၄ ဆိုဒ်ဇကာ) ဖြင့်တိုက်ပါ၊ မည်သည့်အမှိုက်သရိုက်မျှ မပါစေရန် သေချာစွာ စစ်ပါ။
  • အသုံးပြုမည့် ကျောက်စရစ်၊ သဲစသည်တို့ကို သန့်ရှင်းသောရေဖြင့် သေချာစွာဆေးပါ၊ Biosand ဇီဝရေစစ်သည် အဓိကအားဖြင့် သဲကိုအသုံးပြုခြင်းဖြစ်၍ သဲ ရေဆေးရာတွင် မှန်ကန်သော အချိန်အဆရရန် အလွန်အရေးကြီးပါသည်၊ (ရေပြောင်နေအာင်မဆေးရပါ၊ အဆေးလွန်သွားလျင် ရေမစစ်နိုင်တော့ပဲ အသုံးပြုမရတော့ပါ)၊ ရေတစ်ကြိမ်ဆေးပြီးတိုင်း ဖန်ပုလင်းတစ်လုံးတွင် သဲ+ရေ ဆတူထဲ့ပြီး လှုပ်ပါ၊ အလှုပ်ရပ်ပြီးလျင် စားပွဲပေါ်တင်ပြီးကြည့်ပါ၊ ၃~၄ စက္ကန့်အတွင်း ရေအောက်ခြေ သဲထုကို မြင်နိုင်လျင် ရပ်ပါ။ ပုံ-၇ တွင်ပြထားပါသည်။

biosand_sand-test

ပုံ-၇ သဲကိုရေဆေးပြီးအနေအထားစစ်ဆေးပုံ

  • ရေဆေးပြီး သဲ၊ ကျောက်များကို အခြောက်ခံပါ (ရေစစ်အား ပထမဆုံးတပ်ဆင်အသုံးပြုသည့် အချိန်တွင် ရေစစ်နှုံးချိန်ညှိသည့် အချိန်တွင် ရေခြောက်နေမှ မှန်ကန်ပါမည်၊ နေလှန်းခြင်းသည် အသုံးပြုပစ္စည်းများ ပိုးမွှားကင်းအောင် အကူအညီပေးသည်။)
  • ရေတစ်ပုံးကို ကျောက်၊သဲများ မစီထဲ့ခင် အရင်လောင်းထည့်ပါ။
  • ပုံ(၈) ပါအတိုင်း ကျောက်စရစ်ကြီး၊သေး၊ သဲ၊ ရေပိုက် တို့ကို တစ်လွှာခြင်းခင်းပါ၊ ညီအောင်ညှိပေးပါ။

biosand_filter_Myanmar (3)

ပုံ- ၈ ရေစစ်လွှာများနှင့် ရေပြန်ပိုက်တပ်ဆင်ပုံ

  • ရေပြန်ပိုက်ကို ရေအလွှာပါးနှင့် မျက်နှာပြင်ညီအောင် ပုံ(၉) ပါအတိုင်းတပ်ဆင်ပါ၊ (ရေထွက်နိုင်ရန် ဆိုင်ဖွန် siphon effect ရရန်ဖြစ်ပါသည်)
  • ရေပိုက်အား အတွင်းမှဖြစ်စေ အပြင်မှဖြစ်စေ တပ်ဆင်နိုင်ပါသည်၊ ပိုက်အရွယ်အစား(အတွင်းဆိုဒ် ၁/၄” ပလတ်စတစ်ပိုက်၊ ကြေးပိုက်) နှင့်         အနေအထားသာ အရေးကြီးပါသည်။

biosand_pipe_location

ပုံ-၉ ရေပြန်ပိုက် (သို့) ရေထွက်ပိုက်တပ်ဆင်ပုံ

၂.၇ ချိန်ညှိခြင်း

  • နောက်ထပ် ရေတစ်ပုံးထပ်လောင်းထဲ့ပါ၊ ရေဖြည်းဖြည်းခြင်းစိမ့်သွားပြီး (၄၅မိနစ်မှ ၁နာရီခန့်အကြာ) ရေပြန်ပိုက်မှ ရေများထွက်လာမည်၊
  • ရေကျခြင့်းရပ်သွားလျင် သဲထု နှင့် အပေါ်ဆုံးရေလွှာအမြင့်မှာ ၂” ရှိရပါမည်၊ မရှိလျင် ပိုက်အနေအထား သဲအမြင့်တို့ကို သေချာစွာ ပြန်လည်ချိန်ညှိပါ (ဤအဆင့်သည် အရေးကြီးပါသည်၊ ရက်အနည်းငယ်ကြာလျင် သဲထု အပေါ်ဆုံးတွင် လူကိုအန္တရယ်မပြုသော၊ ရေထဲမှ အန္တရယ်ရှိပိုးမွှားများကို တားဆီးနိုင်သော အနုဇီဝအလွှာ (schmutzdecke or biolayer) တစ်ခု ပေါက်ပွားလာမည်ဖြစ်ပြီး ရေလွှာ အမြင့်သည် မှန်ကန်မှသာ ထိုအလွှာဖြစ်ပေါ်မှုကို ထောက်ပံ့ထိန်းသိမ်း နိုင်မည်ဖြစ်ပါသည်)။
  • ရေထွက်ပေါက်မှ ရေဆင်းနှုံးကို ရေသန့်ဗူးသေး တစ်ဗူးဖြင့်တိုင်းတာပါ၊ ပုံမှန် ရေသန့်ဗူး တစ်ဗူးသည် ၁ လီတာရှိပြီး ရေစစ်နှုံးသည် ပုံမှန်အားဖြင့် ၄၀၀ မီလီလီတာ/မိနစ် (၁၀၀၀ မီလီလီတာ = ၁ လီတာ) ရှိပြီး ရေသန်ဗူးပြည့်ရန် ၂ မိနစ် ၃၀ စက္ကန့် ခန့်ကြာပါလိမ့်မည်။
  • ရေစစ်နှုံး သည် ၃ မိနစ်ခွဲထက် ပိုကြာပါက အသုံးပြုသည့် သဲသည် လိုအပ်သလောက်ဆေးထားခြင်း မရှိ၍ သဲအလွှာ ကိုပြန်လည်ဆေးရန် လိုအပ်ပါသည်။
  • ရေစစ်နှုံး သည် ၂ မိနစ် ၁၀ စက္ကန့်ထက် ပိုမြန်နေပါက အသုံးပြုသည့် သဲသည် လိုအပ်သည်ထက် ဆေးထားမိပြီး သဲအလွှာ ကို လဲလှယ်ရန် လိုအပ်ပါသည်။

biosand-checking-flow

ပုံ ၁၀ ရေစစ်နှုံးစစ်ဆေးပုံ

စတင်အသုံးမပြုမှီ

  • စတင်အသုံးပြုလျင် ရေ ၁ ပုံးကို ဦးစွာထည့်စစ်ပါ၊ အထွက်ပိုက်မှ ရေထွက်ခြင်း ရပ်သွားလျင်
  • နောက်တစ်ပုံးထည့်၍ စစ်ပါ၊ ရေ ၁၀ ပုံးခန့်ကို စစ်ထုတ်ပြီး          အထွက်ရေ ကြည်လာသည်အထိ စစ်ထည့်ပါ၊

၂.၈ ရေစစ်အလုပ်လုပ်ပုံ

ပိုးမွှားများအားဖမ်းယူဖယ်ရှားခြင်း (Mechanical Trapping and Stick in Sand Filter)

  • အချို့သော ပိုးမွှားများနှင့် အညစ်အကြေးများ အရွယ်အစားမှာ သဲထုအတွင်း ဖြတ်သန်းမသွားနိုင်ပဲ စစ်ထုတ်ထားနိုင်သည်။

ပိုးမွှားများအားသဘာဝအတိုင်း အခြင်းခြင်း ဖမ်းယူဖယ်ရှားစေခြင်း (Predation)

  • အနုဇီဝအလွှာ (biolayer) အတွင်းတွင် အချို့ပိုးမွှားများသည် အခြင်းခြင်း သဘာဝအတိုင်း ဖမ်းယူစားသောက်စေခြင်းဖြင့် စစ်ထုတ်ထားနိုင်သည်။

ပိုးမွှားများအားသဘာဝအတိုင်းသေဆုံးစေခြင်း (Nautral Death)

  • အချို့သော ပိုးမွှားများသည် ရေစစ်အတွင်း အစာရေစာ၊ အလင်းရောင် နှင့် အောက်ဆီဂျင် ပြတ်တောက်ပြီး သဘာဝအတိုင်းသေဆုံးစေခြင်းဖြင့် စစ်ထုတ်ထားနိုင်သည်။

အနုဇီဝအလွှာ (schmutzdecke or biolayer) ဖြစ်ပေါ်ခြင်း

  • စတင်အသုံးပြုပြီး ရက်အနည်းငယ်ကြာလျင် သဲထု အပေါ်ဆုံးတွင် လူကိုအန္တရယ်မပြုသော၊ ရေထဲမှ အန္တရယ်ရှိပိုးမွှားများကို တားဆီးနိုင်သော အနုဇီဝအလွှာ (schmutzdecke or biolayer) တစ်ခု ပေါက်ပွားလာမည်ဖြစ်ပါသည်။
  • အနုဇီဝအလွှာ ဖြစ်ပေါ်ရန် စတင်အသုံးပြုသည်မှ ၁၀~၃၀ ရက်ထိကြာပါသည်၊ ထို့ကြောင့် ပထမဆုံး စတင်အသုံးပြုသည့် ရက်အနည်းငယ်အတွင်း ရေသန့်စစ်စစ်ရဦးမည် မဟုတ်ပါ၊ (ကလိုရင်းခတ်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်)။
  • ဤ အနုဇီဝအလွှာအား မျက်စိဖြင့် မမြင်နိုင်ပါ၊ သဲထုအပေါ်ဆုံးရှိ အစိမ်းရောင် အလွှာပါးမှာ အနုဇီဝအလွှာ မဟုတ်ပါ။
  • ကောင်းမွန်သော ဇီဝအလွှာသည် အန္တရယ်ရှိပိုးမွှားများကို (pathogens, bacteria) ၉၉% တားဆီးနိုင်စွမ်း ရှိပါသည်၊ (ဤအလွှာ ကောင်းစွာမဖြစ်လျင်လည်း အမှုံအမွှား များနှင့် အချို့သော ပိုးမွှားများကို ၃၀~၇၀% ထိဖယ်ရှားနိုင်စွမ်းရှိပါသေးသည်)။

၂.၉ နေ့စဉ်အသုံးပြုပုံ

အသုံးပြုရန်ရေအရင်းအမြစ်

  • ဖြစ်နိုင်သရွေ့ အရောင်အဆင်းကင်းမဲ့ ကောင်းမွန်သော ရေအရင်းအမြစ်ကို အသုံးပြုပါ၊ ဇီဝသဲရေစစ် (Biosand Filter) သည် ရေ၏ အရောင်ကို ရာနှုံးပြည့် ဖယ်ရှားနိုင်မည် မဟုတ်ပါ၊ ဤရေစစ်၏ ရည်ရွယ်ချက် သည် အမှုံ နှင့် အန္တရယ်ရှိပိုးမွှားများကို ဖယ်ရှားရန် ဖြစ်ပါသည်၊ အနယ်ကျရန် မဟုတ်ပါ။
  • အနယ်အနှစ်များပါသောရေကို မသန့်စင်မှီ အနယ်ထိုင်အောင် ထားပြီးမှ စစ်ပါ၊ အနယ်များလွန်းသော ရေကို သုံးလျင် ရေစစ်များအား ပုံမှန် ထိန်းသိမ်းသန့်ရှင်းပေးရန် လိုအပ်ပါသည်၊

ရေကိုအနယ်ကျစေခြင်း (Sedimenting) ဖြင့် အမှိုက်သရိုက်၊ အမှုံအမွှားများ နှင့် ပိုးမွှားအချို့အား (၅၀%ခန့်) ပထမအဆင့် ဖယ်ရှားပေးနိုင်သည်။

