FTTH (Fiber To The Home) Technology မိတ်ဆက်

2009 ကုန်ခါနီးမှာ FTTH ဆိုတဲ့ ဆားဗစ်ကို မြို့ကြီးတွေမှာ ရတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်၊ ဒါဘာလဲ ဘာတွေထူးခြားမှာလဲ တကယ်ရောဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ တပါထဲပါလာပြန်ပါတယ်၊ ဒါကြောင့် FTTH မိတ်ဆက်ကို ရေးဖြစ်ပါတယ်၊ တော်တော်များများကတော့ သိကြပြီးသားပါ၊ FTTH (Fiber To The Home) ဆိုတဲ့အတိုင်း အိမ်အရောက် ဖိုက်ဘာကေဘယ်နဲ့ ဆွဲမှာဆိုတာကိုပါ၊ အိတ်ချိန်းကနေ ISP ကနေ အိမ်ထိဖိုက်ဘာကေဘယ်ဆွဲမှာဆိုတော့ အရမ်းဈေးကြီးမှာပေါ့ လူတိုင်းရော ရနိုင်ပါ့မလား အဲလောက်ကြီးရော အသုံးလိုမှာလား ဘာတွေသုံးမှာလဲ စတာတွေလဲ မေးကြပြန်ပါတယ်၊ မှန်ပါတယ် ဖိုက်ဘာဆိုတာ ဆက်သွယ်ရေးလောကမှာ အရင်ကတော့ တော်တော်ကြီးကို ကုန်ကျစရိတ်ကြီးတဲ့ communication technology တစ်ခုပါ၊ Backbone တွေ အရေးကြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ မှာပဲသုံးလေ့ရှိပါတယ်၊ ဒီနေ့ခေတ်တိုင်အောင်လဲ အတန်အသင့် ကုန်ကျစရိတ်ကြီးနေဆဲပါပဲ၊ ဒါဖြင့်ရင် ဘာကြောင့် ဒီနည်းပညာ ပေါ်လာရသလဲ၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကုန်ကျစရိတ် လိုက်လျောညီထွေ ဖြစ်အောင် နည်းပညာကို မွမ်းမံပြောင်းလဲခဲ့လို့ပါပဲ။

8 thoughts on “FTTH (Fiber To The Home) Technology မိတ်ဆက်

  1. ကိုဥက္ကာ ရေ အမြဲ လာ ရောက်ဖတ်ရှုအားပေးနေပါတယ် ၊ တကယ်ကို အထောက်အကူ ဖြစ်စေတဲ့စာတွေပါပဲ။
    ဆက်လက်ရေးရန် တိုက်တွန်းအပ်ပါတယ်
    ကျွန်တော့်ရဲ့ မာလတိဆိုက်မှာ ခွင့်ပြုရင် တင်ချင်ပါတယ် ကော်ပီကူးပြီး၊ ကူးတဲ့ နေရာကိုလဲ မပျက်မကွက်ဖော်ပြပေးပါ့မယ်။
    လေးစားစွာဖြင့်

  2. kohtet

    ကိုဥက္ကာ …… ကျွန်တော်ကခုမှဝင်ရောက်ဖတ်ရှုသူပါ..ကျွန်တော့်အတွက်အများကြီးအထောက်အကူပြုပါတယ်
    ကျွန်တော်က …စာတမ်းတင်ရန်လိုအပ်ပြီး ယခုပညာရပ်ကိုစိတ်ဝင်စားတဲ့သူတစ်ဦးပါ…
    ဒါပေမယ့်…ကျွန်တော့်မှာ သင်တန်းတက်ရောက်လေ့လာရန်အတွက် မဖြစ်နိုင်သေးတဲ့အခြေနေတွေကြောင့် ဝေးကွာနေခဲ့ရပါတယ်
    အဲဒါကြောင့်ခုလို…အခွင့်လမ်းသင့်တဲ့အချိန်လေးမှာဝင်ရောက်ဖတ်ရှုခဲ့ရတဲ့အတွက် အစ်ကို့ကိုကျေးဇူးထာဝရပါအစ်ကို

  3. ဇော်မျိုးအောင်

    အရမ်းကောင်းပါတယ်ဗျာ…လေးစားပါတယ် ကိုဥက္ကာရေ…

Leave a comment