FTTH Conclusion

FTTH နဲ့ နီးစပ်ရာ Fiber technology တွေကို လူတိုင်းနားလည်နိုင်အောင် မိတ်ဆက်အနေနဲ့ ရေးခဲ့ပြီးပါပြီ၊
ဒီလောက်နဲ့ပဲ ဒီ FTTH မိတ်ဆက်ကို နိဂုံးချူပ်ပါရစေ၊ အလျင်းသင့်ရင် Fiber အကြောင်း Engineering/Technology detailed အတွက် ထပ်မံရေးသားပါဦးမယ်။
အောက်မှာ ဒီစာစုအတွက် ကိုးကားခဲ့တဲ့ web/paper/articles တွေကို ပြထားပါတယ်၊ အလျင်းသင့်သလိုထုတ်နှုတ် ရေးသားထာ ဖြစ်တဲ့အတွက် တစ်ခုခြင်း reference မလုပ်တော့ပါ။


Fiber Technology in Myanmar

မြန်မာနိုင်ငံမှာ 2000 နောက်ပိုင်း Fiber backbone တွေ အနှံ့အပြားဖြန်ကျက်ခဲ့ပါတယ်၊  မြို့ကြီးတော်တော်များများ မှာ  Fiber backbone တွေရှိနေပါပြီ၊ ရှိတဲ့ အဓိကနည်းပညာကတော့ SONET/SDH ကိုသုံးပါတယ်၊ ဒါဟာ TDM ကို အခြေခံတဲ့ နည်းပညာပါ။ SDH မှာ အခြေခံအကျဆုံး backbone speed ကတော့ STM-1 ဖြစ်ပြီး 155Mbps အမြန်နှုံးရှိပါတယ်၊ Main backbone တွေမှာ STM-4 (622Mbps), STM-16(2.4Gbps), STM-64(10Gbps) တွေ ဖြစ်ပါတယ်။ ဒီ optical link တွေရဲ့ အခြေခံအကျဆုံး interface ကတော့ T1 နဲ့ E1 ဖြစ်ပါတယ်၊ T1 link တစ်ခုဟာ 1.544Mbps အမြန်နှုံးရှိပါတယ်၊ T-1 ဟာ Bell Labs ကနေ T-Carrier ဆိုတဲ့ standard ကနေဆင်းသက်လာပြီး T1 လိုင်းတွေကို North America, Japan နဲ့ Korea စတဲ့တိုင်းပြည်တွေမှာ အသုံးများပါတယ်။ E1 ကတော့ European Conference of Postal and Telecommunications Administrations (CEPT) ရဲ့ E-Carrier standard ကနေ ITU-T ရဲ့ standard တစ်ခုဖြစ်လာပြီး worldwide အသုံးများပါတယ်၊ E1 လိုင်းတစ်ခုဟာ 2.048Mbps အမြန်နှုံးရှိပါတယ်၊ (မြန်မာနိုင်ငံမှာ E1 ကို standard interface အနေနဲ့သုံးပါတယ်)၊ တကယ်တန်း T1/E1, STM-1 ဆိုတာတွေက Multiplexing Technology Term တွေပါ၊ STM-1 link တစ်ခုဟာ E1 လိုင်း 63 လိုင်း ကိုပေါင်းယူ (multiplexing) လုပ်ထားတာပါပဲ၊ 2.048Mbps speed, E1 63 လိုင်းကို main data channel တစ်ခုထဲဖြစ်အာင် Synchronous Multiplexing လုပ်လိုက်တဲ့အခါ (2.048Mbps x 63)+ Frame Overhead Byets = 155Mbps ဖြစ်လာပါတယ်။ATM ဟာ နိုင်ငံတကာမှာ အသုံးများတဲ့ နည်းပညာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ IP Backbone နဲ့ Infrastructure အရင်က နဲပါးခဲ့တာတာကြောင့် အသုံးမရှိသလောက်နဲပါတယ်။
SONET/SDH ဟာ လက်ရှိအချိန်ထိတော့ WAN အဆင့်မှာ အကောင်းဆုံးဖြစ်နေသေးတဲ့ နည်းပညာပါ၊ မြို့ကြီးတွေမှာ Fiber Network တွေဖြစ်လာဖို့ Metro-Fiber Mesh Network တွေဖြစ်လာဖို့တော့ လိုနေပါဦးမယ်၊ ကျွန်တော့် အမြင်တော့ fully FTTH ကိုသွားတာနဲ့စာရင် MAN အဆင့် customer access network တွေမှာ FTTH PON နဲ့ xDSL စတာတွေ ပေါင်းပြီး FTTC, FTTN, FTTP အဖြစ် စတင်သုံးနိုင်ခဲ့ရင် အကောင်းဆုံးဖြစ်မှာပါ၊ နောက်ပိုင်း Hybrid Fiber network ကနေ full FTTH အဆင့်တိုးမြှင့်ဖို့ လိုလာခဲ့ရင်လဲ အဆင်ပြေပြေ migrate လုပ်နိုင်ပါလိမ့်မယ်။ သတင်းတွေမှာတော့ ဒီနှစ်ပိုင်း အတွင်း ရန်ကုန်၊ မန္တလေးနဲ့ ရတနာပုံ မှာ FTTH ဆားဗစ်တွေပေးမယ်လို့ ပါရှိပါတယ်။ တကယ်ကျယ်ကျယ်ပြန့်ပြန့်ရလာခဲ့ရင် သုံးစွဲသူတွေအနေနဲ့ Speed/Reliability/Cost သုံးခုလုံး balance ဖြစ်မဲ့နည်းပညာ ဖြစ်လာဦးမှာ မလွဲပါပဲ။