  • ကလိုရင်းခတ်ထားပြီးသောရေကို ရေစစ်ထဲမထည့်ပါနှင့်၊ ကလိုရင်းသည် ဇီဝအလွှာကို ပျက်စီးစေပါလိမ့်မည်။
  • တစ်မျိုးထဲသော ရေအရင်းအမြစ်ကိုသာ အသုံးပြုပါ၊ ရေစစ်၏သန့်စင်နိုင်စွမ်းသည် သုံးစွဲချိန်နှင့်အမျှ တက်လာပါမည်၊ ရေအရင်းအမြစ်ပြောင်းသွားပါက ရေစစ်၏သန့်စင်နိုင်စွမ်းပြောင်းသွားပြီး တဖန်ပြန်၍ အချိန်ယူရပါလိမ့်မည်။

အနုဇီဝအလွှာနှင့်အနားပေးချိန် (Biolayer and Pause Period)

  • အနုဇီဝအလွှာ၏ စွမ်းဆောင်နိုင်ရည်၊ ပိုးမွှားဖယ်ရှားနိုင်စွမ်း စစ်ထုတ်နိုင်စွမ်းမှာ ရေစစ်ကို တကြိမ်စစ်ပြီးတိုင်း တကြိမ်အနားပေးခြင်းဖြစ်ပါသည်၊ ထို့ကြောင့် ရေစစ်အသုံးပြုပုံကို ကောင်းစွာ သဘောပေါက်ပါမှ ရေစစ်၏ စွမ်းဆောင်နိုင်ရည် ပိုးမွှားဖယ်ရှားနိုင်စွမ်း အကောင်းဆုံးရရှိမည် ဖြစ်ပါသည်။
  • အနားပေးချိန်မှာ အနည်းဆုံး ၁ နာရီမှ အများဆုံး ၄၈ နာရီ ဖြစ်ပါသည်၊ ရေတစ်ပုံးစစ်ပြီးတိုင်း အနည်းဆုံး ၁ နာရီအတွင်း နောက်တစ်ပုံးမထဲ့ရန်နှင့် အများဆုံး ၄၈ နာရီမတိုင်မှီ နောက်တစ်ပုံး ထည့်ပေးရန်ဖြစ်ပါသည်။
  • ရေတစ်ပုံးနှင့် တစ်ပုံး တနာရီထက်နီးကပ်လျင် အနုဇီဝအလွှာတွင်းမှ ပိုးမွှားများသည် သန့်စင်မည့်ရေမှ ပိုးမွှားများအား ဖမ်းယူစားသောက်မည်မဟုတ်ပါ၊ ၄၈ နာရီကျော်သွားလျင်လည်း အနုဇီဝအလွှာတွင်းမှ ပိုးမွှားများအများစု အစာရေစာပြတ်လတ်ပြီး သေဆုံးသွားကာ အလွှာ၏အလုပ်လုပ်မှုကို ထိခိုက်စေပါသည်၊ အနုဇီဝအလွှာ ပြန်လည်ဖြစ်ပေါ်စေရန် ရက်အနည်းငယ်ထပ်မံ၍ ကြာပါလိမ့်မည်။
  • ရေစစ်အား အသုံးမပြုပဲ အချိန်ကြာမြင်စွာ မထားသင့်ပါ၊ တရက်လျင် နှစ်ကြိမ်ခန့် ပုံမှန်အသုံးပြုသင့် ပါသည်။

၂.၁၀ ဇီဝသဲရေစစ် (Biosand Filter) အားထိန်းသိမ်းသန့်စင်ခြင်း

ဇီဝသဲရေစစ် (BSF) ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း စစ်ဆေးရန် အချက်(၈)ချက် (8 Operating Parameters) ရှိပါသည်။

၁. ရေစစ်အား တပ်ဆင်အသုံးပြုရက်မှာ ရက် ၃၀ ကျော်လွန်ခြင်း

၂. တစ်ရက်လျင် တစ်ကြိမ် မှန်မှန် အသုံးပြုခြင်း၊ တစ်ကြိမ်ကျော်လျင် အနားပေးချိန် မှန်ကန်ခြင်း

၃. ရေစစ်တွင် ထည့်သောရေအား မထည့်ခင် အနည်ထိုင်စေပြီးမှ စစ်ခြင်း

၎. ရေစစ်ကန်၊ ရေစိမ့်ကန်များ မကွဲမအက်၊ ကောင်းမွန်စွာ ရှိခြင်း

၅. ရေစိမ့်ကန်၊ ရေစစ်ပြား များ မကွဲမအက်၊ ကောင်းမွန်စွာ ရှိခြင်း

၆. ရေစစ်ပြီးချိန်တွင် သဲလွှာအထက် တင်ကျန်ခဲ့သော ရေအလွှာမှာ ၂” ရှိခြင်း

၇. သဲလွှာအထက်မျက်နှာပြင်မှာ အချိုင့်အပေါက်များ မရှိပဲ ညီညာနေခြင်း

၈. ရေစစ်နှုံးမှာ တစ်မိနစ်လျင် ၄၀၀ မီလီလီတာ နှင့်အောက်သာ ရှိခြင်း

ဤအချက်(၈)ချက် ပြည့်စုံလျင် ရေစစ်သည် ကောင်းမွန်စွာ အလုပ်လုပ်နေသည်။

၁) ရေစိမ့်ကန်၊ ရေစိမ့်ပြားတို့ကို တစ်ပါတ်လျင်တစ်ကြိမ် ဆပ်ပြာရေဖြင့် ဆေးကြောပေးသင့်သည်၊ စစ်ပြီးရေသန့်ကို သုံးရန်မလိုပါ၊ ရနိုင်သ၍ ရေကြည်ဖြင့်သာဆေးနိုင်ပါသည်။

၂) ရေထွက်ပိုက် ကို လည်း တစ်ပါတ်လျင်တစ်ကြိမ် စစ်ပြီးရေသန့်၊ ဆပ်ပြာရေတို့ဖြင့် ဆေးကြော ပေးသင့်သည်၊

ရေအထွက်နှုံး အလွန်နှေးလာလျင် (Swirl and Dump)

ရေထွက်နှုံးနှေးလာခြင်းမှာ သဲရေစစ်အပေါ်ဆုံးရှိ အနုဇီဝအလွှာထူလာခြင်းနှင့် အနည်ပါသောရေညစ်၊ ရေဝါများကို နေ့စဉ်စစ်ခြင်းကြောင့်ဖြစ်ပါသည်၊ သတိပြုရန်အချက်မှာ သဲလွှာပေါ်ရှိ သာမန်မျက်စိနှင့် ကြည့်လျင် မြင်ရသော အညစ်အကြေးလွှာထဲတွင် အနုဇီဝအလွှာ ရှိနေပြီး ရေစစ်နှုံးနှေးလာလေ ရေစစ်၏ စွမ်းဆောင်နိုင်ရည် ပိုးမွှားဖယ်ရှားနိုင်စွမ်း အကောင်းဆုံးရှိလေ ဖြစ်ပါသည်၊ ထို့ကြောင့် ရေထွက်နှုံး အလွန်နှေးလာမှသာ ဤအဆင့်ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

Biosand_Filter(maintenance) (6)

၁) ရေစိမ့်ကန်၊ ရေစိမ့်ပြားကိုဖယ်ပါ။

Biosand_Filter(maintenance) (7)

၂) ရေစစ်ကန်ထဲသို့ ရေအပြည့်ဖြည့်ပါ။

Biosand_Filter(maintenance) (2)

၃) အပေါ်ယံသဲအလွှာပြင်ကို လက်ဖြင့်မွှေပါ၊ အပေါ်အောက်လှန်ခြင်း လက်ဖြင့်ထိုးဆွခြင်းမလုပ်ပါနှင့်၊ အပေါ်ယံအနယ်ပြင်ကိုသာ အနာယ်ထအောင် ရှပ်မွှေပါ။

Biosand_Filter(maintenance) (3)

၎) ရေနောက်များ ကိုခွက်သေးတစ်ခွက်ဖြင့် ခတ်ထုတ်ပြီးသွန်ပါ။

Biosand_Filter(maintenance) (4)

၅) သဲပြင်ကို ညီအောင်ညှိပါ။

Biosand_Filter(maintenance) (5)Biosand_Filter(maintenance) (1)

၆) ရေစစ်ပြား၊ကန် ကို ဆေးပြီးပြန်တပ်ပါ။

၇) ရေတစ်ပုံးထည့်ပြီး ပုံမှန်အတိုင်းရေစစ်ကာ ရေစစ်နှုံးကိုကြည့်ပါ။

၈) ရေစစ်နှုံး မမြန်သေးလျင် နောက်တစ်ကြိမ်ထပ်လုပ်ပါ။

Biosand_Filter(maintenance) (8)

၉) ရေစစ်နှုံး မြန်သွားလျင် လက်ကို ဆပ်ပြာ၊ ရေသန့်ဖြင့် သေချာဆေးပါ။

biosand_biolayer_maintenance

ပုံ-၁၁ သဲလွှာပေါ်ရှိ အညစ်အကြေးလွှာ မွှေပြီးသွန်ပုံ

(၃)  ဇီဝသဲရေစစ် (Biosand Filter) ၏ စစ်ဆေးတွေ့ရှိချက်များ၊ ရလာဒ်များ

  • ဇီဝသဲရေစစ် (Biosand Filter) ၏ စွမ်းဆောင်နိုင်ရည်၊ ပိုးမွှားဖယ်ရှားနိုင်စွမ်း စစ်ထုတ်နိုင်စွမ်းမှာ ရေစစ်ကို တည်ဆောက်မှု၊ တပ်ဆင်မှု ၊ နည်းလမ်းတကျ အသုံးပြုမှုအပေါ် များစွာမူတည်ပါသည်။
  • ဇီဝသဲရေစစ် (Biosand Filter)သည် မှန်ကန်စွာ တည်ဆောက်အသုံးပြုလျင် ကပ်ပါးကောင်နှင့် သံကောင်၊ တုတ်ကောင် (protozoa and worms) များကို ၁၀၀% ဖယ်ရှားနိုင်ပါသည်။
  • ဇီဝသဲရေစစ် (Biosand Filter)သည် မှန်ကန်စွာ တည်ဆောက်အသုံးပြုလျင် ပိုးမွှား (bacteria) များကို ၉၈% ဖယ်ရှားနိုင်ပါသည်။
  • ဇီဝသဲရေစစ် (Biosand Filter)သည် မှန်ကန်စွာ တည်ဆောက်အသုံးပြုလျင် အန္တရယ်ရှိပိုးမွှား (virus) များကို ၇၀% ဖယ်ရှားနိုင်ပါသည်။
  • သံဓါတ်ပါဝင်မှုအားလည်း ၉၀~၉၅% ထိဖယ်ရှားနိုင်ပါသည်။

ဇယား(၁) တွင် ဓါတ်ခွဲခန်းစမ်းသတ်ခြင်းနှင့် လက်တွေ့ကွင်းဆင်း စမ်းသတ်ခြင်းများ၏ ရလာဒ်များကို မြင်တွေ့နိုင်ပါသည်။

Bacteria Viruses Protozoa Helminths Turbidity Iron
ဓါတ်ခွဲခန်းတွင်

စမ်းသတ်ခြင်း

Up to

98.5%

70 to

>99%

 

>99.9%5 Up to 100%6 95% <1 Not available
လက်တွေ့ကွင်းဆင်း     စမ်းသတ်ခြင်း 87.9 to 98.5% Not available Not available Up to 100%6 85% 90-95%

၃.၁  ဇီဝသဲရေစစ် (Biosand Filter) ၏ အားနည်းချက်များ

  • WHO (World Health Origination) ၏ သန့်စင်သော သောက်ရေသတ်မှတ်ချက်မှာ ၁၀၀% ပိုးမွှားကင်းစင်ရမည် ဖြစ်ပါသည်၊ စိတ်ချရသော ရေသန့်ဖြစ်ရန် ဇီဝသဲရေစစ်ဖြင့် စစ်ပြီးရေအား ထပ်မံပိုးမွှားသတ်ရန် (Disinfect) လိုအပ်ပါသည်၊ ကလိုရင်းဆေးခပ်ခြင်း၊ ဆူပွက်အောင်ကြိုချက်ခြင်း၊ SODIS (နောက်တစ်ပိုင်းတွင် အသေးစိတ်ရေးပါမည်) နည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။
  • အော်ဂဲနစ်ဓါတ်ပေါင်းများ၊ ဓါတုပစ္စည်းများ၏ ရေတွင်ပျော်ဝင်မှု၊ ရေစေးခြင်း တို့ကို ဖယ်ရှားနိုင်ခြင်းမရှိပါ။

(၄) အကြံပြုချက်

ဤ ဇီဝသဲရေစစ်၏ ထူးခြားချက်မှာ မှန်ကန်စွာ တည်ဆောက်မှု နှင့် မှန်ကန်စွာ အသုံးပြုမှု အပေါ်တွင် များစွာ မူတည်ပါသည်၊ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ မူရင်းစံနစ်တကျတည်ဆောက်မှု နည်းလမ်းများကို မြန်မာ ဘာသာဖြင့် ရှင်းလင်းစွာတင်ပြလိုရင်း ဖြစ်သဖြင့် အချို့သော နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက် များကို ချန်လှပ်ထားခဲ့ပါသည်။

မူရင်းလမ်းညွှန်များတွင် အတိအကျတစ်ဆင့်ခြင်းတည်ဆောက်နည်း၊ အသေးစိတ်အချက်အလက်များ၊ နည်းပညာ ဆိုင်ရာ မှတ်တမ်းများ၊ ဆာဗေးအချက်အလက်များ၊ စံနစ်တကျမှတ်တမ်းယူနည်း များကို အသေးစိတ်ရှင်းလင်းထား၍ မဖြစ်မနေ လေ့လာကြည့်ရှုကြပါရန် နှင့် မိမိတို့ရေမြေ သဘာဝနှင့် ကိုက်ညီသော နည်းလမ်းများကို ပိုမိုဖေါ်ထုတ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

လက်တွေ့အသုံးချနေသူ တည်ဆောက်သူများမှလည်း မိမိတို့၏ တွေ့ရှိချက်များ ကို ပြန်လည်မျှဝေ ကြပါရန်နှင့် နားလည်တတ်ကျွမ်းသူများ၊ လေ့လာသူများမှ နည်းလမ်းများကို အကြံပြုပြသရှင်းလင်းပေးကြပါရန်၊ တက္ကသိုလ်ကောလိတ်များမှ ကျောင်းသား/သူများ၊ Researcher များအနေနှင့်လည်း Field တစ်ခုအနေနှင့် ဆောင်ရွက်နိုင်ပါရန် (မူရင်းနည်းပညာမှာ တက္ကသိုလ်တစ်ခု၏ research ဖြစ်ပါသည်)  မေတ္တာရပ်ခံလိုပါသည်။

အပိုင်း(၂) တွင် လွယ်ကူစွာ ပိုးမွှားသတ် (Disinfect) လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရေးသားပါမည်။

ဤလမ်းညွှန်အား Download ရယူရန် Biosand Filter in Myanmar v1,1 download link

(၅) ကိုးကားစာရင်း

မူရင်းနည်းပညာလမ်းညွှန်၊ လက်စွဲများ Download ရယူရန်

က) ဇီဝသဲရေစစ်အသုံးပြုမှုဆိုင်ရာလက်စွဲ (Biosand Filter Manual)

https://drive.google.com/open?id=0B-oBd9HKASuSTnpPMEprbGxNbEE

ခ) ဇီဝသဲရေစစ်တည်ဆောက်မှုဆိုင်ရာလမ်းညွှန် (Biosand Filter Construction Manual)

https://drive.google.com/open?id=0B-oBd9HKASuSTnpPMEprbGxNbEE

ဂ) ဇီဝသဲရေစစ်နည်းပညာဆိုင်ရာလမ်းညွှန် (Biosand Filter For Technicians)

https://drive.google.com/open?id=0B-oBd9HKASuSTnpPMEprbGxNbEE

  1. https://en.wikipedia.org/wiki/Biosand_filter
  2. http://www.reuk.co.uk/Sand-Filters-for-Greywater.htm
  3. http://www.reuk.co.uk/Disinfecting-Greywater.htm
  4. http://www.cawst.org/resources/biosand-filter
  5. http://www.biosandfilters.info/
  6. http://www.biosandfilters.info/faq/when-designing-non-standard-biosand-filter-eg-pvc-or-plastic-what-more-important-height-or
  7. http://www.who.int/water_sanitation_health/dwq/gdwq3rev/en/
  8. http://www.instructables.com/id/Biosand-Filter/?ALLSTEPS

————————————————————————————————–

Appendix-A

ဆင့်ပွားလိုင်စင်(License)

2015-08-17_105330

Biosand Filter for Community Driven Development Project by Oak Kar (oakkar7.wordpress.com) is licensed under a

Creative Commons Attribution 3.0 Unported License . To view a copy of this  license, visit

http://creativecommons.org/licenses/by/3.0/

This work and document are based on a work at www.cawst.org. the original document version can be found at,

http://www.cawst.org/es/resources/biosand-filter

You are free to:

  • Share – to copy, distribute and transmit this document
  • Remix to adapt this document

Under the following conditions:

  • You must give credit to CAWST as the original source of this document (but not in any way that suggests that CAWST endorses you or your use of this document).

Credited to –

  • All photos and images owners which used in this document

————————————————————————————————–

Appendix-B

မူလလိုင်စင်

2015-08-17_105318

12, 2916 – 5th Avenue, Calgary, Alberta, T2A 6K4, Canada

phone: + 1 403.243.3285 ▪ fax : + 1 403.243.6199

email: cawst@cawst.org ▪ website: http://www.cawst.org

CAWST is a Canadian non-profit organization focused on the principle that clean water changes lives. Safe water and basic sanitation are fundamentals necessary to empower the world’s poorest people and break the cycle of poverty. CAWST believes that the place to start is to teach people the skills they need to have safe water in their homes. CAWST transfers knowledge and skills to organizations and individuals in developing countries through education, training and consulting services. This ever expanding network can motivate individual households to take action to meet their own water and sanitation needs.

One of CAWST’s core strategies is to make knowledge about water common knowledge. This

is achieved, in part, by developing and freely distributing education materials with the intent of increasing its availability to those who need it most.

This document is open content and licensed under the Creative Commons Attribution Works

3.0 Unported License. To view a copy of this license, visit

http://creativecommons.org/licenses/by/3.0/ or send a letter to Creative Commons, 171

Second Street, Suite 300, San Francisco, California 94105, USA.

You are free to:

  • Share – to copy, distribute and transmit this document
  • Remix to adapt this document

Under the following conditions:

  • Attribution. You must give credit to CAWST as the original source of this document (but not in any way that suggests that CAWST endorses you or your use of this document).

CAWST and its directors, employees, contractors, and volunteers do not assume any responsibility for and make no warranty with respect to the results that may be obtained from the use of the information provided.

Under ideal circumstances, the biosand filter can produce high quality drinking water. However, this cannot always be assured or guaranteed due to variations in the construction, installation, operation and maintenance of the filter. CAWST shall not be liable to anyone whatsoever for any damage resulting from reliance on any information provided in this document or attachments thereto. This also applies to the consumption of water from the biosand filter. It should also be noted that the biosand filter cannot be upon to remove certain or all forms of water contamination.

TBP-AFK, The Pirate Bay Away From Keyboard Documentary Film

The Pirate Bay(TPB) ဆိုတာ အင်တာနက်ပေါ်မှာ P2P file sharing service နဲ့ နာမည်ကြီးတဲ့ web service site တစ်ခုပါ၊ 2001 ခုနှစ်မှာ Anti-Copy Right အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ The Piracy Bureau ကနေတည်ထောင်ပါတယ်၊ စကထဲက သူတို့အဖွဲ့ ရည်ရွယ်ချက် နဲ့ ဖလော်ဆော်ဖီက အဆန်းပါပဲ။ Service စတင်ပြီး အင်တာနက်ပေါ်မှာ လိုင်စင်မဲ့ software, movie စတာတွေကို ဝေငှဖြန့်ဖြူးသူ တွေအတွက် တရှိန်ထိုး နာမည် ကြီးလာပါတယ်။

မေ 2006 မှာ TPB ရဲ့ web hosting ဖြစ်တဲ့  PRQ ရုံးကို ဆွီဒင်ရဲတပ်ဖွဲ့ကနေ ဝင်ရောက်စီးနင်းခဲ့ပါတယ်၊ PRQ ဟာ TPB ရဲ့ host ISP တစ်ခုဖြစ်ပြီး TPB ရဲ့ founder နှစ်ဦးကပဲတည်ထောင်ခဲ့တာပါ၊ (Documentray မှာတော့ wikileak ကိုလဲ နောက်ပိုင်းမှာ host လုပ်ပေးခဲ့တာတွေ့ပါတယ်)   website ဟာ ၃ ရက်ကြာဒေါင်းသွားပြီး ပြန်တက်လာပါတယ်၊ ဒီစီးနင်းမှုဟာ MPAA(Motion Picture Association of America) ရဲ့ ဖိအားပေးမှုကြောင့် လို့ဆိုပါတယ်၊ ဒီအမှုမှာ ထောက်ခံသူတွေဖက်ကရော တရားစွဲတဲ့ ကုမ္ပဏီတွေဖက်ကပါ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်၊

 2009 မှာ ဒီ site founder တွေဖြစ်တဲ့ Peter Sunde, Fredrik Neij, Gottfrid Svartholm နဲ့ Carl Lundström တို့ကို Sweden တရားရုံးကနေ copyright law နဲ့ ထောင်ဒဏ် တနှစ်နဲ့ ဒေါ်လာ ၃.၅ သန်း နဲ့ ညီမျှတဲ့ ဒဏ်ငွေကို ချမှတ်ခဲ့ပါတယ်၊ ပြစ်ချက်ကတော့ အခြားသူတွေကို မူပိုင်ခွင့် ဥပဒေကို ကျူးလွန်ဖို့ အားပေးအားမြှောက် ပြုတယ်လို့ ဆိုပါတယ်။

  စိတ်ဝင်စားတာက သူ့တို့ရဲ့ service, အမှုကိစ္စတွေမဟုတ်ပါဘူး၊ အင်တာနက်လောက မှာ P2P network တွေတခေတ်ဆန်းစေခဲ့တဲ့ Giant Media တွေကို ကိုင်လှုပ်ခဲ့တဲ့ ကုမ္ပဏီအဖွဲ့ရဲ့ technology backend ပါ၊ တခြား Google, Facebook တို့လို ဟဲဗီးဝိတ် Data Center ကြီတွေရဲ့ ရာထောင်ချီတဲ့ servers တွေနဲ့ high end technology တွေကိုတွေ့ခဲ့ရပြီးပါပြီ၊ TPB ရဲ့ နက်ဝပ်မှာ ဒီလိုတန်ဖိုးကြီး ပစ္စည်းတွေမပါပါဘူး၊ linux server တွေနဲ့ open source, customized software တွေနဲ့ပဲ တည်ဆောက်ထားတာပါ၊ ပုံမှန်အားဖြင့် shared file တွေကို local server တွေမှာ ထားလေ့မရှိကြပါဘူး၊ ဒါပေမယ့် shared link information ကိုပဲ request လုပ်ရင်တောင် user သန်းချီလာရင် ပုံမှန် webserver တွေမှာ DOS attack လို stress ရနိုင်ပါတယ်၊ 2008 မှတ်တမ်းအရ server 31 လုံး၊ 9 web front (web server for user access)၊ 8 bittorrent tracker ရှိတယ်လို့ ပြောထားပါတယ်၊ နောက်ပိုင်းမှာ law enforcement pressure နဲ့ site ကိုပိတ်တာ ကျော်လွှားဖို့အတွက်ရော recovery plan အတွက်ရော Cloud နဲ့ decentralized network ကိုပြောင်းလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့အပါတ်က “TPB AFK: The Pirate Bay Away From Keyboard “ Documentary ကို ဖြန့်ချီထားပါတယ်၊ အင်တာနက်ကနေ fun ရှာပြီးရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး IT, internet, copy right စတာတွေကို စိတ်ဝင်စားရင် youtube ကနေရော HD format download နဲ့ရော ကြည့်နိုင်ပါတယ်။