FTTH Worldwide

IDATE ဆိုတဲ့ အဖွဲ့အစည်း တစ်ခုက လုပ်ခဲ့တဲ့ survey တစ်ခုက worldwide, FTTH status ပါ၊  Survey ရဲ့ အချက်တွေကတော့ စုစုပေါင်း FTTx user အရေအတွက်ဟာ 54 million ရှိနေပါပြီ၊ ပြီးခဲ့တဲ့ ၆လ အတွင်း FTTx user တိုးတက်နှုံးဟာ 17% ရှိခဲ့ပါတယ်၊ စိတ်ဝင်စားစရာ နောက်တစ်ချက်က FTTx သုံးစွဲသူတွေရဲ့ 80% လောက်ဟာ Asia ကဖြစ်နေပါတယ်၊ (အဓိကကတော့ Japan, Korea, china) ပါ၊ Singapore ကတော့ အိမ်တိုင်းကို ၂၀၁၂ မှာ 1Gbps access link ရအောင်ဆောင်ရွက်မယ်လို့ ဆိုနေပါတယ်။

၂၀၀၉ ဇွန်လက data ပါ။ နောက်ပိုင်း update တွေ့ရင် ထပ်တင်ပါ့မယ်။

Source: idate.org & FTTH Council

FTTH Limmitations

နည်းပညာတိုင်းမှာ ကောင်းကွက်ရှိရင် အားနည်းချက်လဲ မလွှဲမသွေ ရှိပါတယ်။

Overall Cost – System တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကို တွက်ရင် မလွှဲမသွေ ကျန်တဲ့ နည်းပညာတွေထက် ပိုနေပါတယ်၊ အမြန်နှုံးအနေနဲ့ ပြောစရာမလိုပေမယ့် ဖိုင်ဘာဟာ ကျန်တဲ့ ADSL, Cable Modem တွေလောက် ဈေးမသက်သာနိုင်ပါဘူး၊ ခန့်မှန်းချက်တွေအရ နောက်ပိုင်းလဲ သက်သာဖို့တော်တော် ခဲယဉ်းပါဦးမယ်။