Oak Kar

https://oakkar7.wordpress.com/

Reference:

http://watch.tpbafk.tv/

http://en.wikipedia.org/wiki/The_Pirate_Bay

http://en.wikipedia.org/wiki/The_Pirate_Bay_raid

http://www.youtube.com/watch?v=eTOKXCEwo_8&feature=youtu.be

http://www.geek.com/articles/news/the-pirate-bay-runs-on-2500-watts-and-500gb-of-storage-20121022/

Google Chromebook and Chrome OS

Google ဟာ Operating System တစ်ခုကို develop လုပ်နေတယ်လို့ သတင်းထွက်နေတာ ကြာပါပြီ၊ ဒါဟာ Microsoft လို Core OS ထုတ်လုပ်သူတွေအတွက်တော့ သတင်းကောင်း မဟုတ်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ 2009 September က  Google ကနေ Chrome OS ကိုစတင်ကြေညာခဲ့ပါတယ်၊ 2010 မှာ သုံးစွဲသူလက်ကို အရောက်ပို့မယ်လို့ ဆိုလာပါတယ်၊သတင်းထွက်လာထဲက နည်းပညာလောကမှာ ရိုက်ခတ်ခဲ့ပါတယ်၊ အရင်ကထဲက Google ဟာ သူ့ရဲ့နာမည်ကျော် Gtalk, Gmail, Google Documents, Reader စတဲ့ applications တွေကို တစ်စုတစည်းထဲပေါင်းပြီး ready made applications package suit တစ်ခုဖြစ်အောင်ပြင်လာခဲ့တာ ကြာပါပြီ၊ အင်တာနက်ကို ဝင်ပြီးတာနဲ့ Google ကိုသွား Login လုပ်ပြီးရင် ရှိတဲ့ဆားဗစ်တွေ အားလုံးကို သုံးနိုင်အောင်လုပ်နေခဲ့တာပါ၊

ပြီးခဲ့တဲ့ 2010 မှာ Google ရဲ့ Chrome Operating System Demo ဟာ ပထမဆုံးအကြိမ် အားလုံးရှေ့မှာ ပေါ်လာပါတယ်၊ အရင်ကထင်ထားသလို OS တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ Chrome ဟာ Cloud OS တနည်းအားဖြင့် Web Based OS တစ်ခုပါ၊ ရှင်းအောင်ပြောရရင် InterNet ကို ချတ်ဆက်ထားမှာသာ Chrome ကို အပြည့်အဝ သုံးလို့ရမှာပါ၊

ဒီနေရာမှာ Cloud Computing, Cloud OS စတဲ့အသုံးအနှုံးတွေကို နဲနဲ ပြောဖို့လိုလာပါပြီ၊ 2000 နောက်ပိုင်းမှာ Cloud Computing ဆိုတဲ့အသုံးအနှုံးဟာ တော်တော်လေး ခေတ်စားလာပါတယ်၊ Cloud ဆိုတာ တနည်းအားဖြင့် အင်တာနက်ကိုရည်ညွှန်းတာပါပဲ၊  အင်တာနက်ဆိုတာ အမျိုးမျိုးအထွေထွေ ဒေသအမျိုးမျိုးက ကွန်ပျူတာတွေ ချိတ်ဆက်ထားတဲ့ နက်ဝပ်ကြီး လို့ပြောနိုင်ပါတယ်၊ လိုအပ်ရင် ဒီကွန်ပျူတာတွေဟာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြပါတယ်၊ မြင်သာအောင်ပြောရရင် Gtalk ကနေ ဒေသမတူတဲ့နေရာက လူတွေဟာ ချိတ်ဆက်စကားပြောနိုင်ကြတယ်၊ အင်ဖေါ်မေးရှင်း ဖလှယ်နိုင်ကြပါတယ်၊ အင်တာနက်ရဲ့ ဒီအားသာချက်ကို အသုံးချဖို့ Cloud Computing ကို ကြဆလာကြတာပါပဲ၊ နေရာဒေသမျိုးစုံက ကွန်ပျူတာတွေ အချင်းချင်း အင်တာနက်မှာ စုပေါင်းအလုပ်လုပ်နိုင်အောင် Cloud ကိုဒီဇိုင်းလုပ်ကြပါတယ်၊ အင်တာနက်သုံးစွဲသူ တစ်ယောက်ဟာ သူ့ရဲ့ Web Browser ကိုဖွင့်ပြီး Gmail ..Gtalk ကိုသုံးမယ်၊ Blog ကို update လုပ်မယ် …ဒါဟာတနည်းအားဖြင့် Cloud Applications တွေရဲ့အခြေခံလို့ ဆိုနိုင်ပါတယ်၊ တကယ်တန်း သုံးစွဲနေတဲ့ PC ဟာ User Interface နဲ့ အင်တာနက်ချိတ်ဖို့ Internet Explorer ကိုဖွင့်ပြီး Google ကို login ချိတ်ဆက်ဖို့လောက်ပဲ သုံးတာပါ၊  တကယ်အလုပ်လုပ်တဲ့အချိန်မှာ Google ရဲ့ဆာဗာတွေမှာပဲ Processing ကလုပ်နေတာပါ၊ ဒါကို Cloud Computing ရဲ့အခြေခံသဘော ပါတယ်လို့ပြောနိုင်တာပါ၊ သုံးစွဲသူရဲ့ Email Data တွေဟာ အင်တာနက်ဆာဗာတွေပေါ်မှာပဲ သိမ်းပါတယ်၊ Cloud OS ကတော့ဒီထက် တဆင့်မြင့်လာပါပြီ၊ OS ရဲ့ အဓိက အစိတ်အပိုင်းတွေဟာ ဆာဗာပေါ်မှာပဲ ရှိပါတယ်၊ သုံးစွဲသူရဲ့ PC ဟာ Storage နဲ့ OS ကို local အထောက်အပံ့ပေးဖို့ပဲ သုံးပါတော့တယ်၊ Chrome ဟာလဲ ဒီလို Light Weight, Cloud OS တစ်ခုပါ၊ တနည်းအားဖြင့် ဝိတ်လျှော့ထားတဲ့ Web Based OS တစ်ခုပေါ့၊ သူ့ရဲ့ Core OS Component ဟာ အင်တာနက်ပေါ်က Google ရဲ့ ဆာဗာတွေမှာပဲ ရှိမှာပါ၊

Chrome ရဲ့အဓိက အချက်တွေကတော့

–  Web ပေါ်မှာ အခြေခံထားတဲ့ Web OS တစ်ခုပါ၊Totally Cloud ဖြစ်ပြီး အားလုံးဟာ အင်တာနက်ကိုပဲ အခြေပြုပါမယ်

– Chrome Browser မှာ Gtalk, Gmail, Google Docs, Wave စတာတွေနဲ့ Facebook, Twitter  စတဲ့ Online Applications  တွေဟာ Browser Applet တစ်ခုကနေစတင်ပြီး Chrome Browser မှာ Tab တွေအနေနဲ့ ရှိပါတယ်၊

– PC ရဲ့ Storage Devices တွေဟာ OS ကို Devices Driver, Booting and Initiating OS, Networking စတဲ့ လိုကယ်အထောက်အပံ့ပေးဖို့ပဲ ရည်ရွယ်ပါတယ်၊  ဒါကြောင့်လဲ SD, Flash Drive စတာတွေပဲ support လုပ်မယ်လို့ဆိုပါတယ်၊ Laptop ရဲ့ Harddisk ဒါမှမဟုတ် USB Thumb Drive တစ်ခုကနေ OS ကို boot ပြီး Chrome Browser တက်လာတာနဲ့ သုံးလို့ရမှာပေါ့၊

– Google ကနေ certified လုပ်တဲ့ Chrome Ready devices တွေ နဲ့လဲသုံးရင် အကောင်းဆုံးဖြစ်မှာပါ၊ Customer Firmware ကနေ OS ကို Boot လုပ်ပြီး သုံးရမှာပေါ့၊

– လောလောဆယ်တော့ x89 နဲ့ ARM Processors တွေကို Support ပေးထားပါတယ်၊

– Open Source ဖြစ်ပါတယ်၊ လိုအပ်တဲ့ Developper Tools, Drivers , Documentations တွေအားလုံး အခမဲ့တေထာက်ပံ့ပေးမယ်လို ဆိုပါတယ်၊

Chrome_OS_21.0.1172_Aura_Dev
Source : en.wikipedia.org/wiki/Google_Chrome_OS

Chrome ရဲ့အဓိက အားသာချက်တွေကတော့

– Speed, Simplicity, Security လို့ Google ကတော့ဆိုလေရဲ့

– ပုံမှန် PC တွေ OS တက်ရာမှာ Bios ကနေဘု..Hardware Detect လုပ်..OS ကို loading လုပ်..network စတဲ့Services တွေစတင်.. Applications တွေ loading လုပ် ..ပြီးမှာ Internet Browser ဖွင့်ပြီး စသုံးနိုင်ပါတယ်၊ Chrome ကတော့ Firmware ကနေ boot, Costomized karnel (OS) ကို loading လုပ် .. chrome browser ကနေ တခါထဲ တန်းပြီးသုံးနိုင်မှာ မို့ ပိုပြီး မြန်ဆန်လာမယ်လို့ ဆိုပါတယ်၊

– Google ရဲ့ Applications တွေဟာ ရိုးရှင်းတဲ့နေရာမှာ နာမည်ကြီးပါတယ်၊  အားလုံးလဲ တွေ့ဘူးကြမှာပါ၊ Google Page ဟာ ဘယ်လောက်ရှင်းပြီး Gtalk စတဲ့ Application တွေ ဘယ်လောက် သုံးရလွယ်သလဲဆိုတာ

– Cloud မှာ အားသာတာကတော့ Security ပါ၊ ပုံမှန် PC တွေမှာ Anti virus, Spy-ware Mal-ware Scanner, Firewall , Windows Update, Application Update စသဖြင့် မရိုးနိုင်အောင် လုပ်ရပါတယ်၊ Cloud မှာတော့ ဆာဗာထဲမှာ OS+Applications+User Data တော်တော်များများရှိနေတော့မှာဖြစ်လို့ Server Side ကပဲ ဒီအလုပ်တွေကို လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်၊ User ကနေ ကိုယ်တိုင်လုပ်ဖို့ မလိုတော့ပါဘူး၊

Chrome ရဲ့အဓိက အားနည်းချက်တွေကတော့

– ကျွန်တော့အမြင် ဒီ OS ဟာ လူတိုင်းအတွက်မဟုတ်နိုင်ပါဘူး၊ အင်တာနက်ရှိမှ အဆင်ပြေပြေ သုံးရမှာ ဖြစ်တဲ့အတွက် ဒီမှာအတွက်တော့ ဆိုဖွယ်ရာ မရှိပါဘူး 😀

– အင်တာနက် မိုးပျံအောင်မြန်နေသေးရင်လဲ လူတိုင်းအတွက်အဆင်မပြေနိုင်သေးပါဘူး၊ Light Weight Applications တွေဟာ ဘာကြီးပဲ ပြောနေပြောနေ Desktop Applications တွေကို တချို့နေရာတွေမှာ မမှီနိုင်သေးပါဘူး၊  ဥပမာ Photoshop သုံးပြီး ပုံတပုံပြင်ချင်တယ်၊ Video Editing လုပ်ချင်တယ် ဆိုတာမျိုးတွေအတွက် အဆင်မပြေနိုင်သေးပါဘူး။

– Speed လို့ Google ကနေ OS Boot တက်တဲ့ speed ကိုပြောထားပေမယ့် သုံးစွဲရာမှာ အင်တာနက် Speed ကိုတော့ ဘယ်လိုလိုမယ်၊ ဘယ်လောက်လိုမယ်ဆိုတာတော့ google ကပြောမထားသေးပါဘူး၊ ဘယ်လိုပဲဖြစ်နေဖြစ်နေ  Application အားလုံးဟာ စက်ထဲကနေ ဖွင့်ပြီးသုံးတာထက် နက်ဝက်ပေါ်ကနေ သုံးတာ ပိုမြန်မယ်ဆိုတာ ဒီလိုအချိန်မျိုးမှာ မယုံနိုင်သေးပါဘူး

– Centralized Security ဖြစ်သွားတဲ့အတွက် ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိပါတယ်၊  အကျယ်မရေးတော့ပါဘူး ၊ ပိုက်ဆံကို အိမ်မှာ သိမ်းတာနဲ့ ဘဏ်မှာအပ်ထားတာကွာသလိုပါပဲ လို့ပြောပါရစေတော့။

–  OS ကတော့ Free, Open Source ပါ၊ လိုအပ်တဲ့ Certified Hardware ထပ်ဝယ်ရမယ် ဆိုရင်တော့ အဆင်မပြေသေးပါဘူး၊ ရုံးမှာအိမ်မှာ Desktop သုံးမယ်၊ သွားလာတဲ့အခါ Laptop သုံးရမယ်၊ Chrome ကိုသုံးဖို့ Chromebook တစ်လုံးပါထပ်ဝယ်ရမယ်ဆိုရင် မကိုက်သေးပါဘူး၊

– ကျန်တဲ့ ဆားဗစ်တွေ ဟာ အမြဲ free ဖြစ်မယ်လို့မပြောနိုင်ပါဘူး၊ အင်တာနက်မှာ တော်တော်များများဟာ free ဖြစ်ပေမယ် Grantee and Supported services တွေဟာ အခမဲ့ မရတာ သတိပြုမိကြမှာပါ၊ ကျန်တဲ့ hidden cost တွေ တက်လာဦးမလားဆိုတာ မသိနိုင်သေးပါဘူး၊

ဒီလထဲမှာပဲ Google ကနေ Chromebook Pixel ကို ထုတ်ခဲ့ပါတယ်။ Chrome OS ကို အသုံးပြုတဲ့ Laptop တွေ အရင်ထဲက ထုတ်ခဲ့ပြီးသားပါ၊ ဥပမာ ၂၀၁၂ ကထုတ်တဲ့ Samsung ရဲ့  $249 တန်Chromebook ဟာ Chrome OS ကိုအသုံးပြုတဲ့ Laptop တစ်လုံးပါ၊ တခြား HP, Acer စတဲ့ တံဆိတ်နဲ့ Chromebook တွေလဲတွေ့နိုင်ပါတယ်၊  $249ဆိုတဲ့ ဈေးဟာ တခြား ပုံမှန် Laptop တွေနဲ့စာ ရင် သက်သာပါတယ်၊ ဒါကြောင့် US နဲ့ UK မှာတော့ ကျောင်းသားတွေ အသုံးပြုတာများတယ် လို့ဆိုပါတယ်။

ဒါပေမယ့်  Chromebook Pixel ကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်၊ အများအားဖြင့် Google ဟာ တန်ဖိုးသင့် တန်ဖိုးနည်း ပစ္စည်းတွေကိုပဲ ထုတ်လေ့ရှိပါတယ်။  Chromebook Pixel ဟာ luxury gadgets တစ်ခုလို့ဆိုရလောက်အောင် $1299~1499 ကျသင့်မယ့် တန်ဖိုးကြီး အဆင့်မြင့် laptop တစ်လုံးဖြစ်နေပါတယ်။ 32G Solid Drive နဲ့ WiFi ပါဝင်တဲ့ version ဟာ $1299 ကျသင့်ပြီး  64G Solid Drive နဲ့ 4G LTE ပါဝင်တဲ့ version ဟာ $1499 ဈေးသတ်မှတ်ထားပါတယ်၊ Screen 12.85-inch, 2,560 x 1,700 IPS LCD panel ကို သုံးထားပြီး ဒီ screes ဟာ ဟင်းဖုံးတွေမှာလို  Touch Screen အနေနဲ့လဲ အလုပ်လုပ်နိုင်ပါတယ်၊ Intel Core i5 Processor ကိုသုံးထားပြီး 4G RAM, Intel HD Graphic ကို ထဲ့သွင်းထားပါတယ်၊ အကဲခတ်သူတွေကတော့ Macbook Pro နဲ့ နှိုင်းယှဉ် ကြတာတွေ့ရပါတယ်။

engadgets-chromebook
Source : http://www.engadget.com/2013/02/25/chromebook-pixel-review/

တကယ်တော့ Chromebook ဟာ Webtop လို့ဆိုကြတဲ့ အင်တာနက်ကနေ ချိတ်ဆက် လည်ပါတ်အသုံးပြုရတဲ့ ကွန်ပျူတာ မျိုးပါ၊ အင်တာနက်မချိတ်တဲ့ အချိန်မှာ offline အနေနဲ့ Google Documents နဲ့ G-Mail ကိုသုံးနိုင်တယ်လို့ဆိုပါတယ်၊ သီချင်းဖွင့်တာ ရုပ်ရှင်ကြည့်တာတွေက တော့ Google Play Store ဝက်ဘ်ဆိုက်ကနေ ချိတ်ဆက်ကြည့်ရရင်တော့ ပိုကောင်းမှာပါ၊ သိတဲ့အတိုင်း Google Play ကိုမြန်မာပြည်ကနေ ဝင်လို့ မရပါဘူး၊  အင်တာနက်မချိတ်တဲ့ အချိန်မှာ ပုံမှန် USB stick, SD card စတာတွေကို ပုံမှန်အတိုင်း သုံးနိုင် အထဲက File တွေကို access လုပ်နိုင်ပါတယ် ကျန်တဲ့ဆားဗစ်တွေ သုံးရနိုင်တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ဘယ်လောက် ကန့်သတ်ချက်ရှိမယ် ပုံမှန်အတိုင်း သုံးရမယ်မရဘူး သေချာ မသိရပါဘူး။

သုံးထားတဲ့ Hardware တွေအရတော့ ပုံမှန် laptop တစ်လုံးက ပစ္စည်းတွေနဲ့ သိပ်မထူးပါဘူး၊ ကျွန်တော့ စိတ်ကြိုက်ကတော့ တခြား ပုံမှန် OS (Windows, Linux) နဲ့ Chrome OS ကို Dual-Boot ရရင် အကောင်းဆုံးဖြစ်မှာပါ၊ အင်တာနက်ရှိမှ သုံးရမှာဆိုရင်တော့ ရွှေပြည်ကြီးက သူတွေအတွက်ကတော့ ကိယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်နေမလား တွေးမိပါတယ်။

Update : 8 March, 2013

Google Chrome OS နဲ့ Chromium OS နှစ်ခုမတူတာကိုသတိထားမိပါတယ်၊

– Chrome OS ကို Google နဲ့ Third party တွေက ထောက်ပံ့ပေးပြီး Chromium OS ကိုတော့ opensource community ကထောက်ပံ့ပေးထားပါတယ်၊ (ကြည့်ရတာ Chromium OS ဟာ opensource ဖြစ်ပြီး Chrome OS ကတော့ ဟုတ်ဟန်မတူပါဘူး)

– Chrome OS နဲ့ Chromium OS ဟာ source base တစ်ခုထဲပေါ်မှာ အခြေခံပေမယ့် တချို့ software တွေနဲ့ support တွေက Chrome OS မှာပဲ ပါဝင်မှာ ဖြစ်ပါတယ်။

– Chrome OS ကို သီးခြား ဝယ်ယူလို့ရမှာ မဟုတ်သေးပါဘူး၊ Google certified hardware တစ်ခုခုနဲ့မှာ တစ်ပါတည်း ဝယ်လို့ရနိုင်မှာပါ။

– Chromium OS ဟာ တခါထဲတန်းပြီး install လုပ်လို့ရမယ့် binary installer or CD မရနိုင်ပါဘူး၊ မခြား အဖွဲ့အစည်းတွေက installaer ထုတ်ထားပေးပေမယ့် google ကထောက်ပံ့ထားတာ မဟုတ်ပါဘူး။

Chrome OS ရဲ့ logo နဲ့ Chromium OS ရဲ့ logo ကိုတွေ့နိုင်ပါတယ်။

Chrome OS Logo
Chromium OS Logo

Oak Kar

https://oakkar7.wordpress.com/

Reference:

http://www.google.com/intl/en/chrome/devices/

http://www.chromium.org/chromium-projects

ဆယ်လူလာ ဆက်သွယ်ရေး (Cellular Concept)

GSM, CDMA စတဲ့နည်းပညာတွေဟာ့ ဆယ်လူလာ ဆက်သွယ်ရေး နည်းပညာကို အခြေခံကြပါတယ်၊ မြန်မာပြည်မှာ ဆယ်လူလာလို့ အလွယ်ခေါ်နေကြတဲ့ ဖုံးတွေဟာ တကယ်တော့ D-AMPS ဖုံးတွေပါ၊ ဆယ်လူလာဆိုတာ အဓိကကတော့ တနေရာနဲ့တနေရာ သွားလေရာ ယူဆောင်သွားပြီး ဆက်သွယ်နိုင်တဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်ကို ခြုံငုံပြီးခေါ်တဲ့ Technology term ပါ၊ ခေတ်ဦးက မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေမှာ လက်ကိုင်ဖုံးကနေ Base station ကို ချိတ်ဆက်ပြီး ဆက်သွယ်နိုင်တာခြင်းတော့ တူကြပါတယ်၊ အဓိကအခက်အခဲက Base Station ရဲ့ ဆက်သွယ်မှုဧရိယာ (Coverage Area) အပြင်ကိုရောက်သွားရင်ပဲဖြစ်ဖြစ် အခြားဆားဗစ်ပေးသူရဲ့ ဧရိယာထဲကိုပဲဖြစ်ဖြစ် ရောက်သွားခဲ့ရင် ဆက်သွယ်မှု မရနိုင်တော့တာပါပဲ၊ ဒီပြသာနာတွေကို ဖြေရှင်းဖို့ Bell Research ကနေ “Bell System Technical Journal” မှာ Cellular ရဲ့ ပထမဆုံး concept ဖြစ်တဲ့ AMPS (Advanced Mobile Phone System) ကို စတင်ဖေါ်ပြခဲ့ပါတယ်။