Field Technicians Requirement – ဖိုင်ဘာကေဘယ်တွေကို ကိုင်တွယ်တပ်ဆင်ရာမှာ ကျွန်းကျင်တဲ့ လက်မှတ်ရ Certified Fiber Technician တွေလိုအပ်ပါတယ်၊ လက်ရှိအခြေအနေအရ ကျွမ်းကျင်အဆင့် professional အရေအတွက်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် နဲပါးနေပါသေးတယ်၊ (အရင်က Fiber cable Guys, Fiber Professional တွေဟာ ISP တွေမှာ အရေအတွက်နည်းနည်းစီပဲ ရှိပါတယ်၊ Backbone link အနည်းငယ်လောက်ကိုပဲ ကိုင်တွယ်ရတာမို့လဲ အများကြီးမလိုပါဘူး၊ နောက်တစ်ခုက ဒီ Fiber Certification Cost တွေဟာ တော်တော်ကြီးကို ဈေးကြီးပေးပြီး တက်ရတာပါ၊) လာမဲ့နှစ်အနည်းငယ်အတွင်း FTTH သာ booming ဖြစ်လာခဲ့ရင် ကျွမ်းကျင်သူ အများအပြား လိုလာမယ်လို့ ဆိုပါတယ်။

Mobility – သေချာထာကတော့ Fixed line technology ဟာ mobility မရနိုင်ပါဘူး၊ 3G/4G ကို ပိုပြီး crazy ဖြစ်ကြသူတွေလဲ ရှိပါတယ်၊ သွားရင်လာရင်း high speed data access ရချင်တာမျိုးဆိုရင်တော့ FTTH ကရွေးချယ်စရာဖြစ်မှာ မဟုတ်ပါဘူး။

Security – လုံခြုံရေးနဲ့ ပါတ်သက်လို့ ကျွမ်းကျင်သူတွေဟာ FTTH ကို သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတုံးပါပဲ၊ Eavesdropping, Tapping ရှနိုင်မလားဆိုတာကို သေချာသိချင်နေကြပါတယ်၊ FTTH ဟာ AES Encryption ကို Support လုပ်ပါတယ်၊ လက်ရှိအရတော့ ဒါဟာ တော်တော်ကြီး ကို လုံခြုံတယ်လို့ ပြောလို့ရနေသေးတဲ့ data security နည်းပညာပါ။

FTTH and Other Cable Technology

Fiber ကို ယှဉ်ပြိုင်နိုင်မဲ့ cable technology တွေကိုကြည့်ရင် VDSL (Very High Speed Digital Subscriber Line) နဲ့ Cable Modem နဲ့ပဲ ရှိပါတယ်၊ အမြန်နှုံးအနေနဲ့ကတော့ Fiber ဟာ လက်ရှိ communication နည်းပညာတွေထဲမှာတော့ အမြင့်ဆုံးပါပဲ၊ ကုန်ကျစရိတ် အနေနဲ့လဲ အကြီးဆုံးပါပဲ၊ ဒါပေမယ့် စဉ်းစားစရာတစ်ချက်ကတော့ Bandwidth/Price အချိုးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Fiber ဟာ တခြားနည်းပညာတွေထက် သက်သာပါတယ်၊ ဥပမာ 1kbps အတွက် ကုန်ကျမယ် price ကိုတွက်ကြည့်ရင် Fiber ဟာ အသက်သာဆုံး ဖြစ်ပါတယ်၊ နောက်စိတ်ဝင်စားစရာက Access Network လို့ခေါ်တဲ့ customers တွေ ချိတ်ဆက်တဲ့နည်းပညာသုံးနက်ဝပ်တွေမှာ Overall System price ကိုတွက်ကြည့်ရင်လဲ Fiber Network တွေက အသက်သာဆုံးဖြစ်နေပါတယ်၊  နောက်ဆုံးတစ်ချက်က system maintenance price မှာလဲ Fiber Network တွေက အသက်သာဆုံးပါပဲ၊ ဒါပေမယ့် သုံးစွဲသူ အနည်းငယ်သာ ရှိတဲ့ နက်ဝပ်မျိုးနဲ့ Access speed, bandwidth နည်းနည်းပဲလိုတဲ့ နေရာမျိုးမှာ FTTH ဟာ မသင့်တော်ပါဘူး၊ ကနဦးတပ်ဆင်ခ ကြီးသလို တပ်ဆင်ရာမှာလဲ WAN, MAN အဆင့်မျိုးမှာသာ သင့်တော်ပါမယ်။(တနည်းအားဖြင့် ပေးရတာနဲ့ တန်အောင်သုံးနိုင်မှသာ ကိုက်ပါမယ်၊ တရက် ၁၅မိနစ်လောက် email စစ်ဖို့အတွက်တော့ FTTH လိုမှာမဟုတ်ပါဘူး၊ ကျောင်းတွေ တက္ကသိုလ်တွေမှာတပ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။)