Cellular Phone ဆိုတာကတော့ ဆက်သွယ်ရေးဧရိယာ (Cell) တွေကို Base Station တစ်ခုစီကနေ ပိုင်းခြားထားပြီးဆက်သွယ်တဲ့ စံနစ်ပါ၊ ဒီ cells တွေအားလုံးကိုလဲ တစ်ခု ထက်ပိုတဲ့ ထိမ်းချူပ်ရေးဌာန (Control Center) တွေစီကနေ လိုအပ်သလို ထိမ်းသိမ်းနိုင်ပါတယ်၊ အားသာချက်ကတော့ သုံးစွဲသူဟာ cell area တစ်ခုကနေတစ်ခုကို ဆက်သွယ်မှု မပြတ်စေပဲ ပြောင်းလဲဆက်သွယ်နိုင်လာပါတယ်၊ သုံးစွဲသူဟာ ဘယ် Base Station နဲ့ သူချိတ်ဆက်နေသလဲဆိုတာ သူကိုယ်တိုင်သိစရာမလိုတော့ပဲ အလိုအလျောက် ပြောင်းလဲချိတ်ဆက်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် ဒီ cells တွေဟာ base station ကနေ 60 degree ကို ဧရိယာခွဲပြီး ခြောက်ထောင့်ပုံ (Hexagonal) ရှိပါတယ်၊ ရံဖန်ရံခါ ၃ ပိုင်းသာပိုင်းပြီး 3-Cells (120 degree) လဲ လိုအပ်ရင် ထားတပ်ပါတယ်၊ ဒီလိုခွဲလိုက်တဲ့အခါ ဆက်သွယ်ရေး ဧရိယာတစ်ခုလုံးဟာ ခြောက်ထောင့်ကွက်တွေဆက်ထားတဲ့ ပျားအုံပုံ ဖြစ်လာပါတယ်၊ ဆက်သွယ်မှုပြုတဲ့နည်းလမ်း (Access Technology), သုံးစွဲသူကိုထိမ်းချုပ်တဲ့နည်းလမ်း (User Management/Control), ဆဲလ်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းမှု (Hand-Off Technology) စတာတွေ ကွာခြားလို့သာ CDMA, GSM စသည်ဖြင့် နည်းပညာတွေကွာခြားသွားပါတယ်၊ DAMPS, CDMA, GSM, ဘယ်မိုဘိုင်းဆကိသွယ်ရေးစနစ်မဆို ဒီ cell ဒီဇိုင်း ဒီပုံစံကိုပဲ ယနေ့တိုင် စံပြုသုံးစွဲနေကြဆဲပါပဲ။

ဥပမာ သုံးစွဲသူတစ်ယောက်ဟာ Cell-A ကနေ Cell-B ကို သွားနေရင်း ဆက်သွယ်မှုပြုလာရင် အစမှာတော့ သူနဲ့အနီးဆုံး ဖြစ်တဲ့ Cell-A နဲ့ချိတ်ဆက်နေမှာပါ၊ သွားရင်း cell နှစ်ခုရဲ့ အစပ်ကိုရောက်လာရင် ထိမ်းချူပ်ရေးစခန်းကနေ သုံးစွဲသူရဲ့ ဟင်းဆက်ကနေ base Station တွေရဲ့ရေဒီယိုဆက်သွယ်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်ပါတယ်၊ အဓိကကတော့ ချိတ်ဆက်နေတဲ့ ရေဒီယိုလှိုင်းရဲ့ ဆက်သွယ်မှုပါဝါ (Receiving Power Level) ကိုကြည့်ပါတယ်၊ တကယ်လို့ Station-B ကနေ သုံးစွဲသူကို ချိတ်ဆက်နိုင်တဲ့ အခြေအနေဟာ Station-A ထက် ကောင်းနေတယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းဟာ Station-B ဆီကို ဆက်သွယ်မှု မပြတ်တောက်စေပဲ ပြောင်းလဲချိတ်ဆက်သွားပါတယ်၊ ဒီလို ပြောင်းလဲချိတ်ဆက်တာကို “Cell Switching” လို့ခေါ်ပြီး Station-A နဲ့ သုံးစွဲသူ ဆက်သွယ်မှုကို Station-B ကနေလွှဲပြောင်းယူတာကို “Hand-Off” လုပ်တယ်လို့ သုံးနှုံးပါတယ်။

Cellular Technology Concept

နောက်တစ်ခုကတော့ GSM သုံးစွဲသူတစ်ယောက်ဟာ ဆားဗစ်ဧရိယာ တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းသုံးစွဲနိုင်တာ (Roaming) ပါပဲ၊ မြန်မာပြည်မှာ Service Provider က MPT တစ်ခုသာရှိလို့ ဒီကိစ္စဟာ မသိသာလှပေမယ့် Service Provider တစ်ဦးထက်သာ ပိုခဲ့ရင် အရေးကြီးလာပါပြီ၊ ဥပမာ GSM သုံးစွဲသူတစ်ယောက်ဟာ Service Provider-A ကနေသုံးစွဲမှုကိုယူထားတယ် ဆိုပါစို့၊ သူက သွားရင်းလာရင်းနဲ့ Service Provider-B ရဲ့နက်ဝပ်ထဲကို ရောက်သွားတယ် ဆိုကြပါစို့၊ Service Provider-A နဲ့ Service Provider-B တို့ဟာ အရင်ထဲက သဘာတူညီမှု ရှိထားရင် သုံးစွဲသူဟာ Service Provider-B ရဲ့ နက်ဝပ်ဧရိယာထဲမှာ ဆက်လက်သုံးစွဲ နိုင်ပါတယ်၊ GSM မှာ ဒီ Roaming ဆားဗစ်ဟာ တော်တော်အရေးပါသလို GSM ကို World Wide လူသုံးအများဆုံးဖြစ်အောင် အောင်မြင်စေခဲ့တဲ့ အကြောင်းရင်းလဲ ဖြစ်လာပါတယ်။

Roaming from One Service Area to Another

 

Oak Kar

https://oakkar7.wordpress.com/

 

ဂျီအက်စ်အမ် နည်းပညာမိတ်ဆက် (GSM Technology Introduction)

ဒီနေ့ခေတ်မှာ GSM ဆိုရင် ကလေးလူကြီးသိကြပြီးသားပါ၊ GSM ရဲ့အရှည်ကတော့ Global System for Mobile ဖြစ်ပါတယ်၊ တကယ်တန်းတော့ GSM ဟာ Digital Cellular Communication System ရဲ့ မျိုးဆက်သစ် တစ်ခု ဖြစ်ပါတယ်၊ မြန်မာပြည်မှာ အစောဆုံးပေးခဲ့တဲ့ လက်ကိုင်ဖုံး (Mobile Phone) တွေကို ဆယ်လူလာဖုံးလို့ ခေါ်ခဲ့ကြရာက နောက်ပိုင်းမှာ ဆယ်လူလာဟာ ဂျီအက်စ်အမ်လောက် မကောင်းဖူးဆိုတဲ့ အယူအဆ ပြောဆိုမှုတွေ ပေါ်လာရတာဖြစ်ပါတယ်၊ တကယ်တော့ Cellular ဆိုတာဟာ ခြုံငုံပြီးခေါ်တဲ့ နည်းပညာအခေါ် (General Term) သာ ဖြစ်ပါတယ်။

သွားလေရာ ဆောင်ယူဆက်သွယ်နိုင်တဲ့ Cellular communications ရဲ့ အစကို Bell laboratory ရဲ့ Research တစ်ခုကနေစတင်ခဲ့ပါတယ်၊ အစဦးမိုဘိုင်းစံနစ်ကို AMPS (Advanced Mobile Phone System) လို့ အသိများပါတယ်၊ 1980 လောက်မှာ စတင်ခဲ့တဲ့ ဒီ AMPS စံနစ်ဟာ Analog စံနစ်ပါ၊ နောက်ပိုင်း Digital system တွေ အားကောင်းလာတဲ့အခါ AMPS ဟာ ပြောက်ကွယ်သွားပါတယ်၊ Analog AMPS ကို မွန်းမံထားတဲ့ Digital-AMPS (D-AMPS) ဟာ နောက်ပိုင်းမှာ ပေါ်ပေါက်လာပါတယ်၊ ဒီ D-AMPS ဟာလဲ ခေတ်ရဲ့ လိုအပ်ချက်ဆားဗစ် (data, internet) စတာတွေကို မဖြည့်ဆည်းနိုင်တဲ့အတွက် နိုင်ငံတကာမှာ ထပ်မံတိုးချဲ့ခြင်း မရှိတော့ပါဘူး၊ (မြန်မာနိုင်ငံမှာ ဆယ်လူလာလို့ အသိများတဲ့ ဖုံးတွေဟာ ဒီ D-AMPS စံနစ်တွေပါ)၊

GSM ရဲ့ အစကို 1982 မှာ ”ဥရောပ စာတိုက်နဲ့ဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့” (European Conference of Postal and Telecommunications Administrations) ကြီးကနေ စတင်ခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးကွဲပြားနေတဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေကို စံတစ်ခုအဖြစ်သတ်မှတ်ပြီး ဥရောပတစ်ခုလုံးမှာ ဆက်သွယ် အလုပ်လုပ်နိုင်ဖို့ပါပဲ၊ ကနဦး GSM ရဲ့အမည်ဟာ “Groupe Special Mobile” ဖြစ်ပါတယ်၊ 1989 မှာတော့ GSM နဲ့ပါတ်သက်တဲ့ ကိစ္စအဝဝကို ETSI (European Telecommunications Standards Institute) ကနေလွှဲပြောင်းယူခဲ့ ပြီး ဒီနေ့အမည်ဖြစ်တဲ့ Global System for Mobile ဖြစ်လာပါတယ်၊ GSMA လို့ခေါ်တဲ့ “GSM Association” ကို 1995 မှာ ဖွဲ့စည်းခဲ့ပါတယ်၊ ETSI ဟာ နည်းပညာ စံသတ်မှတ်ချက်တွေကို ကိုင်တွယ်ပြီး GSMA ကတော့ ကြီးကြပ်မှု၊ စည်းမျဉ်း၊ စည်းကမ်း၊ လိုင်စင်၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို ဆောင်ရွက်ပါတယ်၊ 2000 နောက်ပိုင်းမှာတော့ GSM ဟာ အင်အား အကောင်းဆုံး မိုဘိုင်းဆက်သွယ်ရေးစံနစ်တစ်ခု ဖြစ်လာပါတယ်။

Oak Kar

https://oakkar7.wordpress.com/

CDMA သမိုင်းကြောင်း

ဒီနည်းပညာ ဘယ်လိုပေါ်ပေါက်လာခဲ့ပါသလဲ၊ ဒီမေးခွန်းနောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတစ်ခု ရှိနေပါတယ်။

ပုံထဲက အမျိုးသမီးက Hedy Lamarr ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကြီးဝန်းကျင်က အလွန်နံမည်ကျော်ကြားတဲ့ ဟောလိဝုဒ် မင်းသမီးတစ်ဦးပါ၊ နောက် အမျိုးသားတစ်ယောက်က George Antheil ဖြစ်ပြီး စစ်ကြိုခေတ်က ဂီတနဲ့ပါတ်သက်လို့ instrumental, mechnical ပိုင်းဆိုင်ရာတွေမှာ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီချောမောလှပတဲ့ မင်းသမီးတစ်ယောက်နဲ့ ဂီတဆိုင်ရာတီထွင်သူ တစ်ဦးတို့ ပူးပေါင်းပြီး CDMA နည်းပညာရဲ့ Basic Concept ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စတင်ခဲ့တယ်လို့ပြောရင် ယုံနိုင်စရာ မရှိပါဘူး၊ ဒါပေမယ့် ဒီပုံပြင်ဟာ တကယ့်ကို ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ဒီပုံပြင်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ ငယ်ရွယ်လှပပြီး ညဏ်ပညာထက်မြက်တဲ့ အမျိုးသမီးငယ်လေးတစ်ဦးဆီမှာ အစပြုပါတယ်၊ သူမဟာ ၂၁ ရာစုမှာ ထိတ်တန်းရောက်လာမဲ့ နည်းပညာတစ်ခုရဲ့ လမ်းစကို ဘယ်လိုဖေါ်ဆောင်ခဲ့ပါသလဲ?။