Technology

Max

Bandwidth

Media

CO line Distance

Cost

Maintenance

Requirement

Setup/ installation

FTTx

1G/10Gbps

Dedicated

20 km

High

low

Expert

Level

VDSL

250Mbps

Dedicated

1 km

Low

Medium

Technician/

Self Install

Cable Modem

160Mbps

Shared

10 km

Medium

Medium

Technician/

Self Install

Technology

Max

Bandwidth

Media

CO line Distance

Cost

Maintenance

Requirement

Setup/ installation

FTTx

1G/10Gbps

Dedicated

20 km

High

low

Expert

Level

VDSL

250Mbps

Dedicated

1 km

Low

Medium

Technician/

Self Install

Cable Modem

160Mbps

Shared

10 km

Medium

Medium

Technician/

Self Install

Hybrid FTTH Network

FTTH ကို development လုပ်ရာမှာ သီးခြား system design လုပ်တာနဲ့စာရင် Hybrid Network အနေနဲ့ တည်ဆောက်တာက ပိုပြီးသင့်တော်ပါတယ်၊ Service network infrastructure တွေတိုင်းမှာ copper, twisted telephone cable, coaxial cable, fiber စသည်ဖြင့် ရှိကြပါတယ်၊ သုံးစွဲသူတိုင်းအတွက် သင့်တော်တဲ့ speed/plan ရနိုင်အောင် FTTH ကို xDSL, Cable Modem, home PNA, Ethernet စသည့် နည်းပညာများဖြင့် ပေါင်းစပ်ပြီး FTTH, FTTC, FTTP အားလုံးရောစပ်ပြီးတည်ဆောက်လာကြပါတယ်၊ FTTH ကိုပဲ Uplink အနေနဲ့သုံးပြီး campus တစ်ခုအတွင်းမှာ Ethernet LAN, VDSL စည်တို့ဖြင့် share လုပ်သုံးစွဲတာမျိုးလဲ ရှိပါတယ်။

FTTH - Hybrid Network

PON Standards

FTTH Council Logo

FTTH system တွေကို standard, rule, regulation တွေထိမ်းသိမ်းညှိနှိုင်းတာ၊ အဖွဲ့အစည်းတွေကို စုစည်းတာ တွေကို FTTH Coulcil (http://www.ftthcouncil.org/) ကနေ ဆောင်ရွက်ပါတယ်၊ FTTH Council ဟာ Fiber technology developper, supplier, service provider, manufacturer တွေစုစည်းထားတဲ့ Non-profits Organization တစ်ခုပါပဲ။

ITU Logo

TU (International Telecom Union) ဟာ ဆက်သွယ်ရေးနဲ့ ပါတ်သက်တဲ့ standards တွေကို ချမှတ်ရာမှာ အလွန်သြဇာ ကြီးပါတယ်၊ ITU-T Recommendation လို့ခေါ်တဲ့ Standard sets တွေဟာ A ကနေ Z အထိ ရှိပါတယ်၊ ဆက်သွယ်ရေး နည်းပညာတွေ ကို သူ့ အုပ်စုနဲ့သူ ခွဲထားတာပါ၊ ဥပမာ Transmission systems and media, digital systems and networks နဲ့ပါတ်သက်တာတွေဟာ G နဲ့ စပါတယ်၊ G.992, G.989  စသည်ဖြင့်ပါ။

IEEE Logo

“I Tripple E” လို့သိကြတဲ့ IEEE (Institute of Electrical and Electronics Engineers) အဖွဲ့ကြီးရဲ့ အခွဲတစ်ခုဖြစ်တဲ့ Institute of Electrical and Electronics Engineers Standards Association (IEEE-SA) ကလဲ communications, industry, power စတဲ့ နယ်ပယ်တွေမှာ Standard တွေကို ကိုင်တွယ်ကြီးကြပ်ပါတယ်၊ ဒီ Standard တွေကို IEEE Standard လို့ လူသိများပါတယ်၊ ဥပမာ နက်ဝပ်မှာ အလွန်အသုံးများတဲ့ Ethernet ဟာ IEEE 802.3 standard ဖြစ်ပြီး Wireless networking technology တစ်ခုဖြစ်တဲ့ WiFi ကတော့ IEEE 802.11 standard ဖြစ်ပါတယ်။

ပြသာနာက Standardization အဖွဲ့က နှစ်ခု ဖြစ်နေတဲ့အခါ နည်းပညာတစ်ခု ပေါ်လာတိုင်း Standard set တွေဟာ နှစ်ခုစီဖြစ်နေပါတယ်၊ (ITU ဟာ telecommunications နဲ့ပါတ်သက်တဲ့ standard တွေမှာ သြဇာကြီးပြီး IEEE ကတော့ IT/Networking technology တွေမှာ ပိုပြီး သက်ရောက်တယ်လို့ ထင်ပါတယ်) အခြား သူ့အုပ်စုနဲ့သူ သတ်မှတ်ကြတဲ့ standard တွေဟာလဲ မနဲပါဘူး၊ တချို့ standard တွေက compatible ဖြစ်ပေမယ် တချို့ဟာတွေက မတူပါဘူး၊ တချိုကဟာတွေက လုံးလုံးမှ မတူပါဘူး၊( တချိုကနေရာတွေမှာ သေချာ မတူအောင် လုပ်ထားတယ်လို့တောင် ထင်မိပါတယ်) Service provider, developer, professional တွေအတွက်တောင် တော်တော်ကြီး Confused ဖြစ်ရပါတယ်။
FTTH မှာလဲ စကထဲက Standard နှစ်ခု ဖြစ်နေပါတယ်။ အဓိကကျတဲ့ PON standard တွေကို ရေးပါမယ်။

1. APON (TDM PON)
အရင်တုံးက telecommunication infrastructure တွေရဲ့ အဓိက Fiber backbones တွေဟာ SONET (Synchronous Optical Network)/SDH (Synchronous Digital Hierarchy), ဒါမှမဟုတ် ATM (Asynchronous Transfer Mode) backbone တွေပဲများပါတယ်၊ SONET/SDH ဟာ TDM (Time Division Multiplexing) ကိုသုံးပါတယ်၊ SDH မှာ အခြေခံအကျဆုံး STM-1 လို့ခေါ်တဲ့ backbone link တစ်ခုဟာ 155Mbps သယ်ဆောင်နိုင်ပြီး STM-4 link တစ်ခုကတော့ 622Mbps data rate နဲ့ သွားနိုင်ပါတယ်၊ ဒါကြောင့်လဲ အစောပိုင်းက FTTH တွေဟာ ဒီTDM link တွေကို အခြေခံပါတယ်၊ ဒီနည်းပညာကို APON(ATM PON), ဒါမှမဟုတ် TDM PON လို့ သိကြပါတယ်၊ SDH/ATM ကို အခြေခံတဲ့ အတွက် ရနိုင်မယ့် speed ဟာလဲ 155/622 Mbps သာရနိုင်ပါတယ်။

2. BPON (Broadband PON)
ITU-T standard, G.983 ဖြစ်တဲ့ ဒီ PON ဟာ အပေါ်က APON ကိုပဲ WDM နဲ့ ပေါင်းစပ်ထားတာပါ၊ ATM/SONET, Ethernet သုံးခုလုံးကို support လုပ်ပါတယ်၊ ဒါပေမယ့် data rate ကတော့ FTTH ရဲ့ standard rate လို့ပြောကြတဲ့ 1 Gbps speed ကို မရောက်သေးပါဘူး။

3. GEPON (Ethernet PON)
Ethernet PON လို့ခေါ်ကြတဲ့ ဒီနည်းပညာကတော့ ပထမဆုံး Ethernet technology ကို အခြေခံတဲ့ နည်းပညာဖြစ်ပါတယ်၊ IEEE ရဲ့ standard ဖြစ်ပြီး 802.3ah ဟာ 1Gbps speed ကို support လုပ်ပြီး 2006 မှာထပ်ပြီး ဖြည့်တဲ့ 802.3av standard ကတော့ 10Gbps speed ကို support ပေးနိုင်ပါတယ်။