၁) ဟောလိဝုဒ်သို့သွားရာလမ်း.. Lamarr

ဒီနေ့ Lamarr ဟာ Florida ရဲ့ဆိတ်ငြိမ်တဲ့နေရာမှာ နေထိုင်နေဆဲပါပဲ၊

သူမကို ၁၉၁၃ မှာ Vienna မှာ မွေးဖွားခဲ့ပါတယ်၊ စစ်ကြီးမတိုင်ခင်လေးမှာပဲ Louis B. Mayer နဲ့ Otto Preminger တို့ရဲ့ဖိတ်ခေါ်မှုနဲ့ MGM ကုပ္မဏီမှာ အလုပ်လုပ်ဖို့ ဟောလိဝုဒ်ကိုရောက်လာခဲ့ပါတယ်၊ စစ်ကြီးအတွင်းက သူမဟာ အောင်မြင်တဲ့ မင်းသမီးတစ်ဦး ဖြစ်ပြီး “The most beautiful girl in the world” လို့ကျော်ကြားထင်ရှား ခဲ့ပါတယ်၊ ထူးခြားတဲ့ကိုယ်ရည်သွေးရှိသူတစ်ဦး ဖြစ်ပြီး သရုပ်ဆောင် အလုပ်သာမက Abstract Painting, ဒီဇိုင်းပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှု စတာတွေကိုပါ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်၊ သူမကို ချောမောလှပသူတစ်ဦး ဖြစ်တဲ့အတွက် ညဏ်ပညာရှိမှာ မဟုတ်ဖူးလို့ အများက ထင်ကြပါတယ်၊ ဒါပေမယ့် တကယ်တန်းတော့ Lamarr ဟာ ညဏ်ပညာထက်မြက်သူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုကိုယ်လဲ ထိမ်းချူပ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်၊ ဘဝတသက်တာမှာ ၆ ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ပြီး တကယ်တန်းတော့ သူမရဲ့ ငွေရောင်ပိတ်ကားပြင် နောက်ကဘဝဟာ သူမရဲ့ ရုပ်ရှင်တွေထက်တောင် ပိုပြီးဆန်းပြားလို့နေပါတယ်။

၂) နည်းပညာနှင့်စစ်

စစ်ကြီးမတိုင်ခင်က Fritz Mandl ဟာ ဥရောပရဲ့ အကြီးဆုံးလက်နတ်ထုတ်လုပ်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်၊ ပထမတော့ သူဟာ သြစတေလျ စစ်တပ်အတွက် အဓိကစစ်လက်နတ်ပန့်ပိုးသူပါပဲ၊ နောက်တော့ ဟန်ဂေရီကို လက်နတ်ရောင်းတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး သြစတေလျနဲ့ မကျေမလယ်ဖြစ်ကာ နှုတ်ထွက်ခဲ့ရပါတယ်၊ နောက်ပိုင်းမှာတော့ ဟစ်တလာနဲ့ဆက်သွယ်ပြီး နာဇီတွေအတွက် စစ်လက်နတ်နဲ့နည်းပညာရောင်းချသူ ဖြစ်လာပါတော့တယ်။

Mandl ဟာ Lamarr နဲ့ ၁၉၃၃ မှာလက်ထပ်ခဲ့ပါတယ်၊ ဒါပေမယ့်ပျော်ရွှင်စရာ အိမ်ထောင်ရေးတော့ ဖြစ်မလာခဲ့ပါဘူး၊ Mandl ဟာ ဆတ်ဆတ်ထိမခံသူတစ်ဦးဖြစ်ပြီး Lamarr ကို ကျွန်တစ်ယောက်သာသာပဲ သဘောထားခဲ့ပါတယ်၊ အများအမြင်မှာ Lamarr ကို သြစတေလျ ရေပေါ်ဆီအသိုင်းအဝိုင်းမှာ အလှပြစရာ အရုပ်လေးလိုပဲ ဆက်ဆံခဲ့ပါတယ်။

ဒီအချိန်မှာပဲ နာဇီတို့ဟာ အင်အားကြီးထွားလာခဲ့ပါပြီ၊ Mandl ဟာ လက်နက်ကို ထိမ်းချုပ်နိုင်တဲ့နည်းပညာတစ်ခုကို သုတေသန လုပ်နေခဲ့ပါတယ်၊ ရေငုတ်သင်္ဘောတွေမှာ သုံးတဲ့ တော်ပီဒိုတွေကို အဝေးကနေ လိုသလိုဆက်သွယ်ထိမ်းချုပ်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ၊  တော်ပီဒိုတွေကို ပစ်ခတ်တဲ့အခါ ရေငုတ်သင်္ဘော ကနေ ထိမ်းချုပ်ရာမှာ အစကသုံးခဲ့တဲ့ ဝါယာနဲ့ဆက်သွယ်တာထက် ဝါယာလက်စ်နည်းပညာက ပိုကောင်းမယ်လို့ ယူဆပြီး စတင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ရေဒီယိုဝေ့ဗ် တွေရဲ့အဓိကအားနည်းချက်က လုံခြုံမှုမရှိတာပါပဲ၊ ကြားဖြတ်ဖမ်းယူ (Interception) လုပ်နိုင်သလို နှောက်ယှက် (Jamming) နိုင်ပါတယ်၊ ဒီပြသာနာကို ဖြေရှင်းဖို့နည်းလမ်းကတော့ ပို့မဲ့သတင်းအချက်အလက်ကို Transmitter နဲ့ Receiver တွေကြား Frequencies အမျိုးမျိုးနဲ့ random ပြောင်းပြီးပို့ဖို့ပါပဲ၊ Frequency channel တစ်ခုမှာပေးပို့တဲ့ အချိန်ကလဲ အလွန်တိုတောင်းတာကြောင့် ကြားဖြတ်ဖမ်းယူခဲ့ရင်လဲ အလွန်တိုတောင်းတဲ့ မပြည့်စုံတဲ့အချက်အလက် ကိုပဲရရှိမှာ ဖြစ်ပါတယ်။

Lamarr ဟာ Mandl ရဲ့ ပွဲတက်ဇနီးတစ်ယောက် အနေနဲ့ သူ့ရဲ့ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ရပါတယ်၊ သူမဟာ နည်းပညာပိုင်းတွေကို နားမလည်ပေမယ့် သူမကြားသိခဲ့တာတွေကိုတော့ အတိအကျ မှတ်သားနိုင်စွမ်းရှိခဲ့ပါတယ်။

၁၉၃၇ မှာတော့ Lamarr ဟာ သူမရဲ့ခင်ပွန်းကို ဆေးခပ်ပြီး Hollywood ကိုထွက်ပြေးရောက်ရှိလာတယ်လို့ ဆိုကြပါတယ်၊ တခဏချင်းမှာပဲ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာပါတယ်။

၃) Player Piano သို့မဟုတ် Gorge Antheil

Gorge Antheil ဟာ ၁၉၂၀ ဝန်းကျင်မှာ တေးရေးသူ၊ ဂီတနဲ့ပါတ်သက်ပြီး တီထွင်ဖန်တီးမှုတွေ ပြုလုပ်ပြီး နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပါတယ်၊ သူဟာ Mechnical Music လို့ခေါ်တဲ့ စက်ပစ္စည်းတွေနဲ့ ဂီတဖန်တီးရာမှာ စွန့်ဦးတီထွင်သူတွေအထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်၊ သူရဲ့တီထွင်မှုတစ်ခုကတော့ Player Piano ဖြစ်ပြီး စန္ဒရားတစ်လုံးကို သတ်မှတ်ထားတဲ့ တေးဂီတနုတ်စ်တွေ အလိုအလျောက်တီးနိုင်အောင် ဖန်တီးထားတဲ့ စက်တစ်လုံးဖြစ်ပါတယ်၊ သူရဲ့သွင်ပြင်ဟာ ဖေါ်ရွေနှစ်လိုဖွယ်ကောင်းပြီး အမျိုးသမီးများကို စွဲဆောင်နိုင်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၃၀ လောက်မှာ Antheil ဟာ ဥရောပမှာ ရောက်ရှိနေခဲ့ပြီး သူ့ရဲ့တီထွင်မှုများကြောင့် ထင်ရှားသူတစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်၊ ဥရောပမှာ စစ်မီးကြီးလောင်မြှိုက်လာတဲ့အခါ ဟစ်တာလာရဲ့ ဥရောပအနုပညာပစ္စည်းတွေပေါ်မှာ ထာားတဲ့သဘောထားကို မကြိုက်နှစ်သက်တဲ့အတွက် U.S ကို ပြောင်းရွှေ့ခဲ့ပါတယ်။

၎) The Birth of CDMA

Lamarr နဲ့ Antheil တို့ဟာ Hollywood ရဲ့ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့ပြီး မိတ်ဆွေများဖြစ်လာခဲ့ပါတယ်၊ ဒီနာဇီ ဆန့်ကျင်လိုသူနှစ်ဦးရဲ့တွေ့ဆုံမှုဟာ ၂၁ ရာစုရဲ့ အောင်မြင်တဲ့နည်းပညာတစ်ခုကို မွေးဖွားစေခဲ့ပါတယ်၊ Lamarr ဟာ Anethil ကို နာဇီတွေရဲ့ တော်ပီဒိုထိမ်းကျောင်းမှုမှာ အသုံးပြုတဲ့ ကြားဖြတ်ဖမ်းယူလို့ မရနိုင်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးနည်းပညာ အကြောင်းကို ပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်၊ ဒီနည်းပညာရဲ့ အဓိက ပြသာနာကတော့ Frequency Band အများကို ပြောင်းလဲပေးပို့တဲ့အခါ Transmitter , Receiver ကြားမှာ တူညီတဲ့ frequency ကို အမြဲတမ်း ပြောင်းလဲပြီး ဖမ်းယူနိုင်အောင် ဘယ်လိုချိန်ကိုက် (Synchronize) လုပ်မလဲ ဆိုတာပါပဲ။

Antheil ဟာ Sound Frequency တွေကို Synchronization လုပ်တဲ့နေရာမှာ အတွေ့အကြုံရှိပြီး ဖြစ်ပါတယ်၊ သူရဲ့ Piano Player စက်မှာ Paper Rool တစ်ခုကို အသုံးပြုပြီး တေးသွားတွေကို တီးခတ်စေခဲ့တာပါ၊ Paper Roll , Paper Tape ဆိုတာကတော့ စက္ကူလိပ်တစ်ခုကို အပေါက်လေးတွေဖေါက်ပြီး စာသား၊ သင်္ကေတတွေကို မှတ်သားထားတာပါပဲ၊ ဖေါက်စက် (Punch Machine) နဲ့ အချက်အလက်သွင်းယူပြီး (Coding) ဖတ်တဲ့စက်နဲ့ မူရင်းအချက်အလက်ကို ပြန်ဖတ်ယူ (Decoding) လုပ်ယူနိုင်ပါတယ်၊ (ဒီ paper tape မှာ data အသွင်းအထုတ်လုပ်တဲ့နည်းကို နောက်ပိုင်းမှာ ကွန်ပျူတာတွေမှာ Program ရေးသားခြင်း Program ကို run ခြင်းတွေအတွက်လဲ သုံးခဲ့ကြပါသေးတယ်၊ သိမှီခဲ့သူတွေရှိမှာပါ)။ တူညီတဲ့ code pattern တွေ ဖေါက်ထားတဲ့ paper roll နှစ်ခုကို တပြိုင်ထဲ စက်နှစ်လုံးမှာ လည်ပါတ်စေပြီး Transmitter, Receiver တစ်လုံးစီနဲ့ ချိတ်ဆက်ကာ မတူညီတဲ့ frequency အမျိုးမျိုးကို ချိန်ကိုက်ပြောင်းလဲ ဆက်သွယ်နိုင်အောင် ဒီဇိုင်းလုပ်ယူနိုင်ကြပါတယ်၊ ဒါဟာ ဒီနေ့ခေတ် FH-CDMA လို့ခေါ်တဲ့ Frequency Hopping CDMA ရဲ့ အခြေခံ ပါပဲ၊ တီထွင်သူနှစ်ဦးဟာ စန္ဒယားမှာပါတဲ့ ခလုတ်တွေအတိုင်း 8 x 8 keys matrix နဲ့ Frequency အမျိုးမျိုးကို ပြောင်းလဲနိုင်အောင် တီထွင်ခဲ့ကြပါတယ်။