4. GPON (Gigabit PON)
IEEE ကနေ 1/10 Gbps speed standard တွေကို လုပ်တဲ့အခါ ITU ကနေ 1/10 Gbps ကို support ပေးမယ့် ITU-T G.984 standard ကို ထပ်ပြီး ထုတ်ပြန်ပါတယ်၊ ထူးခြားတာက Mixed mode protocol, SONET/ATM/Ethernet သုံးခုလုံးကို support ပေးနိုင်တာပါ၊ အရင် ရှိပြီးသား SONET/ATM network တွေကနေ migrate လုပ်ချင်သူတွေအတွက်လဲ မျက်စိကျချင်စရာပါပဲ။

FTTH System Devices and Equipments

FTTH system တစ်ခုမှာ အဓိက equipments ၃ ပိုင်းရှိပါတယ်၊ ISP/Exchange ဖက်မှာထားမဲ့ OLT(Optical Line Terminal), ကြားထဲက Cabinet,Curb,Premise Point မှာထားရမဲ့ Splitter/Eth-Switch တွေနဲ့ customers နေရာမှာ တပ်ဆင်ရမယ့် ONT/ONU (Optical Network Terminal/Unit) ဖြစ်ပါတယ်။

FTTH System, Main Equipments

OLT တွေမှာ  WDM Coupler, Internet Access , Voice Gateway, VoIP Soft-switch Interface, Video Access စတဲ့ ဖန်ရှင်တွေပါရှိပါတယ်။

Optical Line Terminal Device

ပုံမှာ 1/32 Splitter တစ်ခုကို ဖေါ်ပြထားပါတယ်၊ အောက်ကတော့ Splitter တွေတပ်ဆင်တဲ့ Outdoor Cabinet တစ်ခုပါ။

1/32 PON Splitter
FTTH PON Splitter Cabinet

ONT/U မှာ Indoor CPE နဲ့ Outdoor CPE နှစ်မျိုးရှိပါတယ်၊ CPE ဆိုတာကတော့ Customer Premise Equipment ပါ၊ တနည်းအားဖြင့် Customer က responsibility ရှိတဲ့ သုံးစွဲသူနေရာမှာ ထားတဲ့ equipment ကိုခေါ်ပါတယ်၊ အပေါ်ပုံက Indoor type OLT ပါ၊ နောက်တစ်ပုံကတော့ Outdoor OLT ပါ၊ Outdoor မှာ အပြင် enclosure, ဘက်ကပ်ပါဝါအတွက် Battery, Eth/Gigabit Eth port, Telephone ports တွေပါဝင်တာ တွေ့ရမှာပါ။

Optical Network Terminal (Indoor CPE)
Optical Network Terminal (Outdoor CPE)

PON Splitter Basic

Optical Splitters တွေရဲ့ လုပ်ဆောင်ချက်ကတော့ Fiber 1 core ကို အနည်းဆုံး 4 cores ကနေ 128 cores ထိအောင် ခွဲထုတ် အသုံးပြူနိုင်ပါတယ်၊ သူ့ရဲ့အခြေခံကလဲ အရှုတ်ထွေးကြီး မဟုတ်ပါဘူး၊ Fused Biconic Taper Optical splitter တစ်ခုကို နမူနာပြထားပါတယ်၊ FBT ဆိုတာကတော့ Optical Fiber နှစ်ပင်ကို ပူးကပ် (Fusion) လိုက်တာပါပဲ။ ပူး တဲ့နေရာမှာ wavelength အလိုက် အချိုးကျတွက်ချက်ပြီး ဘယ်နှစ်ပင်ပွားယူမယ်ဆိုတာကို (Splitting ratio) အရ တွက်ချက်ယူနိုင်ပါတယ်၊ Optical splitter တွေဟာ ရိုးရှင်းယုံသာမက အရွယ်အစားသေးငယ်ပြီး တပ်ဆင်ရတာလဲ လွယ်ကူပါတယ်၊ ပုံမှာ splitter နဲ့ outdoor မှာ တပ်ဆင်ထားပုံကို ပြထားပါတယ်၊ အခြား splitting နည်းပညာတွေလဲ ရှိပါသေးတယ်၊ PLC (Planar Lightwave Circuit) ဆိုတာကတော့ ဒီ Optical Splitter တွေကို semiconductor နည်းပညာနဲ့ ဖန်တီးထားတာပါပဲ၊ Micron အဆင့်ထိ သေးငယ်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထုတ်လုပ်ရာမှာ semiconductor နည်းပညာဟာ အောင်မြင်ပြီးသားပါ၊ PLC ဆိုတာကတော့ semiconductor wafer တွေကြားထဲမှာ သေးငယ်တဲ့ optical fusion tapper လေးတွေကို တည်ဆောက်ထားတဲ့ splitter တွေပါပဲ။
PON Splitter တွေမှာ Splitting ratio များလာတာနဲ့ အတူ losses ကလဲ များလာပါတယ်၊ ဒါကြောငိ့ သုံးနိုင်တဲ့ maximum distance ဟာ 20km ပဲရနိုင်ပါတယ်၊ ဒါပေမယ့် 20km ဆိုတာဟာ ဒီနေ့ Metropolitan Network တွေမှာ လုံလောက်တဲ့ အကွာအဝေးပါ၊ ဒါကြောင့်လဲ PON FTTH ဟာ ဒီနေ့ service provider တွေရဲ့ အသုံးအများဆုံး နည်းပညာ တစ်ခုဖြစ်လာပါတယ်။

င်္Fused Biconic Taper အခြေခံ

WDM Coupler and Optical Filter Basic

WDM concept ဟာ 1970, ဖိုင်ဘာနည်းပညာနဲ့ မရှေးမနှောင်းမှာပဲ ပေါ်လာခဲ့ပါတယ်၊ WDM Coupler နဲ့ Optical Filter တွေဟာ Fiber Communication ရဲ့အသက်လို့တောင်ပြောလို့ရပါတယ်၊ ပုံမှန် Fiber Single core ကို အနည်းဆုံး Signal paths, ၃ ခုကနေ ၁၆ ခုထိအောင်တောင် ပေါင်းပေးနိုင်ပါတယ်၊ Signal carrier များလာရင် ရမယ့် Bandwidth ဟာလဲ အချိုးညီ တိုးလာပါတယ်၊ ဒါဟာလဲ ဈေးနှုံးကြီးမြင့်လှတဲ့ Fiber cable တွေကို အကျိုးရှိရှိ အသုံးချနိုင်မယ့် အားသာချက်ပါပဲ၊ ပုံမှန် DWM တွေဟာ Signal Carrier path ၁၆ ခုထိအောင် ပေါင်းပေးနိုင်ပြီးတော့ DWDM လို့ခေါ်တဲ့ Dense WDM ကတော့ ချယ်နယ်စပေ့ကို ပိုကပ်အောင်လုပ်ထားပြီး ၁၆၀ signal paths ထိအောင် ပေါင်းပေးနိုင်ပါတယ်။ FTTH မှာ WDM ကိုပဲ အသုံးများပါတယ်၊ DWDM ကို သုံးထားတဲ့ FTTH system design တွေရှိပေမယ့်လဲ standard ဖြစ်မလာသေးသလို ကုန်ကျစရိတ်ကလဲ ရိုးရိုး WDM ထက်ကြီးပါတယ်၊ တကယ်လို့များ DWDM+FTTH သာ ဒီထက်အောင်မြင်ပြီး reliable ဖြစ်လာခဲ့ရင် Land line cable communication မှာ FTTH ရဲ့ တစ်ခေတ် အသေအချာကြီးကို ဖြစ်လာပါလိမ့်မယ်။