Paper Tape and Code
A paper Roll with punched marked codes
Paper Tape တွင် Coding ပြုလုပ်သည့် Punch machine
ကွန်ပျူတာသုံး Paper Tape Key Punch Machine

သူတို့နှစ်ဦးဟာ စစ်ကြီးအတွက် တစ်ခုခု အထောက်အကူပေးဖို့ ရည်ရွယ်ခဲ့ကြပါတယ်၊ သူတို့ရဲ့တီထွင်မှုကို National Inventors Council ကိုပေးပို့ခဲ့ကြပါတယ်၊ Council ရဲ့ Director လဲဖြစ်ပြီး General Motor ရဲ့ Director တစ်ဦးလဲဖြစ်သူက တိုက်တွန်းမှုကြောင့် သူတို့ရဲ့ တီထွင်မှုကို မှတ်ပုံတင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊ ၁၉၄၁ သြဂုတ်လ ၁၁ ရက်မှာ Lamarr နဲ့ Antheil ဟာ သူတို့ရဲ့ တီထွင်မှုဖြစ်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးစံနစ် (Secrect Communication System ) အတွက် မူပိုင်ခွင့်အမှတ် 2,292,387 နဲ့ အသိမှတ်ပြု ရရှိခဲ့ပါတယ်။ သူတို့ဟာ မူပိုင်ခွင့်ကို အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ဖို့ထက် အစိုးရကိုသာ တိုးတက်အောင်ဆောင်ရွက်ဖို့ အပ်နှံခဲ့ပါတယ်၊ (တကယ်တန်းတော့ Antheil ဟာ အဲဒီအချိန်မှာ တခြားလူတွေလိုပဲ ခေတ်ကာလအရ ငွေရေးကြေးရေးအခက်အခဲနဲ့ ရုံးကန်နေရသူ တစ်ဦးပါ)။

Lamarr နှင့် Antheil တို့၏ မူပိုင်ခွင့်မှတ်တမ်း

ဒါပေမယ့် ကံမကောင်းစွာပဲ ရေတပ်ဟာ ဘာကြောင့်မှန်းမသိ ဒီဆက်သွယ်ရေးစံနစ်ကို အသုံးချ စမ်းသပ်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့ပါတော့တယ်၊နည်းပညာ ဆန်းစစ်သူတွေဟာ ဒီ paper roll ဟာ တကယ်ခံနိုင်ရည်ရှိမရှိ၊ paper ကှိုဆွဲတဲ့မော်တာတွေဟာ တိတိကျကျ လည်ပါတ်နိုင်၊ မနိုင် တကယ်စက်ပစ္စည်းမှာ တပ်ဆင်လို့ရအောင် လုပ်နိုင်၊မလုပ်နိုင် စတဲ့မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ပါတယ်၊ အချူပ်ပြောရရင် ဒီစံစနစ်ဟာ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ တကြိမ်တစ်ခါမှ အသုံးချခြင်းမခံရပဲ ချောင်ထိုးထားခံခဲ့ရပါတယ်။

စစ်ကြီးပြီးသွားပြီးနောက်အတော်ကြာထိလဲ သူတို့ရဲ့တီထွင်မှုကို မထုတ်ဖေါ်နိုင်ခဲ့ပါဖူး၊ Antheil ဟာ ၅၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ့နည်းပညာရဲ့ အကျိုးဆက်တွေကို မြင်မသွားရရှာခဲ့ပါဖူး၊ ဒီအချိန်မှာ Electronics Technology ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်းမခံခဲ့ရတဲ့ ဒီနည်းပညာဟာ မေ့လျော့ခြင်းတော့ မခံခဲ့ရပါဘူး၊ ၁၉၅၀ မှာ Sylvania Electronic Systems Division က အင်ဂျင်နီယာတွေဟာ ဒီမူပိုင်ခွင့်က အချက်အလက်တွေကို ပြန်လည်လေ့လာပြီး ပိုဆန်းသစ်ကောင်းမွန်တဲ့ နည်းပညာကို ဖေါ်ထုတ်ခဲ့ပါတယ်၊ မူရင်းစံနစ်က paper roll အစား digital စံနစ်ကို အသုံးပြုခဲ့ပါတယ်၊ ၁၉၆၂ ကျူးဘားအရေးအခင်းမှာ ဒီ Secure Communication System ကို စစ်တပ်လုံခြုံရေးဆက်သွယ်မှုများအတွက် အသုံးပြုခဲ့ပါတယ်။

ဒီအချိန်ကစပြီး CDMA ဟာ စစ်သုံးဆက်သွယ်ရေး စံနစ်တစ်ခု ဖြစ်လာပါတယ်၊ ၁၉၈၀ မှာ US အစိုးရဟာ CDMA ကို ကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီး အများပြည်သူသုံးအတွက် စတင်ခွင့်ပြုခဲ့ပါတယ်၊ ဒီအချိန်ကစပြီး CDMA ဟာ ခေတ်သစ် ဆက်သွယ်ရေးနည်းပညာမှာ ခေတ်တစ်ခေတ်ကို ဖြစ်စေခဲ့ပါတယ်၊  Lamarr ဟာ သူရဲ့တီထွင်မှုဟာ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။

အနှစ် ၇၀ ကြာပြီးနောက် ဒါဟာ ရွှေရောင်ပိတ်ကားပြင်ထက်က စူပါစတားတစ်ဦးနဲ့ ဆန်းသစ်တီထွင်တဲ့ တေးရေးဆရာတစ်ဦးတို့ဟာ ဒီနေ့ ဆက်သွယ်ရေးစံနစ်ရဲ့မျက်နှာစာက နည်းပညာ တစ်ခုကို ဘယ်လိုတီထွင်ခဲ့ကြတယ်ဆိုတဲ့ ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ် ဖြစ်ပါတယ်။

Oak Kar

https://oakkar7.wordpress.com/

Credit:-

“How “The Bad Boy Of Music” And “The Most Beautiful  Girl In The World” Catalyzed A Wireless Revolution–In 1941” By Anna Couey <http://people.seas.harvard.edu/~jones/cscie129/nu_lectures/lecture7/hedy/lemarr.htm> ကိုသင့်တော်သလို ပြန်ဆိုပါသည်။

References:-

http://www.inventions.org/culture/female/lamarr.html

http://en.wikipedia.org/wiki/George_Antheil

http://en.wikipedia.org/wiki/Code_division_multiple_access

http://www.antheil.org/

http://en.wikipedia.org/wiki/Punched_tape

CDMA နည်းပညာမိတ်ဆက် (CDMA Technology Introduction)

မိုဘိုင်းဖုံးတွေကို မြန်မာပြည်မှာ မိတ်ဆက်လာခဲ့တာ ဆယ်စုနှစ် တစ်စုစာတောင် ကျော်ခဲ့ပါပြီ၊ ဒီအထဲမှာ CDMA နည်းပညာဟာ တစ်ခု အပါအဝင်ပါ၊ ဟင်းဖုံးလို့ ဆိုရရင် GSM/CDMA တစ်ခုခု ဖြစ်မယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး၊ မြန်မာနိုင်ငံဟာ CDMA ကို အစောဆုံးမိတ်ဆက်ခဲ့တဲ့ တိုင်းပြည်တွေထဲမှာ ပါပါတယ်၊ CDMA နက်ဝပ်ဟာ တပြည်လုံးဖြန့်ကျက်လာပြီး CDMA450, CDMA800, W-CDMA စတဲ့နည်းပညာတွေ လဲ သုံးစွဲသူတွေအကြားမှာ ရေပန်းစားလာပါတယ်။

CDMA ရဲ့ အရှည်ကတော့ Code Division Multiplexing Access ပါ၊ Multiplexing လုပ်တယ်ဆိုတာကတော့ Communication media တစ်ခုထဲပေါ်မှာ Data Channel အများကို shareလုပ်ခြင်း၊ ပေါင်းထဲ့ခြင်းကို ဆိုလိုတာပါ၊ Radio Communication မှာ ဆက်သွယ်မှုလုပ်မယ်ဆိုရင် အရင်ဆုံး frequency band တစ်ခုနဲ့ Technology တစ်ခုတော့ ရှိရပါတယ်၊ system တစ်ခုရဲ့ performance ဘယ်လောက်ကောင်းသလဲဆိုတာ ဒီ band ကို multiple users တွေမျှဝေသုံးစွဲတဲ့နေရာမှာ ဘယ်လောက် efficient ဖြစ်အောင်သုံးနိုင်လဲဆိုတဲ့ နည်းပညာပေါ် မူတည်ပါတယ်၊ ဒီလို Frequency band တစ်ခုထဲကို user အများကြီးသုံးစွဲနိုင်အောင် လုပ်ပေးတာကို Multiplexing လုပ်တယ်လို့ခေါ်ပါတယ်၊ မျှဝေသုံးစွဲနိုင်အောင် လုပ်ပေးတာက Multiple Access လို့သုံးနှုံးပါတယ်၊ ဥပမာ 40MHz ရေဒီယို bandwidth မှာ သုံးစွဲသူ ၁၀၀ မျှဝေသုံးစွဲနိုင်တာထက် ၂၀၀ သုံးနိုင်တဲ့ နည်းပညာက ပိုပြီးအားသာပါတယ်၊ CDMA ကတော့ Code Division ဆိုတဲ့အတိုင်း သုံးစွဲသူအများစုဟာ တူညီတဲ့ frequency bandwidth တစ်ခုကို မတူညီတဲ့ coding တွေသုံးပြီး မျှဝေသုံးစွဲနိုင်ကြပါတယ်၊ သုံးစွဲသူဖုံးနဲ့ ရေဒီယိုစတေရှင် (Base Station) တို့ဆက်သွယ်ရာမှာ ဒီနည်းပညာကို သုံးတဲ့ဖုံးတွေကို CDMA ဖုံးလို့ လွယ်လွယ်ပဲ သုံးနှုံးခေါ်ဝေါကြပါတယ်။

CDMA နည်းပညာကို hand phone တွေမှာတင် သုံးစွဲတာ မဟုတ်ပါဘူး၊ Satellite, GPS စတဲ့ဆက်သွယ်ရေးစံနစ်တွေတင်မက စစ်သုံး ဆက်သွယ်ရေးစံနစ်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

(CDMA နည်းပညာနဲ့ပါတ်သက်လို့ အကြမ်းဖျင်း ရေးဖို့စဉ်းစားပါတယ်၊ အခက်အခဲကတော့ ဒီနည်းပညာရဲ့ နောက်ခံ သမိုင်းကြောင်း အသုံးချပုံ အားသာချက် စတာတွေကို လူတိုင်းနားလည်အောင် ရေးသားဖို့ တချို့အကြောင်းအရာတွေမှာ မလွယ်လှတာပါပဲ)

GSM Encryption was cracked

(နောက် ပို့စ်တွေမှာ GSM နဲ့ပါတ်သက်ပြီး ရေးဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် အရင်လတွေက သတင်းတစ်ပုဒ်ကို စိတ်ဝင်စားမိလို့ ဒီကြားဖြတ် article ကို ရေးဖြစ်ပါတယ်။)
ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ် ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊ ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့ သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher) လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက် ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့ ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင် ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့် researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999 မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့ အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့ Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51 ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့ အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊ research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000 အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး 128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊ ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊ Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့ ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010 နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊ GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။

Oak Kar

https://oakkar7.wordpress.com/

Source and References:-

GSM Cracked

http://www.engadget.com/2009/12/29/gsm-call-encryption-code-cracked-published-for-the-whole-world/

http://www.engadget.com/2010/01/15/3g-gsm-encryption-cracked-in-less-than-two-hours/

http://reflextor.com/trac/a51

http://en.wikipedia.org/wiki/A5/1