WDM Coupler တွေအလုပ်လုပ်ပုံက သိပ်အရှုပ်အထွေးကြီး မဟုတ်ပါဘူး၊ အလင်းတန်းတစ်ခုဟာ ဖန်သားပြင်တစ်ခုကို ရိုက်ခတ်တဲ့အခါ ရောင်စဉ်တွေရဲ့ အလင်းပြန်မှုဟာ လှိုင်းအလျား(wavelength) ပေါ်မူတည်ပြီး ရိုက်ထောင့် (Reflected Angle) မတူပါဘူး၊ အဖြူရောင်အလင်းတန်း သုံးမြှောင့်ဖန်တုံးကို ဖြတ်သွားတဲ့အခါ ရောင်စဉ်တွေကွဲထွက်သွားတာ သိကြပြီးသားပါ၊ WDM Coupler မှာလဲဒီသဘောတရား အတိုင်းပါပဲ၊ Bulk Diffraction Grating Coupler တစ်ခုမှာ wavelength မတူတဲ့ laser rays တွေဟာ reflected diffraction grating plane တစ်ခုကို မှန်ကန်တိကျတဲ့ ရိုက်ထောင့်တွေကနေ သွင်းလိုက်တဲ့အခါ spectrum တစ်ခုထဲအဖြစ် ပေါင်းသွားပါတယ်၊ တခြား Optical Coupler နည်းပညာတွေလဲ ရှိပါသေးတယ်။ နမူနာအနေနဲ့ Bulk Diffraction Grating Coupler တစ်ခုကို ဖေါ်ပြထားပါတယ်။

Bulk Diffraction Grating Coupler အခြေခံ

Optical Filter တွေအလုပ်လုပ်ပုံက ရေဒီယိုလှိုင်း filter တွေအလုပ်လုပ်ပုံနဲ့ တသဘောထဲပါပဲ၊ ရေဒီယို Filter တွေဟာ frequency တွေအများကြီးထဲက လိုချင်တဲ့ frequency တစ်မျိုးထဲကိုသာ ရွေးစစ်ထုတ်နိုင်ပါတယ်၊ Optical Filter တွေကလဲ ပေါင်းစပ်ထားတဲ့ multi wavelength Laser spectrum ထဲကနေ လိုချင်တဲ့ wavelength ကို ရွေးစစ်ထုတ်နိုင်ပါတယ်၊ TFF(Thin Film Filter) တွေဟာ optical communication မှာ main component တွေပါပဲ၊  ဒီ TFF တွေကို optical နဲ့ Semiconductor နည်းပညာ ပေါင်းစပ်ပြီးပြုလုပ်ထားတာ ဖြစ်ပါတယ်၊ TFF တွေရဲ့ အခြေခံကတော့ အလင်းလှိုင်းတစ်ခုဟာ မတူတဲ့ media နှစ်ခုကို ဖြတ်သွားတဲ့အခါ အလင်းယိုင်သွားတာကို သိကြမှာပါ၊ ဒီလို အလင်းယိုင်တာကို ဖေါ်ပြတဲ့ ညွှန်းကိန်းကို အလင်းယိုင်ကိန်း(Reflected index) လို့ခေါ်ပါတယ်၊ Optical ray တွေရဲ့ reflected index ဟာ wavelength အပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု မတူကြပါဘူး၊ ဒီလို အလင်းတန်းတစ်ခုဟာ မီဒီယာ တစ်ခုကို ဖြတ်တဲ့အခါမှာ သူရဲ့ အလင်းပြန်မဲ့ direction ဟာ သူ့ရဲ့ Reflected index ထက်ကြီးနေမယ်ဆိုရင် အလင်းဟာ ဒီမီဒီယာကို မဖြတ်နိုင်တော့ပါဘူး၊ ဒီအချက်ကို အခြေခံပြီး TFF တွေဟာ လိုချင်တဲ့ wavelength ကိုသာ ဖြတ်သွားအောင် ဒီဇိုင်းပြုလုပ်ကြပါတယ်၊ TFF ဟာ လိုချင်တဲ့ wavelength ကိုအသေပဲ စစ်ထုတ်နိုင်ပါတယ်၊ တနည်းအားဖြင့် ချိန်ညိလို့ မရပါဘူး၊ တခြား optical filter နည်းပညာတွေလဲ ရှိပါသေးတယ်၊ တချို့ technology တွေဟာ လိုအပ်တဲ့ wavelength ကို ကြိုက်သလို ချိန်ညှိ(Tunable) လုပ်နိုင်သလို တချို့ဟာတွေက ကြိုက်သလို ပေါင်းနိုင်ခွဲထုတ်နိုင် (Add-drop) စေပါတယ်။

Thin Film Filter အခြေခံ